backup og meta

လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း

    ၁။ အိမ်မှာရှိတဲ့အိပ်ရာအပြင် အခြားနေရာအနှံ့အပြား

    အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဇိမ်ကျတာကြောင့် အိပ်ရာပေါ်မှာ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခြား စကားနဲ့ ပြောရရင် လူတိုင်းကတော့ မီးဖို၊ ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာ လိင်ဆက်ဆံခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။ ဒါဟာ အိပ်ရာထဲမှာ လိင်ဆက်ဆံခြင်းဟာ ပျင်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လိင်ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီဝတ်ပြီး သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ အရုပ်တွေ အသုံးပြုခြင်းနဲ့သော်လည်းကောင်း အရာရာကို အရှိန်မြှင့်တင်နိုင်ပါတယ်။

    သင်ဟာ စွန့်စားမှုတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် (သို့) အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အိပ်ရာမဟုတ်တဲ့ အခြားနေရာတွေမှာ လိင်ဆက်ဆံကြည့်ဖို့ မရှက်ပါနဲ့။ လှေကားထစ်တွေပေါ်မှာ (သို့) မီးဖိုကြမ်းပြင်ပေါ်မှာ လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုလေးနက်စေပါတယ်။

    ၂။ သင့်ကိုယ်ခန္ဓါ အကြောင်း

    ကလေးမွေးပြီးရင် စုံတွဲတွေဟာ လိင်ဆက်ဆံဖို့ကို တွန့်သွားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ခန္ဓါဟာ မပိန်တော့ဘူး၊ ဆွဲဆောင်မှု မရှိတော့ဘူး၊ တင်းတင်းရင်းရင်း မရှိတော့ဘူး စသည်ဖြင့် ထင်မြင်ကြလို့ပဲ ဖြစ်ပါတယ်။ ဒီအတွေးတွေဟာ သူတို့ကို ခြောက်လှန့်နေပြီးတော့ ကိုယ့်ကိုယ်ကို အမြဲသတိထားမိစေကာ ပျော်ရွှင်မှုကနေ ဟန့်တားနေပါတော့တယ်။ ဒါဆို သင်ဘာလုပ်လို့ရလဲ။

    • အဝတ်တွေကိုချွတ်ပြီး မှန်ရှေ့မှာ ရပ်ကာ သင့်ကိုယ်ကိုယ် သေချာစွာ ကြည့်ပါ။ သင်စိတ်ထဲမှာ ရှက်စေတဲ့ (သို့) စိတ်ဖိစီးစေတဲ့ နေရာကိုများ ခံစားမိပါသလား။ တကယ်လို့ အဲလိုနေရာ ရှိတယ်ဆိုရင် သင့်ကိုယ်ခန္ဓါကို မုန်းတီးနေမယ့်အစား သင်မုန်းတဲ့နေရာတွေကို သင့်ချစ်သူက အချစ်ဆုံးဖြစ်နိုင်တာပဲဆိုတာမျိုး ဘာလို့ မတွေးကြည့်မိတာလဲ။ ဒါဟာ သင့်စိတ်ကို ကြည်လင်စေပြီး လိင်ဆက်ဆံမှုကို အဆင်သင့်ဖြစ်စေနိုင်ပါတယ်။
    • ကိုယ့်ကိုယ်ကိုယ် အကောင်းမမြင်နိုင်ဘူးဆိုရင် ဘာလို့ ကျန်းမာအောင်နေဖို့ မကြိုးစားတာလဲ။ အားကစားရုံတွေကိုသွားပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေမှာ ပါဝင်လုပ်ဆောင်ပါ။ ယောဂလုပ်ပါ။ ဒါမှမဟုတ် သင့်ကိုယ်ခန္ဓါ (သို့) သင့်ကျန်းမာရေးကို တိုးတက်စေတဲ့ အရာတစ်ခုခုလုပ်ပါ။ ဒီလိုလုပ်ရင် သင်တစ်ပေါင်မှ မကျလာရင်တောင် ကိုယ့်ကိုယ်ကိုယ် နေလို့ကောင်းတယ်လို့ ခံစားရလာပါလိမ့်မယ်။ ဒါကိုယုံပါ။

    ၃။ သဏ္ဍာန်တူ သရုပ်ဆောင်ခြင်း

    အသစ်အဆန်း ရှာဖွေခြင်းဟာ လိင်မှုဘဝကို အရှိန်မြှင့်တက်စေ သတဲ့လား။ အခြားမကြည့်ပါနဲ့။ သဏ္ဍာန်တူ လေ့ကျင့်ခြင်းဟာ ပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိဖို့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပထမ အကြိမ်တွေမှာတော့ အနည်းငယ် ကစဉ့်ကလျားနိုင်မှာ ဖြစ်ပေမယ့် ဒါဟာ အဆင်ပြေပါတယ်။ ညစ်ညမ်းတဲ့ ပြောဆိုမှုတွေနဲ့ ရုပ်ရှင်ဆန်ဆန် အမူအရာတွေကို နေသားကျဖို့ဆိုတာ အချိန်နဲ့ လေ့ကျင့်မှု လိုအပ်တာကြောင့် အရာရာဟာ သဘာဝအတိုင်းတော့ဖြစ်လာမှာ မဟုတ်ပါဘူး။ သင့်အတွက် ဒါဟာ သိပ်များတယ်လို့ တွေးမိရင် ရိုးရှင်းတဲ့ အရာတွေဖြစ်တဲ့ လိင်ဆွဲဆောင်မှု ရှိတဲ့ ဝတ်စုံ (သို့) သင် သဏ္ဍာန်တူအောင် သရုပ်ဆောင်ချင်တဲ့ သရုပ်ဆောင်ရဲ့ အဝတ်အစား တို့ကို ဝယ်ယူခြင်းကနေ စတင်နိုင်ပါတယ်။

    ဒါ့ပြင် သင်သတိမထားမိသေးရင် အမျိုးသားတွေဟာ အမြင်အာရုံကို အားကိုးတဲ သတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ နှိုးဆော်မှုတွေထက် အမြင်အာရုံပိုင်းဆိုင်ရာ နှိုးဆော်မှုတွေကြောင့် ပိုပြီး လိင်စိတ် တက်ကြွတတ်ကြပါတယ်။ သဏ္ဍာန်တူ လေ့ကျင့်ခြင်းဟာ နှစ်မျိုးစလုံးပါဝင်တဲ့အတွက် လေပြည်လေညင်းလေးတွေကို သယ်ဆောင်လာမှာပါ။

    လိင်ဆက်ဆံမှုဆိုတာဟာ လက်ထပ်ထားတဲ့သူတွေ အပါအဝင် စုံတွဲတွေရဲ့ ဆက်ဆံမှုတိုင်းမှာ အရေးကြီးပါတယ်။ ဒါ့ကြောင့် သင်အလုပ်မှာ (သို့) သင်လုပ်နေတဲ့ လှုပ်ရှားမှုတွေမှာအကောင်းဆုံးလုပ်နိုင်ဖို့ အိပ်ရာထဲက ပြဿနာတွေဟာ သင့်ကို အနှောင့်အယှက် မပေးနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် မကြာခဏ အရှိန်မြှင့်တင်ဖို့ကို သတိရပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement