ဖုန်းနဲ့ ချစ်တင်းနှောခြင်းရဲ့ အံ့သြဖွယ်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 29, 2020 . 2 mins read
Share now

ဖုန်းနဲ့ ချစ်တင်းနှောခြင်းဟာ ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။ အထူးသဖြင့် LDRS ဝေးကွာနေတဲ့ ချစ်သူရည်းစားတွေ အသုံးပြုတာများပါတယ်။ ဒါပေမဲ့ Phone Sex (Sex Chat)ခြင်းဟာ ငယ်ရွယ်သေးတဲ့ (အသက်မပြည့်သေးသူ)ဆယ်ကျော်သက် တွေအတွက်တော့ အနှုတ်သဘော ဆောင်တဲ့ဆိုးကျိုးတွေ ရှိလာပါတယ်။ Sex chat ခြင်းကို တလွဲ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ သမီးရည်းစား ဆက်ဆံရေးမှာ ဆိုးရွားတဲ့ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Sex chat ခြင်းသာမကပါဘူး၊ လူတွေဟာ မိမိတို့ရဲ့ လိင်စိတ်ဆန္ဒတွေကို ပြည့်ဝစေဖို့ လိင် ကိရိယာ (Sex toy) တွေကိုတောင် အသုံးပြုလာကြပါတယ်။ ဒါဟာ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်ခြင်းပါ။ လူငယ်တွေမှာ ခေတ်စားလာတဲ့ ဖုန်းထဲကနေ လိင်ဆက်ဆံခြင်း (Sex Chat)လို့ပြော လိုက်ရင် လုံးဝဥဿုံမကောင်းဘူးလို့ ထင်ကြမှာပါ။ ဒီလိုဆိုးကျိုးတွေနောက်က ကောင်းကျိုးတွေ လည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

()   LDRS (Long Distance Relationships) တွေအတွက် အလွန်ကောင်းမွန်ပါတယ်။

တစ်ခါတစ်ရံမှာ ရာဂဆန္ဒတွေ အလွန်တောက်လောင်နေတဲ့အချိန်မျိုးတွေမှာ မိမိရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ဟာ အဝေးတစ်နေရာကို ရောက်နေပြီဆိုရင်တော့ Sex chat ခြင်းဟာ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ သင့်ရဲ့ပါတနာဟာ သင့်ဘေးနားကို အမှန်တကယ်ရောက်နေသလိုမျိုး ခံစားရစေမှာပါ။ ဒီလိုနည်းအားဖြင့် သင်ရော သင့်ပါတနာဟာ သစ္စာရှိစွာနဲ့ မိမိတို့ရဲဆန္ဒကို ဖြည့်ဆည်းနိုင်မှာပါ။ Phone Sex ပြုလုပ်ခြင်းဖြင့် Relationship တစ်ခုကို ခိုင်မြဲစေမှာပါ။

()    သာမန်လိင်မှုရေးရာတွေကို ငြီးငွေ့လာတဲ့အခါ အသစ်အဆန်းဖြစ်စေမှာပါ။

LDRS ဝေးကွာနေတဲ့ စုံတွဲတွေမှမဟုတ်ပါဘူး။ ပါတနာကို အလွယ်တကူ တွေ့နိုင်တဲ့သူ ဖြစ်လင့်ကစား ပုံမှန်လုပ်ရိုးလုပ်စဉ် လိင်မှုရေးရာကိစ္စတွေအပေါ်မှာ ရိုးအီလာတဲ့အခါ Sex Chat ခြင်း ဟာ အသစ်အဆန်းဖြစ်စေမှာပါ။

()   စိတ်ကူးယဉ်အတွေးတွေကို အပြည့်အဝ ပြောပြနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ သင်စိတ်ကူးယဉ်ထားတဲ့ ကြိုးစားကြည့်ချင်တဲ့ ချစ်တင်းနှောမှုပုံစံတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လူချင်းတွေ့တဲ့အခါ ပြောပြဖို့ရန်ရှက်နေတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဖုန်းထဲကနေဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရဲမှာပါ။ ဒီလိုနည်းအားဖြင့် သင်ဖြစ်ချင်တဲ့ ချစ်မှုရေးရာအဖြာဖြာကို သင့်ချစ်သူကို ရဲရဲဝံ့ဝံ့ ပြောပြနိုင်မှာပါ။

()   မိမိကိုယ်ကို ပိုမိုယုံကြည်လာမယ်

Phone sex ပြုလုပ်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုတွေတိုးပွားစေနိုင်ပါတယ်။ အသည်းကွဲပြီး နောက်ပိုင်းမှာ မိမိကိုယ်ကို လေးစားမှုတွေလျော့ကျလာပြီး ဆန့်ကျင်ဘက်လိင်ကိုပါ စကားပြောဖို့ ကြောက်ရွံ့လာတာမျိုး၊ မဝံ့မရဲဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ Phone sex ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ မြှင့်တင်ပေးနိုင်ပြီး အပြင်မှာပါအမှန်တကယ် အဆင်ပြေစေနိုင်တဲ့ Date တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

()   စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

ရမ္မက်နိုးကြွစေတဲ့ မက်ဆေ့တစ်ခုဟာ ဓာတုပစ္စည်းတစ်ခုကို သင့်ဦးနှောက်ကနေ ထွက်လာစေပါတယ်။ ဒီဓာတုပစ္စည်းလေးဟာ စိတ်ဖိစီးမှုလျော့ကျစေတဲ့အရာပါ။ Phone Sex ဟာ သာမန်လိင်ဆက်ဆံခြင်း တစ်ခုလို ပါပဲ။ Sex Chat နေရင်း မိမိကိုယ်ကို အာသာဖြေတာမျိုးပါ တစ်ပြိုင်နက် ပြုလုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖိစီးနေတဲ့ တင်းအားတွေ ပြေလျော့သွားမှာပါ။

()    Relationship တစ်ခုကို ခိုင်မြဲစေပါတယ်။

Sex Chat ခြင်းဟာ အမျိုးသမီးတစ်ယောက်ကို လိင်စိတ်ပြီးမြောက်ခြင်း (orgasm)ဖြစ် စေနိုင်သလို အမျိုးသားတစ်ယောက်ကိုလည်း သုက်လွှတ်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ပါတနာ အနားမှာရှိမနေလည်း ဖြစ်နိုင်တဲ့အရာပါ။ သင့်ပါတနာ အနားမှာရှိမနေလည်း သူ့အနေနဲ့ သစ္စာဖောက်တဲ့လုပ်ရပ်တွေကို ရှောင်ရှားနိုင်မှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင်တော့ သူ့ရဲ့လိင်စိတ်ဟာ သင့်တစ်ဦးတည်းအပေါ်မှာသာ ရှိနေခြင်းကြောင့်ပါ။ ဤနည်းအားဖြင့် Phone Sex ဟာသင့်ရဲ့ Relationship ကို ခိုင်မြဲစေမှာပါ။

()   မလိုအပ်တဲ့ (မိမိအဆင်သင့်မဖြစ်သေးတဲ့) ကိုယ်ဝန်ကို တားဆီးပေးနိုင်မယ်။

ဖုန်းထဲကနေ လိင်ဆက်ဆံခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေကို တားဆီး ပေးနိုင်သေးတယ်။ လူကိုယ်တိုင် ထိတွေ့ဆက်ဆံတာမျိုး မဟုတ်တဲ့အတွက် ကိုယ်ဝန်ရှိတာမျိုး မဖြစ် နိုင်ပါဘူး။ သန္ဓေတားဆေးသောက်ရတာမျိုးလည်း မရှိနိုင်တော့ပါဘူး။ မလိုချင်တဲ့ကိုယ်ဝန်မရလာ နိုင်တဲ့အတွက် ကိုယ်ဝန်ဖျက်ချခြင်းကိစ္စတွေလည်း မဖြစ်လာနိုင်တော့ပါဘူး။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး အရောင် အမျိုးမျိုးထဲမှာမှ စပျစ်သီး စိမ်းစိမ်းလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီးစိမ်းစိမ်းလေးကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒါဆို မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ…………

ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပေမယ့် ငရုတ်သီးမှုန့်က ပျက်စီးနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read