backup og meta

လိင်ဆက်ဆံစဉ် နာကျင်မှုအတွက် ဖြေရှင်းနည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံစဉ် နာကျင်မှုအတွက် ဖြေရှင်းနည်းများ

    လိင်မှုကိစ္စသည်လက်ထပ်ခြင်းတွင်အလွန်အရေးပါသည်။ ခင်ပွန်းနှင့်ဇနီး သည်ကြား မျှဝေခံစားခြင်း ဖြစ်သကဲ့သို့အခြားသူများနှင့်မတူသော နှစ်ဦးကြား နက်ရှိုင်းသည့်ပတ်သက်မှုလည်းဖြစ်သည်။ သို့သော်လည်း အချို့စုံတွဲများသည် လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကို တွေ့ရသည်။ အကြောင်းမှာလိင်ဆက်ဆံနေစဉ် လွန်စွာနာကျင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့်ထိုအခက်အခဲအတွက် ဖြေရှင်းနည်းများကိုရှာဖွေနေပါက ဤဆောင်းပါးကိုဖတ်ရှုပါ။

    လိင်ဆက်ဆံစဉ်နာကျင်ရသောအကြောင်းရင်းများ

    ချောမွေ့မှုမရှိခြင်း

    အချို့အမျိုးသမီးများ၏မွေးလမ်းကြောင်းသည် ခြောက်သွေ့နေတတ်သည့်အတွက်လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကိုတွေ့ရမည်။ ချောမွေ့မှုမရှိပါက လိင်ဆက်ဆံမှုပြုရာတွင်နာကျင်နိုင်ပါသည်။

    စိတ်ဖိစီးမှုများ

    လုပ်ငန်းခွင် အခက်အခဲပေါင်းများစွာက သင့်ကိုစိတ်ဖိစီးစေသည်။ အိပ်ယာဝင်ချိန်အထိပင်ပန်းနွမ်းနယ်စေသည်။ ထိုကဲ့သို့သောသူများတွင်လိင်မှုရေးရာ၌ပျော်ရွှင်သာယာမှုရရန်ခက်ခဲသည့်အပြင်တစ်ခါတရံနာကျင်ခြင်းကိုပါခံစားရတတ်သည်။

    လိင်အဂါၤကူးစက်ရောဂါများ

    လိင်အင်္ဂါတွင်ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။( ဥပမာ – လိင်အင်္ဂါရေယုန်၊ ထရိုင်ခိုမိုနာ ရောဂါ ) ထိုရောဂါများသည်အမျိုးသမီးအင်္ဂါစပ်နှင့်မွေးလမ်းကြောင်းတို့ကိုနာကျင် ရောင်ရမ်းစေသည့်အတွက် လိင်ဆက်ဆံရာတွင် အဆင်မချောခြင်း၊ နာကျင်ခြင်းတို့ကိုဖြစ်စေသည်။

    Endometriosis (သားအိမ်ဆဲလ်များ သားအိမ်ပြင်ပရောက်နေသော ရောဂါ) ဟုခေါ်သည့်မီးယပ်ရောဂါ

    ပုံမှန်အားဖြင့်သားအိမ်အတွင်းရှိသောဆဲလ်များသည် သားအိမ်ပြင်ပအခြား နေရာများသို့ရောက်ရှိပါက Endometriosis ရောဂါကိုခံစားရသည်။ အမျိုးသမီးများ၏ ၇ ရာခိုင်နှုန်း ခန့်တွင်ထိုရောဂါကိုတွေ့ရတတ်ပြီး လိင်ဆက်ဆံရာတွင်နာကျင်ခြင်းကိုဖြစ်စေတတ်ပါသည်။

    မီးယပ်သွေးဆုံးအခြေအနေ

    မီးယပ်သွေးဆုံးခါနီး(သို့မဟုတ်)သွေးဆုံးပြီးချိန်များတွင်ဟော်မုန်းဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်သည့်အတွက်ထိုအချိန်များတွင်လိင်ဆက်ဆံမှုပြုပါကနာကျင်စေတတ်ပါသည်။

    နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (IBS )

    နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (IBS) လက္ခဏာများမှာ ဝမ်းဗိုက်မကြာခဏရစ်နာခြင်း၊ဝမ်းချုပ်လိုက် ဝမ်းပျက်လိုက်ဖြစ်ခြင်းစသည်တို့အပြင် လိင်ဆက်ဆံရာတွင် နာကျင်ခြင်းသည်လည်း ပါဝင်ပါသည်။

    ကုသနည်းများ

    မွေးလမ်းကြောင်း ခြောက်သွေ့တတ်သူဖြစ်ပါက သင့်တော်သောချောဆီကိုသုံးပါ။ လိင်ဆက်ဆံမှုမပြုမီကတည်းကစတင်သုံးစွဲခြင်းဖြင့်နာကျင်မှုကိုရှောင်ရှားနိုင်ပါသည်။ ထို့ပြင် လိင်မှုရေးရာမစတင်ချိန်ခင်တည်းက အသုံးပြုသောကြောင့် ဆက်ဆံနေစဉ်တွင် အသုံးပြုဖို့ရှာဖွေရန် မလိုအပ်တော့သောကြောင့် ကြည်နူးဖွယ်အချိန်လေး ပျက်စီးပြတ်တောက်သွားမည်ကိုလည်း စိုးရိမ်ဖွယ် မရှိပါ။

    စိတ်ဖိစီးမှုများသူများ အနေဖြင့်စိတ်လက်ပြေလျော့ရန် ယောဂကျင့်စဉ်များကိုစမ်းသပ်ကြည့်နိုင်ပါသည်။

    လိင်အင်္ဂါကူးစက်ရောဂါများအတွက်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကုသပါ။

    Endometriosis မီးယပ်ရောဂါအတွက်မူ ဆရာဝန်နှင့်တိုင်ပင်၍သောက်ဆေး၊ထိုးဆေးအပြင်လိုအပ်ပါကခွဲစိတ်ကုသရခြင်းများလည်းပြုလုပ်ရနိုင်ပါသည်။

    လိင်မှုရေးရာကိစ္စသည်အိမ်ထောင်သည်ဘဝ၏ပျော်ရွှင်မှုအတွက်များစွာ သက်ရောက်မှုရှိသည့်အတွက ်လိင်ဆက်ဆံစဉ် နာကျင်မှုကိုခံစားနေရပါက အထက်ပါအချက်အလက်များကိုလိုက်နာခြင်း အပြင်လိုအပ်ပါကကျွမ်းကျင် သော ဆေးပညာရှင်များထံမှလည်း အကြံဉာဏ်များရယူသင့်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement