backup og meta

မျက်လုံးထဲ သုက်ရည် ဝင်သွားတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးထဲ သုက်ရည် ဝင်သွားတဲ့အခါ

    လိင်ကိစ္စနဲ့ ပတ်သက်လာရင် ဒါသည်လည်း တော်တော်များများ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စထဲမှာ ပါပါတယ်။ တချို့ယောက်ျားလေးတွေမှာက ထိုးသွင်းဆက်ဆံပြီးသွားရင် မျက်နှာပေါ်ကို သုက်လွှတ်ချင်တဲ့ အာသီသမျိုးတွေ ရှိတတ်ပါတယ်။ ဒီအတိုင်းက ကိစ္စမရှိပေမဲ့ မတော်တဆ မျက်လုံးထဲ သုက်ရည် ဝင်သွားခဲ့ရင်တော့ ခံရသူက မသက်သာဘူးပေါ့။ တချို့ကျတော့လည်း သုက်ရည်က မျက်လုံးထဲ ဝင်သွားလို့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရသွားနိုင်လားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ခုဆောင်းပါးမှာ မျက်လုံးထဲ သုက်ရည်ဝင်ခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    မျက်လုံးကို ပွတ်လို့ ရလား။

    ကိုယ့်မျက်လုံးထဲ တစ်ခုခု ဝင်သွားပြီဆိုရင် အရင်ဆုံး လုပ်တတ်ကြတာက မျက်လုံးကို လက်နဲ့ ပွတ်လိုက်တာပဲ ဖြစ်မှာပါ။ ဒီအခြေအနေမျိုးမှာတော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်တဲ့ သုက်ရည်ပမာဏက သိပ်မများဘူးဆိုရင် လက်နဲ့ ပွတ်လိုက်တဲ့အခါ အဲ့ဒီ အရည်တွေက ကျန်တဲ့ မျက်လုံးနေရာတစ်ဝိုက်ကို ပြန့်ပြီး ပိုဆိုးသွားစေနိုင်လို့ပါ။

    မျက်လုံးထဲ သုက်ရည် ဝင်ပြီးရင် ဘာကို အရင်ဆုံး လုပ်မလဲ။

    ၁။ မျက်ကပ်မှန် တပ်တဲ့သူဆိုရင် မျက်ကပ်မှန်ကို တန်းပြီး မချွတ်လိုက်ပါနဲ့၊၊ ရေချိုးခန်း ဒါမှမဟုတ် ဘေစင်နား ရောက်တော့မှ မျက်ကပ်မှန်ကို အသာလေး ချွတ်ပြီး ဆေးပါ။

    ၂။ ရေနဲ့ မဟုတ်ဘဲ မျက်စဉ်းနဲ့ ဆေးပေးလို့လည်း ရပါတယ်။ အဓိကက ဆေးတဲ့ ရေကို ပိုးသတ်ထားတဲ့ မျက်စဉ်းမျိုး ဒါမှမဟုတ် ရေသန့် ဖြစ်နေဖို့ အရေးကြီးပါတယ်။ သုက်ရည်ကို မျက်စိထဲမှာ အကြာကြီး မထားဖို့နဲ့ တတ်နိုင်သလောက် မြန်မြန်ဆေးပေးဖို့ပါပဲ။

    ၃။ မျက်လုံးကို ရေနဲ့ ဆေးတဲ့အခါ သုက်ရည်ပြောင်သွားပြီး မျက်လုံးထဲ ခိုးလို့ခုလုနဲ့ မကျန်တော့ဘူးလို့ ခံစားမိတော့မှသာ ရပ်ပါ။

    ၄။ အကောင်းဆုံး နည်းလမ်းက ငြိမ်ငြိမ်လေး ထိုင်ပြီး ခေါင်းကို နောက်ပစ်ထားပါ။ မျက်လုံးကို အရမ်းဖွင့်ထားစရာ မလိုပါဘူး၊ မှေးမှေးလေးပဲ ဖွင့်ထားပါ။ ကိုယ့်ရဲ့ ဆက်ဆံဖော်က အပေါ်ကနေ ရေ သို့မဟုတ် မျက်စဉ်းကို ဖြည်းဖြည်းချင်း လောင်းချလိုက်ရင် သုက်ရည်တွေက မျက်လုံးဘေးကနေ သူ့အလိုလို ပါသွားမှာပါ။

    ၅။ ပြီးသွားရင် မျက်ကပ်မှန်ကိုပါ ရေ သို့မဟုတ် မျက်စဉ်းနဲ့ ဆေးပြီးမှ ပြန်တပ်ပါ။

    နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    မျက်စိထဲမှာ ရှိတဲ့ တစ်ရှူးတွေဟာ အလွန်နုနယ်တာကြောင့် သုက်ရည်ကို ပြောင်စင်အောင် ဆေးလိုက်ရင်တောင်မှ မျက်စိ နီရဲလာတာ၊ အမြင်အာရုံ မှုန်တာ၊ ဝေဝါးတာ၊ ယားယံတာ၊ စူးအောင့်ပြီး စပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် မျက်လုံးထဲ ဝင်ပြီး မိနစ်ပိုင်းမှ ၂၄နာရီထိတော့ လက္ခဏာတွေ ပြနေနိုင်ပါတယ်။ မြန်မြန် သက်သာချင်တယ်ဆိုရင်တော့ နာရီပိုင်းခြားပြီး မျက်လုံးကို ခဏခဏ ဆေးပေးတာ၊ မျက်စဉ်းခတ်တာ၊ မျက်စိကို မှိတ်ပြီး အနားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ၂၄ နာရီကျော်လို့မှ လုံးဝ မသက်သာဘူး၊ ပိုဆိုးလာတယ်ဆိုရင် မျက်စိဆရာဝန်နဲ့ တစ်ချက် သွားပြကြည့်သင့်ပါတယ်။

    မျက်လုံးထဲ သုက်ရည် ဝင်ရင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရနိုင်လား။

    ရနိုင်ခြေ အရမ်းနည်းတယ် ဆိုပေမယ့် လုံးဝ မကူးနိုင်ဘူးလို့တော့ ပြောလို့ မရပါဘူး။ မျက်လုံးထဲ သုက်ရည် ဝင်ပြီးနောက် ဘာတွေ ကူးစက်နိုင်လဲဆိုရင်

  • HIV ပိုး
  • ရေယုန်
  • ခလက်မီးဒီယားရောဂါ
  • ဂနိုရောဂါ
  • ကာလသားရောဂါ
  • ဘီပိုး၊ စီပိုး စတာတွေပဲ ဖြစ်ပါတယ်။
  • ကိုယ်နဲ့ ဆက်ဆံတဲ့ သူမှာ ရောဂါရှိနေတယ်လို့ သံသယရှိရင်၊ ဒါမှမဟုတ် စိတ်လုံသွားအောင် ဆရာဝန်နဲ့ တစ်ချက်ပြပြီး PEP လို့ ခေါ်တဲ့ HIV ကို ကာကွယ်ပေးဖို့ အရေးပေါ်ဆေး သောက်လို့ ရပါတယ်။ ဖြစ်ပြီး ၄၈ နာရီအတွင်း သောက်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဆက်ဆံပြီး ၃လပြည့်တဲ့ နေ့မှာ သွေးတစ်ကြိမ်စစ်ပါ။ နောက် ၃လပြည့်တဲ့ နေ့မှာ တစ်ကြိမ် ထပ်စစ်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement