backup og meta

ဆေးလိပ်ဖြတ်နည်းအကြံပေးချက်များ - ငါးမိနစ်စာ တောင့်တစိတ်ကိုဖြေဖျောက်နည်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်နည်းအကြံပေးချက်များ - ငါးမိနစ်စာ တောင့်တစိတ်ကိုဖြေဖျောက်နည်း

    ဆေးလိပ်စစဖြတ်ချင်းမှာတော့ သင့်စိတ်ထဲမှာ ပျင်းလာမယ်။ စီးကရက်သောက်ချင်စိတ်တွေ ဆက်တိုက်ဖြစ်လာမယ်။ သေချာသတိထားကြည့်မယ် ဆိုရင်တော့ ဒီလိုဆေးလိပ်ကိုတောင့်တစိတ်ဖြစ်လာတဲ့ အချိန်အများစုဟာ သုံးမိနစ်ကနေ ငါးမိနစ်လောက်ပဲ ကြာမြင့်တတ်တာကို သထိထားမိပါလိမ့်မယ်။ ဆေးလိပ်ကို အရမ်းတောင့်တလာပြီးတော့မှ တဖြည်းဖြည်း တောင့်တစိတ်လျော့ပါးလာလေ့ရှိပါ တယ်။

    ဆေးလိပ်ဖြတ်လိုက်တဲ့ အစပိုင်းရက်တွေမှာ ခံစားရတတ်တဲ့ တောင့်တမှုနှစ်မျိုးရှိပါတယ်။

    ၁ ) ရုပ်ပိုင်းဆိုင်ရာတောင့်တမှုဆိုတာ နီကိုတင်းကို ဖြတ်နိုင်ဖို့ သင့်ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ သင့်ရဲ့ လည်ချောင်းထဲ ဒါမှမဟုတ် ဗိုက်ထဲမှာ မအီမသာခံစားရနိုင်ပြီး စိတ်ဖိစီးမှုနဲ့ထိတ်လန့် ပူပန်စိတ်တွေဖြစ်လာတတ်ပါတယ်။

    ၂) စိတ်ပိုင်းဆိုင်ရာတောင့်တမှုကတော့ သင့်ရဲ့နေ့စဉ် ဘဝမှာဖြစ်နေကျကိစ္စတွေကြောင့် ဖြစ်လာတတ်ပါ တယ်။ ကျွန်တော်တို့အားလုံးက ကိုယ့်ကိုယ်ကိုယ်မသိဘဲ လုပ်မိတဲ့ကိစ္စတွေ အများကြီးရှိကြပါတယ်။ ကျွန်တော်တို့က အလိုအလျောက် ဆေးလိပ်သောက်ဖို့ လုပ်မိတတ်ပါတယ်။ ဆေးလိပ်ကိုဖြတ်ပြီဆိုရင်တော့ အကျင့်ပါနေတဲ့ ဒီလုပ်ရပ်တွေကနေ အငမ်းမရသောက်ချင်စိတ်ကို ဖြစ်လာစေပါတယ်။ ကားမောင်းခြင်း၊ အစားစားခြင်း၊ ကော်ဖီ ဒါမှမဟုတ် အရက်သောက်ခြင်း၊ ဒါမှမဟုတ် ရိုးရိုးအနားယူခြင်းလိုမျိုး လှုပ်ရှားမှုတွေက လူအတော်များများကို ဆေးလိပ်သောက်ဖို့ အတွေးတွေ ပေါ်လာစေပါတယ်။ စိတ်ရဲ့စေ့ဆော်မှုတွေက ခန္ဓါကိုယ်ကတောင့်တနေ တဲ့အတိုင်းအတာနဲ့တူညီစွာပဲ ခံစားချက်တွေ ဖြစ်လာစေနိုင်ပါတယ်။

    ရိုးရိုးလေးပဲဆက်ထိန်းသွားပါ။ တောင့်တစိတ်တွေဖြစ်လာတာနဲ့ တားဆီးပါ။ အထိရောက်ဆုံးနည်းလမ်း ကတော့ အဲဒီအချိန်လေးမှာပဲ သင့်ရဲ့အတွေးကို တားဆီးနိုင်ဖို့ပါ။ စိတ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ် သင့်လုပ်ရပ်ကို ပြောင်းလဲပါ။ တောင့်တစိတ်က ပျောက်သွားပါလိမ့်မယ်။ အောက်ပါ အချက်တွေထဲက တစ်ခုခုကို လုပ်ကြည့်ပါ ဒါမှမဟုတ် အခြေအနေနဲ့ သင့်တော်မယ်ထင်တဲ့အချက်ကို သင်ယူဆတဲ့အတိုင်း လုပ်ကြည့်ပါ။

    (၁) လမ်းလျှောက်ထွက်ပါ – အိပ်ရာကထတာနဲ့ လှုပ်ရှားပါ။ ဖြစ်နိုင်ရင် ငါးမိနစ်လောက် အပြင်ထွက် လမ်းလျှောက်ပါ။ ပန်းခြံတစ်ပတ် ကိုယ်လက်လှုပ်ရှား ပြီး အသက်ကိုတတ်နိုင်သလောက် ရှိုက်ရှူပါ။ ကိုယ်လက်လေ့ကျင့်ခန်းအနည်းငယ်နဲ့ ရှုခင်းဝန်းကျင် အပြောင်းအလဲက အထောက်အကူပေးနိုင်ပါတယ်။

    (၂) စိတ်ကူးနဲ့ ခရီးတိုထွက်ကြည့်ပါ – မျက်စိကိုမှိတ် လိုက်ပါ။ သင့်စိတ်တွေ ဖြေလျှော့ပြီးအနားယူဖို့ လိုလာချိန်မှာ သင်ပုံဖော်မြင်ယောင်မိလို့ရတဲ့ နေရာတစ်ခုကို စိတ်ကူးနဲ့ပုံဖော်ကြည့်ပါ။

    အဲဒီနေရာက အမှန်တကယ်ရှိတဲ့နေရာ ဟုတ်ချင်မှဟုတ်နိုင်မယ် ဆိုပေမယ့် အသေးစိတ် ပုံဖော်ကြည့်ပြီး ကိုယ့်စိတ်ကြိုက်ဖန်တီးပါ။ ဒီလေ့ကျင့်ခန်းကို လုပ်နေတဲ့အခါတိုင်း အဲဒီနေရာကို သွားပါ။ စိတ်ထဲရင်းနှီးလာပြီး သက်တောင့်သက်သာ ဖြစ်လာတဲ့အထိပေါ့။ အတွေးထဲ အခြေကျပြီဆိုတာနဲ့ အသက်စရှူပါ။ တဖြည်းဖြည်း နှေးလိုက်ပါ။ အသက်ကို ရှူသွင်း၊ ရှူထုတ် သုံးမိနစ်မှ ငါးမိနစ်ခန့်အထိ ခပ်ပြင်းပြင်းလုပ်ပါ။

    (၃) ရေတစ်ဖန်ခွက်သောက်ပါ – ဆေးလိပ်ကို တောင့်တလာတဲ့အခါ ရေတစ်ဖန်ခွက်သောက်ချနိုင် ပါတယ်။ ဒီလိုသောက်ခြင်းက သင့်ကို ဆေးလိပ်တောင့်တမှု သက်သာစေရုံမက ခန္ဓါကိုယ်အတွက်လည်းကောင်းပါတယ်။ ကျန်းမာရေးကောင်းမွန်စေဖို့ ရေကိုသောက်ပါ။ ရေဟာ သဘာဝရဲ့အကောင်းဆုံးအထောက်အကူတစ်ခုဖြစ်ပြီး သင့်ခန္ဓါကိုယ်အတွက် အကျိုးကျေးဇူးတွေအများကြီး ပါဝင်ပါတယ်။ ကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့ ရေများများသောက်ပါ။

    (၄) ဆေးလိပ်ဖြတ်ရတဲ့ သင့်ရဲ့အကြောင်းရင်းတွေကို သေချာပြန်တွေးပါ – ကိုယ့်ရဲ့ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရင်းကို ပြန်ဖတ်ခြင်းက ဦးစားပေး အကြောင်းရင်းအချက်တွေကို အမြန်ဆုံးပြန်သတိရမိ စေမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်မယ်ကြံတိုင်း ငါးမိနစ်အချိန်ယူကာ သင်ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့ချိန်က ဘယ်လိုခံစားခဲ့ရလဲဆိုတာပြန်တွေးပါ။ နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်က ဘာကြောင့်အခုလိုဆုံးဖြတ်ခဲ့မိတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ပြန်တွေးပါ။

    (၅) ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကို စားပါ – သွေးတွင်းသကြားဓါတ်ပမာဏက ကျဆင်းသွားတဲ့ အခါ သင့်မှာ ဆေးလိပ်သောက်ချင်စိတ်က မြင့်မား လာပြီး စိတ်ထိန်းနိုင်မှာမဟုတ်ပါဘူး။ အာဟာရဖြစ်မယ့်အစားအစာတစ်ခုခုကို စားပါ။ ဥပမာ- သစ်သီး၊ ဒိန်ချဉ်၊ ဒါမှမဟုတ် မြေပဲထောပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ဘီစကစ် ပေါ်တင်စားပါ။ လူက ပြန်လည်လန်းဆန်းလာပြီး စိတ်ခိုင်မာလာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement