backup og meta

သွားကျန်းမာရေး - ခံတွင်းနံ့ဆိုးခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကျန်းမာရေး - ခံတွင်းနံ့ဆိုးခြင်း

    ခံတွင်းနံ့ဆိုးခြင်းဆိုတာဘာလဲ။

    ခံတွင်းနံ့ နံခြင်း ဆိုတာ ရှက်ဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်အခြေအနေတစ်ခုပါ။ သင်က ခံတွင်းနံ့ဆိုးနေတယ်ဆိုရင် သွားဆရာဝန်ကို သွားပြပါ။ ခံတွင်းနံ့ဆိုးခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အကြောင်းရင်းကိုရှာဖွေနိုင်မှသာ အကောင်းဆုံးကုသနည်းကို ဆုံးဖြတ်နိုင်ပါတယ်။

    ခံတွင်းနံ့ဆိုးခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကဘာတွေလဲ။

    ခံတွင်းနံ့ဆိုးခြင်းဟာ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး အနံ့အမျိုးမျိုးကွဲပါတယ်။ အချို့လူတွေက သူတို့မှာ ခံတွင်းနံ့မရှိပေမယ့် သိပ်ပြီးစိုးရိမ်ပူပန်တတ်ကြပါတယ်။ အချို့လူတွေကတော့ ခံတွင်းနံ့ဆိုးနေပေမယ့် သူတို့ကိုယ်တိုင် မသိကြပါဘူး။ ကိုယ့်ခံတွင်းနံ့ဘယ်လိုရှိလဲဆိုတာ ကိုယ်ကိုယ်တိုင်အနံ့ခံလို့မရနိုင်ဘူးလေ။ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက် သို့မဟုတ် ဆွေမျိုးတစ်ယောက်ကို သင့်ခံတွင်းနံ့အကြောင်းမေးမြန်းနိုင်ပါတယ်။

    အထက်မှာဖော်ပြထားတာတွေအပြင် အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာ လက္ခဏာတွေပြနေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    ကုသမှု

    · ဘာလုပ်သင့်သလဲ။

    ခံတွင်းနံ့ဆိုးတဲ့ပြဿနာအများစုကို အိမ်မှာပဲဖြေရှင်းလို့ရပါတယ်။ အချို့သော အိမ်မှာသုံးနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

    တစ်ရက်မှာ အနည်းဆုံး၂ကြိမ် သွားတိုက်ခြင်းနဲ့ လျှာကိုသန့်စင်ခြင်းအပြင် တစ်ရက်မှာအနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးသုံး၍ သွားကြားထိုးခြင်းဖြင့် ခံတွင်းသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။

    • ဆေးရွက်ကြီးပါဝင်ပစ္စည်းများကိုရှောင်ကြဉ်ပါ။
    • အနံ့ပြင်းတဲ့စားစရာ ဥပမာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတာတွေကို ရှောင်ကြဉ်ပါ။
    • အရက်မသောက်ပါနဲ့။

    နံနံပင် နဲ့ ပူစီနံစတာတွေကိုစားသုံးခြင်းဖြင့် အနံ့ဆိုးတွေကိုယာယီဖုံးကွယ်နိုင်ပါတယ်။ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ တွေ့သင့်သလဲ။

    သင်ဟာခံတွင်းနံ့ဆိုးနေရင် သင့်ရဲ့ခံတွင်းသန့်ရှင်းရေး အလေ့အထတွေကို ပြန်ကြည့်ပါ။ နေထိုင်မှုပုံစံပြောင်းလဲကြည့်ပါ။ ဥပမာ အစာစားပြီး သွားနဲ့လျှာတိုက်ပေးခြင်း၊ သွားပွတ်ကြိုး အသုံးပြု၍ သွားကြားထိုးခြင်း နဲ့ ရေများများသောက်ခြင်း စတာတွေကိုပေါ့။

    သင်ကအထက်ပါအချက်တွေပြောင်းလဲပြီးတာတောင် ခံတွင်းနံ့ဆိုးနေတုန်းဆိုရင် ဆရာဝန်နဲ့တွေ့သင့်ပါပြီ။ တကယ်လို့ ဆရာဝန်က သင့်ရဲ့ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းရင်းက အတော်ဆိုးတဲ့အခြေအနေမှာရှိတယ်လို့သံသယဖြစ်ရင် အနံ့ဆိုးရခြင်းအကြောင်းရင်းကိုရှာဖို့ အထူးကုသမားတော် ထံ လမ်းညွှန်ပေးပါလိမ့်မယ်။

    ကာကွယ်ခြင်း

    · ဘယ်လိုကာကွယ်ရမလဲ။

    ခံတွင်းနံ့ဆိုးခြင်းကိုလျှော့ချဖို့ သို့မဟုတ် ကာကွယ်ဖို့အတွက်

    • အစာစားပြီးတိုင်းသွားတိုက်ပါ။ အလုပ်ကို သွားပွတ်တံယူသွားပြီး အစာစားပြီးတိုင်းသွားတိုက်ပါ။ တစ်ရက်ကို အနည်းဆုံး၂ကြိမ် အထူးသဖြင့်အစာစားပြီးတိုင်းမှာ fluoride (ဖလိုရိုက်)ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပါ။ ဘက်တီးရီးယားသေစေသော ဂုဏ်သတ္တိရှိတဲ့ သွားတိုက်ဆေးတွေက ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။
    • အနည်းဆုံးတစ်ရက်တစ်ကြိမ် သွားကြားထိုးပါ(သွားပွတ်ကြိုးကိုအသုံးပြုပြီး)။ စနစ်တကျ သွားကြားထိုးခြင်းက သွားကြားတွေမှာကျန်ရှိနေတတ်တဲ့ စားကြွင်းစားကျန်နဲ့ ချိုးတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းနံ့ဆိုးတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။
    • လျှာကိုတိုက်ပေးပါ။ သင့်လျှာဟာ ဘက်တီးရီးယားတွေပျော်စံရာ ဆိပ်ကမ်းကြီးဖြစ်နေတာကြောင့် သေချာသန့်စင်ပေးခြင်းက အနံ့တွေကိုလျှော့ချပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေများလွန်းခြင်းကြောင့် လျှာပေါ်မှာအလွှာတစ်ထပ်ဖြစ်နေသူတွေ (ဥပမာ ခံတွင်းခြောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ် )ကတော့ လျှာခြစ်ပစ္စည်း (tongue scraper) သို့မဟုတ် လျှာသန့်စင်တဲ့ပစ္စည်းပါဝင်ပြီးသား သွားပွတ်တံတွေကို အသုံးပြုနိင်ပါတယ်။
    • အံကပ် သို့မဟုတ် သွားဘက်ဆိုင်ရာကိရိယာတွေကိုသန့်စင်ပေးပါ။ တကယ်လို့သင်က သွားအသေစိုက်ထားတာမျိုးသို့မဟုတ် အံကပ်ကို အပြည့်သို့မဟုတ် တစ်စိတ်တစ်ပိုင်းတပ်ဆင်ထားရတာမျိုးရှိုရင် တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် သွားဆရာဝန်ညွှန်ကြားချက်အတိုင်း အဆိုပါပစ္စည်းတွေကို သေချာသန့်စင်ပေးပါ။ သွားထိန်းကိရိယာ သွားညှိကိရိယာတွေ အသုံးပြုရတယ်ဆိုရင် ထိုပစ္စည်းများကို ပါးစပ်ထဲမထည့်ခင်တိုင်းမှာ သေချာသန့်စင်ပေးပါ။ သွားဆရာဝန်က အကောင်းဆုံး သန့်စင်ဆေးကို ညွှန်းပေးနိုင်ပါလိမ့်မယ်။
    • ခံတွင်းခြောက်သွေ့ခြင်းမဖြစ်ပါစေနဲ့။ သင့်ခံတွင်း စိုစွတ်နေအောင် ဆေးရွက်ကြီးကိုရှောင်ကြဉ်ပြီး ရေများများသောက်ပေးပါ။ (ကော်ဖီ၊ အအေးနဲ့ အရက်တွေ သောက်ခိုင်းတာမဟုတ်ပါဘူး။ ဒီအရာတွေက ခံတွင်းကိုပိုခြောက်စေပါတယ်။) တံတွေးများများထွက်ဖို့ ပီကေဝါးပါ သို့မဟုတ် ချိုချဉ်ငုံပါ။ (သကြားမပါတာ ပိုကောင်းပါတယ်) တကယ်လို့သင်ဟာ နာတာရှည်ခံတွင်းခြောက်နေတယ်ဆိုရင် သွားဆရာဝန် သို့မဟုတ် အထူးကုက တံတွေးအတု(artificial saliva preparation) ကိုညွှန်းပေးပါလိမ့်မယ်။ သို့မဟုတ် တံတွေးထွက်ခြင်းကို အားပေးတဲ့ သောက်ဆေးတွေ ပေးပါလိမ့်မယ်။
    • အစားအသောက်ကို ချိန်စားပါ။ ခံတွင်းနံ့ဆိုးစေတဲ့ အစားအသောက်ကို ရှောင်ကြဉ်ပါ။ ကပ်စေးပြီး သကြားပါတဲ့အစားအစာတွေရှောင်ပါ။
    • သွားပွတ်တံအသစ်ကို ပုံမှန်လဲပါ။ သုံးလမှ လေးလကြာတိုင်း သင့်သွားပွတ်တံကအမွေးတွေကျွတ်လာပြီဆိုရင် သွားပွတ်တံပြောင်းသင့်တဲ့အချိန်ပါပဲ။ နူးညံ့တဲ့အမွေးပါတဲ့ သွားပွတ်တံကို ရွေးချယ်ပါ။
    • သွားကျန်းမာရေးစစ်ဆေးဖို့ ပုံမှန်အချိန်ပေးပါ။ သင့်သွားတွေ သို့မဟုတ် စိုက်သွား (အံကပ်)တွေ အဆင်ပြေမပြေကြည့်ဖို့နဲ့ သန့်ရှင်းနေစေဖို့ ယေဘုယျအားဖြင့် တစ်နှစ် တစ်ခေါက် သို့မဟုတ် ၂ခေါက် သွားဆရာဝန်ဆီပုံမှန်သွားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement