၅။ ဆံပင်၊ မျက်နှာကို ထိတွေ့နေခြင်း။
ဆံပင်ကို လိမ်နေခြင်း၊ ထိနေခြင်း၊ မျက်နှာကိုလက်ဖြင့် ထိနေခြင်းက သင်ဟာ ဆန့်ကျင်ဘက်လိင်ကိုစိတ်ဝင်စားနေတဲ့ အဓိပ္ပါယ်ပြနေပါတယ်။ မိမိကိုယ်ကို အလှပြင်နေခြင်း၊ သနေခြင်းကလည်း သင်ဟာ ဆန့်ကျင့်ဖက်လိင်ထံမှ စိတ်ဝင်စားမှုကို လိုချင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
၆။ စိုက်ကြည့်နေခြင်း။
လူတစ်ယောက်ကို စိုက်ကြည့်ခြင်းက ခံစားချက်ပေါင်းများစွာကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်ဟာ လက်ရှိစကားပြောနေတဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ အဆင်ပြေမယ်ဆိုရင် မျက်လုံးခြင်း စိုက်ကြည့်ပေးခြင်းဖြင့် သင်ဟာ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြနိုင်ပါတယ်။ သင့်နဲ့စကားပြောနေတဲ့ သူဟာ သင်နဲ့ ကောင်းကောင်းမသိသေးဘူးဆိုရင် အချိန်အကြာကြီး စိုက်ကြည့်ခြင်းက ခြိမ်းခြောက်တဲ့ သဘောကိုဆောင်နေပါတယ်။ သင်လူတစ်ယောက်နဲ့ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီးမျက်လုံးခြင်းကြည့်တာကြာတဲ့အချိန် အတိုင်းအတာ တစ်ခုကိုရောက်သွားတဲ့အခါမှာတော့ နှစ်ယောက်လုံး နေရထိုင်ရ ခက်လာတဲ့ အချိန်တွေ ရှိပါတယ်။
၇။ ပြုံးပြခြင်း။
ပြုံးရယ်ခြင်းဆိုတာ ပြန့်ပွားတတ်တဲ့ အရာတစ်ခုပါ။ သင်အနေနဲ့ လူတစ်ယောက်ကို စပြုံးလိုက်တဲ့ အခါမှာ တစ်ဖက်လူရဲ့ ပါးစပ်ကြွက်သားတွေကို ဒီလိုလိုက်လုပ်ဖို့ အချက်ပြလိုက်တာ ဖြစ်ပါတယ်။ ပြုံးရယ်ခြင်းဟာ ပျော်ရွှင်ခြင်းနဲ့ ဆက်ဆိုင်နေတဲ့ ဦးနှောက် အစိတ်အပိုင်းကို အလုပ်လုပ်စေပါတယ်။ ဒါ့အပြင် သင်ပြုံးပြတဲ့အခါမှာ တစ်ဖက်သားတွေနဲ့ သင်နဲ့ ကြားမှာ ပိုပြီး ခိုင်မြဲတဲ့ ဆက်သွယ်ရေး ခံစားချက်ကို ခံစားရမှာပါ။
၈။ ရပ်နေတဲ့ ကိုယ်နေဟန်ထား။
ခြေထောက်လက်တွေကို ကျဲကျဲထားပြီး ရပ်နေခြင်းဟာ တစ်ဖက်သားကို ပွင့်လင်းပြီးစကားပြောနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးမှာ ဖြစ်ပါတယ်။ ကြမ်းပြင်ကို ကြည့်နေခြင်းနဲ့လက်ပိုက်ထားခြင်းကြတော့ သင်ဟာ မအားမလပ်ကြောင်းနဲ့ လူအများနဲ့ မဆက်ဆံချင်သေးကြောင်းကို ပြနေတာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။