၃။ နီကိုတင်း သကြားခဲ (Lozenge)။
နီကိုတင်း သကြားခဲတွေကိုလည်း ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရနိုင်ပြီး ထမင်းစားပြီးတိုင်းစားသုံးရတာ ဖြစ်ပါတယ်။ ဘယ်လောက်စားသုံးရမလဲဆိုတော့ သင်ဘယ်လောက် ဆေးလိပ်သောက်သလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ကုသမှု ကြာမြင့်ချိန်ကတော့ ၁၂ ပတ်အထိ ရှိနိုင်ပါတယ်။
၄။ နီကိုတင်း ဖြန်းဆေး။
နီကိုတင်း ဖြန်းဆေးတွေကတော့ နှာခေါင်း (သို့) ပါးစပ်မှ တစ်ဆင့် ခန္ဓါကိုယ်ထဲ ရောက်ရှိစေရန် အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီဖြန်းဆေးကိုတော့ တစ်ချို့နေရာတွေမှာ ဆေးဆိုင်မှ ဝယ်ယူလို့ရနိုင်ပြီး တစ်ချို့နေရာတွေမှာတော့ ဆရာဝန်ရဲ့ ဆေးစာလိုအပ်ပါတယ်။ ဒီ နီကိုတင်း ဖြန်းဆေးကိုလည်း ၁၂ ပတ် အထိအသုံးပြုရမှာ ဖြစ်ပါတယ်။
၅။ နီကိုတင်း ရူဆေးဗူး။
နီကိုတင်း ရူဆေးဗူး ဆိုတာကတော့ ပန်းနာရင်ကြပ်ဖြစ်တဲ့အခါမှာ သုံးရတဲ့ ရူးဆေးဗူးလို သုံးရတာ ဖြစ်ပြီး ရူဆေးဗူးကို ပါးစပ်မှာတေ့ပြီး နီကိုတင်း အငွေ့တွေကို ရှုသွင်းရတာ ဖြစ်ပါတယ်။ ဒီရူဆေးဗူးကိုတော့ ဆရာဝန်ဆေးစာ ပါမှသာ ဝယ်လို့ရမှာ ဖြစ်ပြီး ၁၂ ပတ်အထိ အသုံးပြုရမှာ ဖြစ်ပါတယ်။
၆။ ဆေးစာနဲ့ ဝယ်ရသော ဆေးများ။
ဒီဆေးများကိုတော့ ဆရာဝန်ထံမှ ဆေးစာပါမှသာ ဝယ်လို့ရမှာ ဖြစ်ပြီး ခန္ဓါကိုယ်ထဲ ဒီဆေး အဆင့်သင့်ဖြစ်နေစေရန်အတွက် တစ်ခြားဆေးတစ်မျိုးကိုလည်း မှီဝဲရမှာ ဖြစ်ပါတယ်။
ဒီလို ဆေးအမျိုးအစားတွေမှာတော့ Varenicline ( Chantix ) ဆိုတဲ့ ဆေးဟာ ဦးနှောက်ထဲက နီကိုတင်းကို တုံ့ပြန်တဲ့ အစိတ်အပိုင်းကို သွားသက်ရောက်ကာ ဆေးလိပ်သောက်ချင်စိတ်ကို နည်းလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆေးဟာ နီကိုတင်းဖြတ်တဲ့အခါ ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကိုလည်းသက်သာစေပါတယ်။ Varenicline ( Chantix )ဆေးကို တစ်ခြားသော နီကိုတင်း အစားထိုး ပစ္စည်းများနဲ့ တွဲကာအသုံးပြုနိုင်ပြီး ဆေးဝါးရော၊ နီကိုတင်းအစားထိုး ပစ္စည်းရော တွဲသုံးခြင်းက ဆေးလိပ်ပြတ်နိုင်ခြေ ပိုမြင့်မားစေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။