ကလေးတွေအတွက် သူချစ်ခင်တဲ့သူ ရိုးရိုး သေဆုံးသွားတာနဲ့ ရုတ်တရက် ဒါမှမဟုတ် ကြောက်လန့်ဖွယ် အခြေအနေတစ်ခုမှာ သေဆုံးသွားတာနဲ့ မတူပါဘူး။ ကလေးက သူ့မျက်စိရှေ့မှာ သူချစ်ခင်တဲ့သူ ပုံမှန်မဟုတ်တဲ့ သွေးပျက်ဖွယ် အနေအထားနဲ့ သေဆုံးသွားခဲ့ရင် အဲ့ကလေးက Traumatic grief ဆိုတာကို ခံစားရပါတယ်။ မနေ့က ကိစ္စမှာဆိုရင် အဖေ ကြိုးဆွဲချ သေဆုံးတာကို မျက်မြင်တွေ့လိုက်ရတဲ့ ကလေးတွေရဲ့ အနေအထားပေါ့။ Childhood traumatic griefလို့ ခေါ်ပါတယ်။
ကလေး တွေရဲ့ တုံ့ပြန်ပုံ
သေဆုံးတယ်ဆိုတဲ့ အကြောင်းတရားပေါ် ကလေးတစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံခြင်း မတူပါဘူး။ သူတို့ရဲ့ အသက်၊ သေဆုံးတာကို ဘယ်လိုနားလည်ထားလဲ၊ ကလေးရဲ့ နဂို စိတ်ခံစားချက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တစ်အိမ်တည်း နေတဲ့ ကလေးအချင်းချင်းတောင် မတူပါဘူး။ သေဆုံးခြင်းဆိုတဲ့ အကြောင်းအရာဟာ ကလေးတွေအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခံဖို့ ခက်ခဲပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူတွေ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ဥပမာ အိပ်ချိန်တွေ၊ စားတဲ့ ပုံစံတွေ၊ စိတ်တို၊ စိတ်ဆတ်တာ၊ ဝမ်းနည်းတာ၊ တစ်ယောက်တည်း နေချင်တာ၊ ဒီသေဆုံးတဲ့ အကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေတာ၊ တွေးနေတာ၊ သူတို့တွေ ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးတော့တာ စတာတွေကို ကြုံရနိုင်ပါတယ်။ ဒါတွေကို ကလေးနဲ့ အနီးကပ်နေသူတွေက သတိထားမိဖို့ လိုပါတယ်။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး လွှတ်ထားလို့ မဖြစ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။