backup og meta

ဆေးလိပ်ဖြတ်ရန်အတွက် အပ်စိုက်ကုထုံး


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်ရန်အတွက် အပ်စိုက်ကုထုံး

    ကမ္ဘာတစ်ဝှမ်းက လူတွေအကုန်လုံး ဆေးလိပ်ဖြတ်ဖို့ ကျိန်တွယ်ပြောဆိုမှုတွေဆိုတာ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေ ပျံ့လွင့်သွားတာ ကြည့်နေရသလိုပါပဲ။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက စွဲလမ်းစေတတ်တာကြောင့် ဆေးလိပ်ဖြတ်ဖို့ဆိုတာ ခက်ခဲပါတယ်။

    ဆေးလိပ်ဖြတ်ဖို့အတွက် အခြားနည်းလမ်းတခုဖြစ်တဲ့ အပ်စိုက်ကုထုံးကို ယုံကြည်လက်ခံလာတဲ့ လူဦးရေ တိုးပွားနေပါတယ်။ သူ့ရဲ့ စွဲလမ်းမှုဖြစ်စဉ်အပေါ် ထိန်းချုပ်နိုင်ခြင်းနဲ့ ကိုင်တွယ်နိုင်ခြင်းတို့ကြောင့် အပ်စိုက်ကုထုံးဟာ မူးယစ်ဆေးစွဲခြင်းတွေအတွက် ထိရောက်တဲ့ ကုထုံးတစ်ခု ဖြစ်လာပါပြီ။

    ဆေးလိပ်စွဲခြင်း အပါအဝင် မူးယစ်ဆေးစွဲတာတွေကို ကုသပျောက်ကင်းစေတဲ့ အပ်စိုက်ကုထုံးဟာ တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ် ဆေးလိပ်ပြတ်ပြီး လုံးဝပြန်မသောက်ဖြစ်အောင် ကုသပေးတဲ့နေရာမှာတော့ တကယ် အသုံးဝင်ပါတယ်။ ဆေးလိပ်ကင်းစင်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်လိုတဲ့အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုပါလျှင် အပ်စိုက်ကုထုံးက သင့်ကို ထိန်းချုပ်မှု ပေးနိုင်မှာပါ။

    အပ်စိုက်ကုထုံးက သင့်ကို ဘယ်လို ဆေးလိပ်ပြတ်စေနိုင်မလဲ

    အပ်စိုက်ကုထုံးက လူတွေ ဆေးလိပ်ဖြတ်တဲ့အခါ ကြုံတွေ့နေကြဖြစ်တဲ့ ကြောက်ရွံ့ခြင်း၊ ဆေးလိပ်သောက်လိုခြင်း၊ စိုးရိမ်ကြောင့်ကြမှုတွေကို အာရုံစိုက်စေပါတယ်။

    ဆရာဝန်က သင့်ရဲ့ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနဲ့ လျှာအခြေအနေ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအပြင် သင့်ရဲ့ဆေးလိပ်သောက်တဲ့အလေ့အကျင့်အကြောင်းတွေကို မေးမြန်းပါမယ်။ သင်ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေက သင့်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးတာပါ။ ဒါကြောင့် သင့်ဆရာဝန်က သင့်အတွက် ကိုယ်ပိုင်ကုသမှုတစ်ရပ်ကို ဖန်တီးပေးမှာပါ။

    အပ်စိုက်ကုထုံးတစ်ခုဖြစ်တဲ့ နားအပ်စိုက်ကုထုံးဆိုတာ နားပေါ်မှာရှိတဲ့ တိကျတဲ့ နေရာလေးတွေပေါ် ကုသရာမှသုံးတဲ့အပ်တွေကို ထိုးစိုက်ခြင်းပါ။ အဲဒီနေရာတွေကတော့ shen men (အိပ်စိုက်ရာ နားရွက်အမှတ်နေရာတစ်ခု)၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် တို့ ဖြစ်ပါတယ်။ ထိုအမှတ်တွေကို ထိုးစိုက်လိုက်ခြင်းဖြင့် သင့်ရဲ့ဆေးလိပ်သောက်လိုတဲ့ စိတ်ဆန္ဒကို ကူညီလျှော့ချပေးမှာပါ။

    Tim Mee လို့ခေါ်တဲ့ အမှတ်နေရာကတော့ ဆေးလိပ်ဖြတ်ဖို့ အပ်စိုက်ကုသတဲ့နေရာမှာ နာမည်ကြီးပါတယ်။ အဲ့နေရာကို ထိုးစိုက်ကုသခြင်းဖြင့် ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို အတော်လျော့ကျစေပါတယ်။

    အနေအထိုင်နဲ့ အစားအသောက်ပုံစံကို ပြောင်းရပါမယ်။

    • သွေးတွင်းရှိ နီကိုတင်းအက်ဆစ်ကို လျှော့ချရန်နှင့် သွေးတွင်း သကြားပမာဏထိန်းညှိရန် လတ်ဆတ်တဲ့ အသီးအနှံနဲ့ အသီးအရွက်တွေ ဖျော်ရည်တွေကို စားသောက်ပေးရပါမယ်။
    • မုန်လာဥနီ၊ မုန်လာဥနီဖျော်ရည်၊ တရုတ်နံနံ၊ အစိမ်းရောင်ရှိသောအရွက် အသုပ်၊ ဗီတာမင်စီ ပါဝင်တဲ့ အသီးတွေကိုလဲ ကိုယ်ခန္ဓါရဲ့ ဆေးလိပ်သောက်ချင်စိတ်(ခံတွင်းချဉ်ခြင်း)ကို လျှော့ချရန် စားသောက်ရပါမယ်။
    • သွေးတွင်း သကြားပမာဏနဲ့ အက်ဆစ်ပမာဏ မြင့်တက်ခြင်းက ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ပိုမိုခံစားရစေနိုင်တဲ့အတွက် ချက်ပြုတ်ထားတဲ့ ဟင်းနုနွယ်၊ သကြား၊ ချောကလက်၊ ကော်ဖီနဲ့ အသင့်စား အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။
    • နီကိုတင်းဓါတ်ကို အားလျော့စေတဲ့ ဒြပ်ပေါင်းတွေပါဝင်သော lobelia လက်ဖက်ရည် သို့မဟုတ် လက်ဖက်စိမ်းတစ်ခုခုကို သောက်သုံးပေးရပါမယ်။
    • လည်ချောင်းခြောက်ကပ်ခြင်းက ခံတွင်းချဉ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အတွက် နေ့တိုင်း ရေကို သင့်တော်တဲ့ပမာဏဖြင့် အကြိမ်ရေများများ သောက်သုံးရပါမယ်။
    • ခန္ဓါကိုယ်တွင်း အောက်ဆီဂျင်ပမာဏ တိုးပွားစေရန် အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးရပါမယ်။
    • သင်လိုအပ်တဲ့အချိန် သင့်ဘေးမှာအားပေးဖို့ ရက်သတ္တပတ်ခန့် အချိန်ပေးနိုင်တဲ့သူ တစ်ယောက်ယောက်ကို အကူအညီတောင်းထားပါ။
    • ဆေးလိပ်စဖြတ်တဲ့ အစောပိုင်းကာလတွေမှာ ဆေးလိပ်သောက်သူတွေနား မသွားပဲ ရှောင်ကြဉ်ခြင်းလိုမျိုး အကန့်အသတ်များ ချမှတ်ထားပါ။
    • သင်ခံတွင်းချဉ်ရင် ဘယ်လိုလုပ်မလဲ ကြိုတင်စဉ်းစားထားပါ။ ဥပမာ licorice အပင်မြစ်တွေ ဒါမှမဟုတ် ပီကေ ဝါးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းဆိုခြင်းနဲ့ သင့်ကို ဆေးလိပ်ဖြတ်ကူပေးတဲ့သူတချို့နဲ့ စကားမမြည် ပြောဆိုခြင်းလိုမျိုး အစီအစဉ်များ ချမှတ်ထားရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement