backup og meta

ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း

    Thirdhand smoke ဆိုတာ ဘာလဲ ၊ ဘာကြောင့် အရေးကြီးတာလဲ

    ဆးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုတွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ဖို့ ဆယ်စုနှစ်များစွာ ကြာခဲ့ပါတယ်။ အဲဒီလိုပဲ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိခြင်းကလည်း အန္တရာယ်ပေးတယ်ဆိုတာသိဖို့ အချိန်တွေ ယူခဲ့ရပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ဆေးလိပ်နဲ့သက်ဆိုင်တဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုကို ထုတ်ဖော်လိုက်ပါပြီ။ အဲဒါကတော့ Thirdhand smoke လို့ခေါ်တဲ့ ဆေးလိပ်ငွေ့ကြောင့် အခန်းတွင်းမှာ ကျန်နေခဲ့တဲ့ နီကိုတင်းနဲ့ တခြားဓါတုပစ္စည်း အကြွင်းအကျန်တွေပါပဲ။ အဲဒီအကြွင်းအကျန်တွေဟာ အခန်းထဲမှာရှိနေတဲ့ ညစ်ညမ်းပစ္စည်း အိုဇုန်း၊ နိုက်ထရပ်စ်အက်ဆစ်တို့နဲက ပေါင်းသွားရင် နောက်ထပ်ပစ္စည်းတစ်ခု ဖြစ်သွားပါတယ်။ အဲဒီအငွေ့တွေက ဖုန်မှုန်တွေနဲ့ရောပြီး ကောဇောပေါ်၊ ပရိဘောဂပစ္စည်းတွေပေါ် ရောက်ကုန်ပါတယ်။ နောက်ပြီး ဆံပင်၊ အရေပြား၊ အဝတ်အစားနဲ့ လက်သည်းတွေပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့ မိခင်တစ်ယောက်ဟာ ကလေးရှေ့မှာ ဘယ်တော့မှ ဆေးလိပ်မသောက်ဘူးဆိုရင်တောင် တခြားနေရာမှာ သောက်လာခဲ့မယ်၊ ကလေးကို ကောက်ချီလိုက်မယ်ဆိုရင် ကလေးဆီကို အဲဒီအငွေ့တွေကို ရောက်ကုန်နိုင်ပါတယ်။ အဲဒီအငွေ့တွေကို စွန့်ထုတ်ရလည်း ခက်သလို၊ ခန္ဓါကိုယ်ထဲမှာ ကြာရှည်စွာ ရှိနေနိုင်ပါတယ်။ နောက်ပြိး tobacco-specific nitrosamine (NNA) လို့ခေါ်တဲ့ ကွန်ပေါင်းက ခန္ဓါကိုယ်ထဲက DNA ကို ဖျက်ဆီးပစ်တာကြောင့် ကင်ဆာလည်း ဖြစ်စေတယ်။ ကျွမ်းကျင်သူတချို့ကတော့ ဒီအငွေ့တွေဟာ လူတွေရဲ့ မျိုးဗီဇကိုလည်း ထိခိုက်စေပြီး သူတို့ရဲ့ ဖျက်ဆီးမှုဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။

    မမြင်သာသော အန္တရာယ်ပေးမှုများ

    တွေ့ရှိချက်အသစ်ဖြစ်တာမို့ ဒီအငွေ့တွေဟာ ဘယ်လောက်ကြာအောင် ရှိနေနိုင်တယ်ဆိုတာ ဘယ်သူမှမသိကြသေးပါဘူး။ လွန်ခဲ့တဲ့နှစ်၂၀အတွင်း ဆေးလိပ်သောက်သူ မရှိခဲ့တဲ့ အိမ်တွေရဲ့ နံရံတွေ၊ ဖုန်မှုန့်တွေမှာတောင် တွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီဓါတ်ငွေ့အကြွင်းအကျန်တွေကြောင့် အထိခိုက်နိုင်ဆုံးကတော့ ကလေးငယ်တွေပါပဲ။ သူတို့ဟာ ကြမ်းပြင်ပေါ်မှာ လေးဖက်သွားတယ်၊ ကော်ဇောပေါ် အိပ်တယ်၊ ပရိဘောဂတွေကို ပါးစပ်နဲ့ ကိုက်ကြည့်တယ်၊ အဲဒါတွေအားလုံးဟာ thirdhand smoke အငွေ့တွေနဲ့ ပြည့်နေတဲ့ နေရာတွေချည်းပါပဲ။ သုတေသီတချို့ကတော့ ကင်ဆာအပြင် ပန်းနာရင်ကြပ်နဲ့ ဓါတ်မတည့်တဲ့ရောဂါတို့လို တခြားသော ကျန်းမာရေးပြဿနာတွေပါ ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဟိုတယ်တွေမှာ ဆေးလိပ်သောက်သူရဲ့ အခန်းကို တံမြက်စည်းလှဲ၊ ဖုန်စုပ်၊ အခင်းလဲရတဲ့သူတွေ၊ ရှင်းလင်းပေးရတဲ့သူတွေဟာ ဒီအငွေ့တွေနဲ့ ထိတွေ့မှုမှာ ဆေးလိပ်ငွေ့တွေရှိနေတဲ့ အခန်းထဲမှာ ရက်အနည်းငယ်နေသွားတဲ့ ဧည့်သည်တွေထက် ပိုများပါတယ်။ ဘယ်လောက်ပမာဏထိ ထိတွေ့ရင် ကျန်းမာရေး ထိခိုက်မယ်ဆိုတာမျိုး မပြောနိုင်သေးပေမယ့် ယခင်က ဆေးလိပ်သောက်ခွင့်ပြုခဲ့တဲ့ နေရာတွေမှာလည်း ဒီအငွေ့တွေဟာ ကျန်သင့်သလောက် ကျန်နေလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဆေးလိပ်သောက်သူ ပိုင်ဆိုင်ဖူးတဲ့ အိမ်ကို ပြောင်းရွှေ့လာမယ်ဆိုလည်း ဒီလိုပဲ ကြုံတွေ့နိုင်ပါတယ်။ ဒီအငွေ့တွေဟာ ဖယ်ရှားဖို့လည်း ခက်တာမို့ ကြမ်းခင်းတွေအကုန် ခွာလိုက်တာမျိုးထိ မလုပ်နိုင်ရင် ဒီအငွေ့တွေကလည်း ဆက်ရှိနေဖို့များပါတယ်။

    ဘယ်လိုရှောင်ရှားလို့ ရမလဲ

    ကိုယ့်ရဲ့ အိမ်တွင်းမှာ ဒီအငွေ့တွေ ရှိမနေအောင် လုပ်သင့်တာတချို့ကိုတော့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ အခန်းကို ဆေးပြန်သုတ်ပါ။ အကောင်းဆုံးကတော့ ကောဇောတွေ အသစ်လဲလိုက်ပါ။ လေဝင်လေထွက်စနစ်ကို သန့်ရှင်းနေအောင် ထားပါ။ ဘယ်လောက်ထိ များများစားစားရှိနေတယ်၊ ဘယ်လောက်ထိ အန္တရာယ်ပေးမယ်ဆိုတာ တိတိကျကျ မသိသေးပေမယ့် မိဘတွေအနေနဲ့ ကလေးတွေကို ဒီအငွေ့တွေနဲ့ မထိတွေ့အောင် ကာကွယ်ပေးဖို့၊ ဆေးလိပ်သောက်သူတွေ သုံးသွားတဲ့ အခန်းနဲ့ ကားတွေကိုဖြစ်နိုင်ရင် မငှားဖို့၊ ပြန်မဝယ်ဖို့ အကြံပေးလိုပါတယ်။ ဒါကြောင့် ရှောင်နိုင်သလောက် အကောင်းဆုံးရှောင်ကြမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အထောက်အကူပြုမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement