backup og meta

ကောင်းမှုကုသိုလ်လုပ်ခြင်းက လူတွေကို ဘာကြောင့် ပျော်ရွှင်စေတာလဲ


Wathun Myat Chal မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကောင်းမှုကုသိုလ်လုပ်ခြင်းက လူတွေကို ဘာကြောင့် ပျော်ရွှင်စေတာလဲ

    “ တကယ်လို့ သင်က ငှက်တစ်ကောင်ဆိုရင် တေးသီရပါမယ်။ သစ်ရွက်တစ်ရွက် ဖြစ်မယ်ဆိုရင် စိမ်းစိုရပါမယ်။ ပြန်မပေးချင်ဘဲ ဘာလို့ ချေးငှားချင်တာလဲ။ ဘဝဆိုတာ ပေးဆပ်ဖို့ပါ၊ ရယူဖို့ချည်း မဟုတ်ပါဘူး။ ” To Huu

    တစ်ယောက်ယောက်ကို ကူညီတဲ့အခါမှာ အတိုင်းအဆမရှိ ပေးဖြစ်တဲ့ ခံစားချက်အကြောင်းကို ပုံပြင်တွေမှာ ကြားဖူးကြပါတယ်။ ဒီခံစားချက်က သင့်ကို ပျော်ရွှင်စေပြီး ဘဝမှာ နေပျော်တယ်လို့ တွေးမိစေပါတယ်။ တစ်စုံတစ်ယောက်ကို ကူညီလို့ ခံစားရတဲ့ ကျေနပ်မှုရဲ့ အကြောင်းပြချက်က ဘာလဲ။

    ကြင်နာမှုရဲ့ ကောင်းကျိုး

    ကြင်နာမှုရဲ့ သိသာတဲ့ ကောင်းကျိုးကတော့ သင့်ကိုယ်သင် သတိထားမိလာတာပါ။ ကြင်ကြင်နာနာ ဆက်ဆံလိုက်တဲ့အခါ သင့်ကိုယ်သင် ခွင့်လွှတ်တတ်တဲ့၊ မေတ္တာထားနိုင်တဲ့သူလို့ သတ်မှတ်လာပါမယ်။ ဒီအတွေးက သင့်ကို ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစေမယ်၊ အကောင်းမြင်စေမယ်၊ ပြီးတော့ အသုံးဝင်တဲ့လူလို့ ခံစားရစေမှာပါ။ တစ်စုံတစ်ယောက်ကို ကူညီတာ ဒါမှမဟုတ် ပရဟိတလုပ်ငန်းတွေမှာ ပါဝင်တာက သင့်စွမ်းရည်၊ ကျွမ်းကျင်မှုတွေကို ထုတ်ဖော်နိုင်ပြီး သင့်ဘဝကို သင် ထိန်းချုပ်နိုင်ပါလိမ့်မယ်။

    လူတွေကို ကူညီရင်း ကျွမ်းကျင်မှု အသစ်တွေကိုလဲ သင်ယူနိုင်ပြီး တခြားပင်ကိုယ်အရည်အသွေးတွေကိုလည်း ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ဥပမာ၊ မိဘမဲ့ကလေးတွေအတွက် ပရဟိတ ဆရာအဖြစ် သင်ကြားပေးရင်း သင့်တင်ပြနိုင်မှု စွမ်းရည်နဲ့ သင်ကြားမှုစွမ်းရည်တွေကို တွေ့ရှိနိုင်ပါတယ်၊ ဒါမှမဟုတ် နာတာရှည်ဌာနက သက်ကြီးရွယ်အိုတွေနဲ့ အဖော်ပြုရင်း လူတွေကို ဂရုစိုက်ပြုစုနိုင်လာပါမယ်။ ကြင်နာတဲ့ အပြုအမူတွေက သင့်ဘဝရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးကို တွေ့ရှိဖို့ ကူညီနိုင်တယ်လို့ လေ့လာသူအချို့က ဆိုကြပါတယ်။

    နောက်ဆုံးဆိုပေမယ့် အနည်းဆုံးမဟုတ်ပါဘူး။ ကြင်နာမှုက လူ့အဖွဲ့အစည်းမှာ အကောင်းမြင်တဲ့ တုံ့ပြန်မှုတွေ ဖန်တီးပေးနိုင်ပါတယ်။ လူတွေကို ကူညီတာက သင့်ကိုလူတွေ သဘောကျနှစ်သက်ကို ခံရစေပါတယ်။ တစ်ချိန်ချိန် သင့်အကူအညီလိုတဲ့အခါ ပြန်ကူညီကြပါလိမ့်မယ်။ လူတွေကို ကူညီတာက တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပေးခြင်း၊ ကျေးဇူးတရားနဲ့ ခင်မင်ရင်းနှီးမှုကို ဖန်တီးပေးခြင်းတွေလို အခြေခံ လိုအပ်ချက်တွေကို ရရှိစေပါတယ်။

    ကြင်နာမှုရဲ့ လွှမ်းမိုးနိုင်စွမ်းကို သိပ္ပံပညာရှင်တွေ သက်သေပြထားပြီး ဖြစ်ပါတယ်။ ရက်သတ္တပတ် ၁၀ပတ် ကြာတဲ့ စမ်းသပ်မှုလေးတစ်ခုအရ အစမ်းသပ်ခံတွေဟာ တခြားသူတွေကို ကူညီတဲ့အခါ ပျော်ရွှင်မှုတွေ တိုးလာပြီး သူတို့ကိုယ် သူတို့ အသုံးဝင်တယ် ပိုခံစားရကြပါတယ်။ ကူညီနေတဲ့အချိန်မှာ ဖြစ်နေတဲ့ ပီတိပမာဏကိုလည်း လေ့လာသူတွေက တိုင်းတာကြပါတယ်။

    ကြင်နာမှုက ဘယ်လိုမျိုး သင့်ကို ပျော်ရွှင်စေတာလဲ

    ကြင်နာမှုက ကျွန်တော်တို့ကို နည်းလမ်းပေါင်စုံနဲ့ ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

    ဥပမာ၊ ပရဟိတလုပ်တာက စိတ်ဓါတ်ကျတဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်၊ ပျော်ရွှင်မှုကို တိုးစေပါတယ်၊ ကိုယ့်ကိုယ်တိုင်ရဲ့ တန်ဖိုးလည်း မြင့်လာပြီး ကိုယ့်ကိုယ်ကိုလည်း ပိုထိန်းချုပ်လာနိုင်ပါတယ်လို့ လေ့လာသူတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် လေ့လာသူတွေ မရှင်းပြနိုင်တဲ့ အချက် ၂ချက် ရှိပါတယ်၊ (ပရဟိတ လုပ်လို့ စိတ်ထားကောင်းလာတာလား၊ စိတ်ထားကောင်းလို့ ပရဟိတ လုပ်တာလား)၊ ကာလရှည်စမ်းသပ်မှုတွေမှာ ပါတဲ့ ပရဟိတသမားတွေမှာတော့ အပြန်အလှန်ထက်စာရင် သူတို့ရဲ့ ရက်ရောတဲ့ အပြုအမူတွေက သူတို့ကို ပျော်ရွှင်စေတယ်လို့ ရလဒ်တွေက ဖော်ပြကြပါတယ်။

    တခြားလေ့လာမှုမှာ Multiple Sclerosis (MS) ရှိတဲ့ အမျိုးသမီး ၅ယောက်ကို MS လူနာ ၆၇ယောက်ကို ၃နှစ် ကူညီဖို့ ရွေးချယ်လိုက်ပါတယ်။ သူတို့ကို စာနာစိတ်နဲ့ နားထောင်ပေးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးပါတယ်။ လူနာတွေကို တစ်လ ၁၅မိနစ်ခေါ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှု အပြီးမှာ ပါဝင်ကူညီတဲ့ ၅ယောက်ဟာ သူတို့ကိုယ်သူတို့ စိတ်ကျေနပ်မှု အတော်ရရှိပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း တိုးတက်လာတယ်လို့ ရလဒ်တွေက ဖော်ပြပါတယ်။

    လူမှုရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားတာ ပိုများလာပြီး စိတ်ဓါတ်ကျတာလည်း ပိုနည်းလာပါတယ်။ Interview တစ်ခုမှာ ဒီအမျိုးသမီး၅ယောက်ဟာ အဲ့ဒီစမ်းသပ်မှုအပြီး အများကြီး ပြောင်းလဲသွားတာပါလို့ ပြောကြပါတယ်။ ဥပမာ၊ တစ်စုံတစ်ယောက်ကို ကူညီတဲ့အခါ သူ့တို့ကိုယ် သူတို့ထက် သူတို့ကူညီနေတဲ့သူတွေအပေါ်မှာ ပိုအာရုံစိုက်ဖြစ်ကြပါတယ်။ နားထောင်တဲ့စွမ်းရည်လည်း တိုးတက်လာပါတယ်။ ပိုပွင့်လင်းလာပြီး ဆက်ဆံရေးမှာလည်း နားလည်မှု ပိုရှိလာပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ လက်ခံနိုင်မှု မြင့်တက်လာပါတယ်။

    ဘဝရဲ့ အနိမ့်အမြင့် အတက်အကျဒဏ်တွေကို ယုံကြည်မှုရှိရှိ ရင်ဆိုင်လာနိုင်ပြီး ကိုယ့်ပြဿနာကို ကိုယ့်ဖာသာ ထိန်းချုပ် နိုင်လာပါတယ်။ အမျိုးသမီတစ်ယောက်ကတော့ “Multiple Sclerosis က ကုသမရပေမယ့်လည်း ကျွန်မ ဘာပဲ ဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်လို့ ခံစားရတယ်” လို့ ပြောပါတယ်။

    အကူအညီ ရယူခဲ့တဲ့ လူနာတွေရဲ့ ကောင်းကျိုးထက် အဲ့ဒီ အမျိုးသမီး ၅ယောက်ရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေက ပိုပြီး သိသာပါတယ်။ သူတို့ကူညီခဲ့တဲ့သူတွေထက် သူတို့ဘဝကို သူတို့ ကျေနပ်မှုက ၇ဆ ပိုပြီး ခံစားရပါတယ်။ ဒါ့အပြင် အံ့သြစရာကောင်းတာက အကူညီခံရတဲ့ သူတွေမှာလည်း အကူအညီတွေ လျော့လာပေမယ့် အကျိုးရလဒ်တွေက ဆက်တိုးလာတာပါပဲ။

    ဒါက လူ၅ယောက်ပဲပါတဲ့ လေ့လာမှု အသေးစား တစ်ခုပါ။ ဒါပေမယ့် ဒါက ကူညီမှုရဲ့ ကောင်းကျိုးကို ရှင်းရှင်းလင်းလင်း ဖော်ပြသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေးကမ်းခြင်းက ရယူခြင်းထက် ပိုပျော်ဖို့ကောင်းလို့ပါ။ သင်ရော၊ တခြားသူတွေကို ကူညီရင်း ပျော်ရွှင်မှုကို ခံစားဖို့ အဆင်သင့်ပဲလား။

    Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement