backup og meta

အကောင်းမြင်တတ်သော ကင်ဆာလူနာတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းမြင်တတ်သော ကင်ဆာလူနာတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ

    အကောင်းမြင်တတ်ခြင်းသည် လူတွေသူတို့၏ ဘဝဇာတ်လမ်းများကို မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသ်ည့အချက်အပေါ် သိသာသောသက်ရောက်မှုဖြစ်စေသည်။ သင်သည်ပြီးပြည့်စုံသော ကျန်းမာရေးအခြေအနေတွင်ဖြစ်စေ၊ ရင်သားကင်ဆာကဲ့သို့ သေစေသောရောဂါနှင့် ရုန်းကန်ရသည်ဖြစ်စေ အကောင်းမြင်တတ်သော ကင်ဆာရောဂါသည်သည် ပို၍ကျန်းမာနိုင်သည်။

    ကင်ဆာဟုသိရှိပြီးနောက် လူနာများသည် ကုသမှုပေါင်းများစွာကို ဖြတ်သန်းရမည်ဖြစ်သည်။ ကုသမှုများကို ရင်ဆိုင်နိုင်ရန် လူနာများအကောင်းဘက်တွေးအောင်နဲ့ ကြိုတင်ပြင်ဆင်တတ်အောင် အားပေးကာဖန်တီးယူကြရမည်ဖြစ်သည်။ ရင်သားကင်ဆာကုသမှု၏ သက်ရောက်မှုများကို ခံရပြီးနောက်တွင် အပြုံးပန်းဆင်ထားနိုင်ဖို့ဆိုတာ မလွယ်ကူသောအရာတစ်ခုဖြစ်သည်။ ထို့ပြင် အခြားလူများနှင့်ဆက်ဆံရာတွင်လည်း ခက်ခဲသောပြဿနာပင်ဖြစ်သည်။

    ရောဂါကို မည်သို့တုံပြန်မည်နည်း။

    ပုံမှန်တွင် ရင်သားကင်ဆာလူနာများသည် ရောဂါကိုမည်သို့တုန့်ပြန်ရမည်နှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနိုင်ပါသည်။ အချို့မှာ ထိုကဲ့သို့ဖြစ်ပေါ်နေသော်လည်း အပေါ်ယံဟန်ဆောင်ကာ အကောင်းမြင်စိတ်ရှိသလို နေတတ်ကြသည်။ အကြောင်းမှာ အခြားသူများအနေဖြင့် သူတို့၏ ကျန်းမာရေးကို အလွန်အမင်းမစိုးရိမ်ရလေအောင်ဖြစ်သည်။

    သို့သော် ထိုကဲ့သို့ ဟန်ဆောင်နေခြင်းသည် မည်သည့်ကောင်းကျိုးမှမပေးဘဲ လူနာအတွက် ဖိအားသာဖြစ်စေသည်။ စိတ်ဓါတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းတို့သည် ဘဝ၏ အဓိကပြောင်းလဲမှုများကို ရင်ဆိုင်ရာတွင် ပုံမှန်စိတ်ပိုင်းဆိုင်ရာများပင်ဖြစ်သည်။

    အကယ်၍သင်သည် ကိုယ်တကယ်ခံစားရသည်များကို ကြိုးစား၍လျစ်လျူရှုပါက ကင်ဆာနှင့်အတူ အခြားစိတ်ပိုင်းဆိုင်ရာရောဂါများကို ရရှိနိုင်သည်။ လူနာများသည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟူသောခံစားချက်ကို ရှောင်ရှားရန် အကောင်းဘက်ကတွေးရပါမည်။ ထို့ပြင် လေ့လာသူအများအပြားသည် စိတ်စွမ်းအားက ရောဂါ၏ပြင်းထန်မှုကို သက်ရောက်မှုရှိစေနိုင်သည်ဟု ညွှန်ပြကြသည်။ ဤစိတ်သက်သာစေသည့် ယုံကြည်မှုရှိသောအခါ လူနာများသည်ပို၍လုံခြုံကာ ကင်ဆာနှင့် စစ်ပွဲတွင် အင်အားများပိုရသည် ဟုခံစားရနိုင်သည်။

    သင့်စိတ်ထား၊ သဘောထား၊ စိတ်ခံစားမှုများကို ညှိနှိုင်းပြင်ဆင်ပါ။

    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နေစိတ်ထား၊ ခံစားမှုများကို အချို့သော ဘဝ၏ အရေးကြီးသောအဖြစ်အပျက်များနှင့် လိုက်လျောညီထွေစွာ ညှိနှိုင်းနိုင်ရန် ပြည့်စုံနေပါသည်။ သင့်ကျန်းမာရေးအတွက် အလွန်အမင်းစိုးရိမ်နေမိခြင်းသည် သင့်အနေဖြင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်ဘူးဆိုသည့် သဘောသက်ရောက်မှုမရှိပါ။ အချိန်တွေကုန်သည်နှင့်အမျှ လူအများစုသည်ကင်ဆာနှင့် နေထိုင်သွားနိုင်ရန်နှင့် ရင်ဆိုင်တိုက်ခိုက်သွားနိုင်ရန် နည်းလမ်းများရှာဖွေရမည်ဖြစ်သည်။ အချို့လူများအတွက် စိတ်ပိုင်းဆိုင်ရာပညာရှင် သို့မဟုတ် အကူအညီပေးရေးအဖွဲ့အစည်းများက အကူအညီဖြစ်တတ်ပါသည်။ ထို့ပြင် သင်နှင့်အလးသဏ္ဍန်တူ ကင်ဆာမှရှင်သန်လွတ်မြောက်ခဲ့သည့်အခြားသောသူများနှင့် တွေ့ဆုံ စကားပြောဆိုရန်လည်း တိုက်တွန်းပါသည်။

    အကောင်းမြင်တတ်သော ရင်သားကင်ဆာလူနာသည် ကင်ဆာကုသရာတွင်များစွာ အထောက်အကူဖြစ်ပါသည်။ ကုသမှုများခံယူနေစဉ် သင့်ရဲ့ အကောင်းမြင် စိတ်သဘောထားနှင့် ခံစားချက်များက ကင်ဆာကို ကောင်စွာကုသနိုင်ရန် အကူအညီပေးပါလိမ့်မည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement