ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ကဗ္ဗလာသီးတွေ စားသုံးပေးမှုက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့ပြင် Omega-3 ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။
(၆) ကိုယ့်ကိုကိုယ် အကောင်းမြင်ပါ
လူတစ်ယောက်က ကိုယ့်ကိုကိုယ် အဆိုးပဲမြင်နေမယ်ဆိုရင် စိတ်ဖိစီးမှု ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ အတွေးတွေတွေးပါ။ ကိုယ့်စိတ်ခွန်အားကို ဖြည့်ပေးနိုင်သူက ကိုယ်တိုင်ပဲဆိုတာကို မမေ့ပါနဲ့။ အပျက်သဘောဆောင်တဲ့ အတွေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးလိုက်ပါ။
(၇) အိပ်ရေးဝဝအိပ်ပါ
ညဘက်မှာ အိပ်ရေးဝဝအိပ်တာက စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးအားဖြည့်နည်းတစ်မျိုးပါ။ ဒါကြောင့် ညစဉ်တိုင်းမှ အနည်းဆုံး အိပ်ချိန် ၇ နာရီထားပြီး စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်လွှားလိုက်ပါ။
စိတ်ဖိစီးမှုရဲ့ အနိုင်ယူမှုကို မခံဘဲ ဒီနည်းလေးတွေ သုံးပြီး အကောင်းဆုံး ရင်ဆိုင်ကျော်လွှားကြရအောင်လား…Hello ဆရာဝန်ပရိသတ်ကြီးရေ…………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။