backup og meta

စိတ်ဓါတ်ကျတတ်သူတွေအတွက် ဓါတ်စာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓါတ်ကျတတ်သူတွေအတွက် ဓါတ်စာ

    တစ်နေ့တာမှာပျော်စရာတွေပဲကြုံချင်တယ်လို့ စီစဉ်ထားလို့မရပါဘူး။ ကံဇာတ်ဆရာအလိုကျပျော်တစ်လှည့် ငိုတစ်လှည့်ပဲပေါ့နော်။ စိတ်ပျော်ရတဲ့ အရာလေးတွေတွေ့ကြုံရနိုင်သလို စိတ်ညစ်စရာတွေကိုလည်း Skip လုပ်လို့မရဘဲကို ကြုံရတာပါ။ ဒီလိုဖြစ်တဲ့အခါ အရမ်းကြီးကြီးမားမာစိတ်ထိခိုက်စရာဆိုရင် စိတ်ဓါတ်ကျတာက မခေါ်ရဘဲ အဖော်ပါလာပါတော့တယ်။ ဒီမဖိတ်ခေါ်တဲ့ ဧည့်သည်ကိုယ့်ဆီအလည်မလာအောင် အစားအသောက်လေးနဲ့ ထိန်းကြမယ်နော်။

    ကဲ စိတ်ဓါတ်မကျအောင် ဘာတွေစားမလဲ

    စိတ်ဓါတ်မကျစေဖို့ အတွက်ကတော့နေ့စဉ်စားသုံးတဲ့အခါ ဒါလေးတွေစားသုံးပေးပါ။

    သစ်ကြားသီး

    သစ်ကြားသီးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို Omega -3 fatty Acid ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။

    ငှက်ပျောသီး

    ခန္ဓါကိုယ်ထဲမှာပျော်ရွှင်စေတဲ့ဟော်မုန်းလို့ခေါ်တဲ့ ဒိုပါမင်ဟော်မုန်း ကိုထုတ်လုပ်ပေးတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့tyrosine နည်းလာတဲ့အခါ စိတ်ဓါတ်ကျလာတာပါ၊လို့လေ့လာမှုတွေအရသိရပါတယ်။ ငှက်ပျောသီး၊ အယ်လ်မွန်စေ့ နဲ့ ထောပတ်သီးတို့မှာtyrosine ကြွယ်ဝစွာပါဝင်နေတာကြောင့် စိတ်ဓါတ်မကျဖို့အတွက် အထောက်အပံဖြစ်စေမှာပါ။ ဒါကြောင့် ငှက်ပျောသီးကလည်း စားသင့်တဲ့အစားအစာပါ။

    ဆယ်လ်မွန်

    ဆယ်လ်မွန်၊တူနာနဲ့ ဆာဒင်းငါးတို့မှာ Omega-3 Fatty Acid ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ဓါတ်မကျစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာပြီး စိတ်ဓါတ်မကျစေဖို့ ပင်လယ်ငါးတွေစားပေးပါ။

    အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ

    အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ အဆီပါဝင်မှုနည်းတဲ့ ဒိန်ခဲ တို့မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက စားကောင်းရုံတင်မဟုတ်ဘဲ စိတ်ဓါတ်ကျတာကို တိုက်ဖျက်ပေးနိုင်ပါတယ်။

    လက်ဖက်စိမ်းရေနွေးကြမ်း

    လက်ဖက်စိမ်းရေနွေးကြမ်းမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်တဲ့ သီရာနင်လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ကြွယ်ဝစွာပါဝင်နေပါတယ်။ လန်းဆန်းတက်ကြွပြီး စိတ်ဖိစီးမှုကင်းစင်စေဖို့ မနက်ခင်းလေးကို လက်ဖက်စိမ်းရေနွေးကြမ်းလေးနဲ့ စတင်လိုက်ပါ။

    နနွင်း

    စိတ်ဓါတ်ကျတာများခံစားနေရလား စိတ်ခံစားမှုကောင်းဖို့ နနွင်းပါတဲ့ ဟင်းလေးဖြစ်ဖြစ် စားလိုက်ပါ။ နနွင်းက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို စိတ်ခံစားမှုကိုကောင်းစေဖို့လည်း အထောက်အကူပြုပေးပါတယ်။ စိတ်ဓါတ်ကျတာကို ကာကွယ်သက်သာစေနိုင်ပါတယ်။

    အနက်ရောင်ချောကလက်

    စိတ်ခံစားမှုအတွက် အထောက်အကူပြုပေးတဲ့ အစားအသောက်တွေကိုပြောပါဆိုရင် အနက်ရောင်ချောကလက်ကမေ့ထားလို့မရပါဘူး။ ဒါကြောင့် စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဖိစီးမှုကင်းစေဖို့အတွက် အနက်ရောင်ချောကလက်လေးကိုစားပေးပါ။

    နွားနို့

    နွားနို့က ဗီတာမင် D ကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းတဲ့အခါ လူကစိတ်ဓါတ်ကျတတ်ပါတယ်။ ဒါကြောင့် နို့ကို မကြိုက်ရင်တောင် တစ်နေ့တစ်ခွက်လောက်သောက်ပြီး စိတ်ဓါတ်ကျတာကို ခပ်ကင်းကင်းနေဖို့ သတိပေးချက်ထုတ်လိုက်လေနော်။

    မုန်လာဥနီ

    ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက စိတ်ဓါတ်ကျနိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့်ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ သခွားမွှေး၊ မုန်လာဥနီတို့စားပေးပါ။ စိတ်ဖိစီးမှုရော၊ စိတ်ဓါတ်ကျတာကိုရော သက်သာစေနိုင်မှာပါ။

    နေ့စဉ်စားသုံးမှုမှာ ဒီအစားအစာတွေထဲက ၂ မျိုးလောက်ပါအောင်စားပြီး စိတ်ဓါတ်ကျမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါ……….

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement