backup og meta

ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

    တစ်နေ့တာလှုပ်ရှားမှုအတွင်း လူတိုင်းမှာပင်ပန်းစိတ်ညစ်စရာတွေကတော့ ရှိကြမယ်ထင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကိုဖြေဖျောက်ကြပုံကတော့ တစ်ယောက်တစ်မျိုးစီ မတူကြလောက်ပါဘူး။ အချို့က စိတ်ညစ်စရာကို တရားနဲ့ဖြေတယ်၊ အချို့ကတော့ စိတ်ညစ်စရာကို စားစရာနဲ့ဖြေတယ်။ တချို့က ကာတွန်းကား ကြည့်ကြတယ်။ တချို့က သောက်စရာနဲ့ဖြေကြသူတွေလည်းရှိရင်ရှိကြမှာပါ။

    ဒီတစ်ခေါက် စိတ်ညစ်စရာကြုံတဲ့အခါဖြေဖျောက်လို့ရတဲ့ နည်းလေးတစ်ခုပြောပြပေးပါရစေ။ အကုန်အကျမများသလို ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိစေမယ့် နည်းလေးပါ။

    ကာတွန်းကား ကြည့်မယ်

    လူတိုင်းက ငယ်ရာကကြီးလာတာဆိုတော့ ကာတွန်းကားကို မကြည့်ဖူးတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ ကိုယ်အသည်းစွဲကြိုက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်တောင် ရှိရင်ရှိနေကြမှာပါ။ ကာတွန်းကားကြည့်တာက စိတ်ညစ်စရာကို ဘယ်လိုသက်သာစေလဲဆိုတာကို ပြောပြမယ်နော်။

    ကာတွန်းကားကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

    ကာတွန်းကားတော်တော်များများက ပျော်စရာလေးတွေနဲ့ အဆုံးသတ်တာများတော့ စိတ်ထဲကြည်နူးမိစေပါတယ်။ ပျော်စရာ၊ ရယ်စရာလေးတွေပါတဲ့ ကာတွန်းကားလေးတွေဆိုရင် ရယ်မောချင်လာအောင် စွဲဆောင်နိုင်တာကြောင့် စိတ်ပျော်ရွှင်တာမျိုး ဖြစ်သွားစေပါတယ်။

    စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းမျိုးဆိုရင်တော့ ကိုယ်တိုင်စီးမျောခံစားရင်း စိတ်ညစ်စရာကို ခဏလောက်တော့ မေ့သွားစေမှာပါ။ ကာတွန်းကားကြည့်ရင် အနည်းဆုံးတော့ပျော်ရွှင်သလို ခံစားရစေတာ အမှန်ပါပဲ။ လေ့လာမှုတစ်ခုအရ စိတ်ဓာတ်ကျနေတဲ့အခါ ကာတွန်းကားကြည့်လိုက်ရင် အတွေးအမြင်အသစ်တွေ ရရှိစေတယ်လို့ သိရပါတယ်။

    ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကတွန်းကားကြည့်တာက အခုလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။

    • သင်ခန်းစာ ရစေနိုင်တယ်

    ကာတွန်းကားတွေကို ကြည့်ရင်း စေတနာကောင်းတဲ့သူက အစပိုင်းမှာဘယ်လောက်ပဲ အခက်အခဲတွေတွေ့တွေ့ သူရဲ့ စိတ်ထားကောင်းတာကြောင့် နောက်ဆုံးမှာ ကံကောင်းတာတွေရတယ်ဆိုတာ သိမြင်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် – Cindrella story ထဲကလိုမျိုးပေါ့။

    ကာတွန်းကားကြည့်တာက မိဘတွေကိုလည်း ကလေးငယ်တွေကို ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကို သိမြင်စေပါတယ်။ ကာတွန်းကားတွေက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။ သူငယ်ချင်းကောင်းတွေ ရရှိအောင်ဘယ်လိုလုပ်ရမလဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို ပြသပေးပါတယ်။

    ကျန်းမာအောင် စားသောက်နေထိုင်တတ်ဖို့ကိုလည်း ကာတွန်းကားတွေက သင်ယူလို့ရပါတယ်။ ကာတွန်းကားတွေက အကောင်းအဆိုးကို ခွဲခြားသိရှိစေနိုင်ပြီး အခြားသူတွေကို ဘယ်လိုကူညီဖေးမရမလဲဆိုတာနဲ့ အခြားသူတွေနဲ့ မျှဝေတတ်တဲ့ စိတ်သဘောထားတွေကို ရရှိစေနိုင်ပါတယ်။

    • စိတ်ခွန်အား ရစေနိုင်တယ်

    ကာတွန်းကားတွေက ကလေးရော လူကြီးတွေကိုပါ နှစ်ခြိုက်သဘောကျစေနိုင်တဲ့ စိတ်အပန်းဖြေစရာတစ်မျိုးပါ။ ကာတွန်းကားကြည့်တာက နေ့စဉ်လူနေမှုဘဝအတွက် တော်တော်လေးအသုံးတည့်ပါတယ်။ ရယ်စရာကောင်းတဲ့ ကာတွန်းတွေ၊ ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေက စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေပါတယ်။ ကာတွန်းကား အကြည့်များတဲ့သူတွေက အကောင်းမြင်သဘောထားပိုများပါတယ်လို့လည်း လေ့လာမှုတွေအရ သိရပါတယ်။

    • လူမှုဘဝကို သိမြင်စေနိုင်တယ်

    ကလေးလေးတွေကို ကာတွန်းကားပြပေးမယ်ဆိုရင်လည်း ကလေးတွေက လူမှုဘဝရဲ့ နေထိုင်မှုပုံစံတွေကို သိရှိနိုင်မှာဖြစ်သလို ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါ သိရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို ဗဟုသုတတွေလည်း တိုးတက်စေမှာ အသေအချာပါပဲ။

  • ဝေါဟာရ ကြွယ်ဝစေတယ်
  • ကလေးတွေအနေနဲ့ ကာတွန်းကားကြည့်တဲ့အခါ ဇာတ်ကောင်လေးတွေကပြောနေတဲ့ စကားလုံးတွေကို နားရည်ဝလာပြီး စကားလုံးတွေကို ပြောတတ်လာမှာပါ။ မသိသေးတာတွေကိုလည်းသိရှိပြီး ဝေါဟာရလည်း ကြွယ်ဝလာမှာ ဖြစ်ပါတယ်။

    လေ့လာမှုအရ ကာတွန်းကားကြည့်တဲ့ ကလေးလေးတွေက ကာတွန်းကားမကြည့်တဲ့ ကလေးလေးတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုများကြတယ်လို့ သိရပါတယ်။ ကာတွန်းကားကြည့်တဲ့အခါ အချိတ်အဆက်တွေကို သိရအောင် အာရုံစိုက်ကြည့်ရှုတာကြောင့် ကလေးရဲ့ အာရုံစိုက်နိုင်စွမ်းက တိုးလာတာဖြစ်ပါတယ်။

  • စိတ်ခံစားမှုကောင်းမွန်စေနိုင်တယ်
  • ဖျားနေတဲ့ ကလေးလေးကို ကာတွန်းကားပေးကြည့်တဲ့အခါ နာရီအနည်းငယ်ကြာလာရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ နေမကောင်းတာကို မတွေးမိတော့ဘဲ ကာတွန်းကားထဲက အကြောင်းအရာတွေကို စိတ်ရောက်သွားပါလိမ့်မယ်။ ဒီလိုမျိုးစိတ်က ဖျားနာခံစားနေရမှုအပေါ်မှာ အာရုံမရှိတော့တဲ့အခါ နေရထိုင်ရကောင်းလာစေမှာပါ။ ကလေးကို အာရုံပြောင်းပေးလိုက်တဲ့သဘောပါ။

    • စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်

    ကာတွန်းကားတွေက ရယ်မောပြီး စိတ်ပျော်ရွှင်ရစေတာကြောင့် ကာတွန်းကား ကြည့်သူတွေမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါလိုမျိုးဝေဒနာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။ ကာတွန်းကားကြိုက်တဲ့ လူကြီးတွေက ကလေးငယ်တွေနဲ့ ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်သလို ပြဿနာတွေကိုလည်း ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။

    အခုလောက်ဆိုရင်တော့ ဘာကြောင့် ကာတွန်းကားကြည့်တာကောင်းတယ်လို့ပြောရလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ စိတ်ညစ်စရာကင်းတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement