backup og meta

ပျော်ရွှင်မှုကိုတိုင်းတာနည်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်မှုကိုတိုင်းတာနည်း

    ပျော်ရွှင်မှုကိုစိတ်ကျေနပ်နေသော ခံစားမှုများဟုယေဘူယျအားဖြင့်အဓိပ္ပါယ်သတ်မှတ်သည်။ ထို့ကြောင့် ထိုခံစားမှုကိုမည်သို့တိုင်းတာမည်နည်း။ ထိုကိစ္စမှာကိုင်တွယ်၍လက်ဆုပ်လက်ကိုင်ပြ၍မရသောစိတ်ဖြစ်သည့်အတွက် အနည်းငယ်ခက်ခဲပါသည်။ လက်တွေ့အသုံးချစိတ်ပညာတွင် ကျွမ်းကျင်သူနှင့် သုတေသီများက လူတစ်ဦးချင်းစီ၏ဘ၀ ၊ စိတ်အခြေအနေနှင့် ခံစားမှုများကိုတိုင်းတာရန် “ တစ်ဦးချင်းစီ၏ကျေနပ်ကျန်းမာခြင်း ” ဟူသောသဘောတရားကိုအသုံးပြုထားပါသည်။

    တစ်ဦးချင်းစီ၏ကျေနပ်ကျန်းမာခြင်းကိုဖွဲ့စည်းထားရှိမှု

    အကြောင်းအရာ ( ၃) ခုပါဝင်ပါသည်။ အပြုသဘောအကျိုးသက်ရောက်မှု ၊ အဆိုးမြင်သက်ရောက်မှု နှင့်ဘဝကိုကျေနပ်လက်ခံခြင်းတို့ဖြစ်သည်။ ထိုအကြောင်းအရာများသည် သင့်ဘဝ၏တွေ့ကြုံခဲ့ရသည်များမှတစ်ဆင့် သင့်စိတ်အခြေအနေနှင့် ခံစားမှုများကိုထင်ဟပ်နေသည်။ သင်ခံစားခဲ့ရသည်များကကောင်းမွန်သာယာသောအခါ “ အပြုသဘောအကျိုးသက်ရောက်မှု ” မှုများဖြစ်လာပြီး ၊ ကျေနပ်ဖွယ်မကောင်းသောအခါ “ အဆိုးမြင်သက်ရောက်မှု” များဖြစ်လာသည်။ နောက်ဆုံးဖြစ်သော “ဘဝကိုကျေနပ် လက်ခံခြင်း ” သည်သင်ကိုယ်တိုင်ကသင့်ဘဝတစ်ခုလုံးကိုအကဲဖြတ်ခြင်းဖြစ်သည်။ ထိုကိစ္စတွင်သင်ကိုယ်တိုင်မေးခွန်းများကိုမေး၍ ဖြေဆိုရမည်။ ဥပမာ “မင်းဘဝကိုမင်းကျေနပ်သလား” (သို့မဟုတ်) “မင်းဘဝမှာလိုချင်တာတွေကိုမင်းရခဲ့လား” (သို့မဟုတ်) “မင်းကြုံတွေ့ခံစားခဲ့ရတာတွေအားလုံးကိုပြောင်းလဲပစ်ချင်သလား” စသည်တို့ဖြစ်သည်။ လူတို့သည်ကြုံတွေ့ခဲ့ရသည်များကိုရွေး၍မှတ်မိတတ်ရာလူတို့၏ဘဝကိုလက်ခံခြင်း၌ အကဲဖြတ်ခြင်းသည်သင့်ဘဝသင်ကျေနပ်ခြင်းက ဘဝတစ်ခုလုံးတွင်ခံစားခဲ့ရသော စိတ်ကျေနပ်ဖွယ်ရာများထက်ပို၍ အရေးကြီးနေတတ်သည်။ သင်ကအကောင်းမြင်အတွေး (သို့မဟုတ်) အပြုသဘောဆောင်သောအတွေးများ၍ အဆိုးမြင်အတွေးနည်းသောအခါ သင့်ဘဝသည် ပိုမိုကျေနပ်ပြီးပျော်ရွှင်မှုပမာဏများများကိုလည်းခံစားရလိမ့်မည်။ ရှင်းအောင်ပြောရလျှင် သင်ကိုယ်တိုင်ကပျော်နိုင်သမျှ ပျော်အောင်နေ၍ နာကျင်မှုကိုရှောင်ရှားဖို့လိုသည်ဟုဆိုလိုပါသည်။

    သင်၏ပျော်ရွှင်စိတ်ကျေနပ်မှုကိုတိုင်းတာခြင်း

    သင့်ပျော်ရွှင်မှုကိုတိုင်းတာရန် နေ့တစ်နေ့တွင် သင့်ကိုပျော်ရွှင်စေသောအခြေအနေများကိုဇယားဆွဲ၍ စာအုပ်လုပ်ထားပါ။ ထိုအခါ သင့်ဘဝနှင့် ပတ်သတ်၍စိတ်ကျေနပ်မှု ၊ သင့်ဘဝနှင့် ပတ်သက်သောစိတ်ခံစားမှုများကိုပို၍နားလည်လာလိမ့်မည်။

    ထိုအကြောင်းအရာများကို သင်ကိုယ်တိုင်သိရှိရန်အောက်ပါတို့ကိုပြုလုပ်ပါ။

    • ဖုန်းမှနာရီကိုတစ်နာရီတစ်ခါအချက်ပေးရန် ပြုလုပ်ထားပါ။
    • ထို့နောက် “ သင့်တွင်အပြုသဘောဆောင်သောစိတ် (သို့မဟုတ်) အဆိုးမြင်စိတ်ဖြစ်နေလား” ဟုမေးပါ။
    • လွယ်ကူသောနည်းဖြင့်အဖြေကိုမှတ်သားပါ။ ဥပမာ (၁) လုံး၀ (၂) အနည်းငယ် (၃) အတော်အသင့် (၄) အလွန်။
    • ခံစားမှုတစ်ခုခု( ပျော် / မပျော် ) ကိုနံပါတ်စဉ်နှင့်မှတ်သားထားပါ။
    • သင်မကြာခင်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကိုအကြောင်းအရာခွဲ၍ အသေးစိတ်မှတ်သားထားပါ။
    • သင်ခံစားနေရသောအကောင်းမြင်စိတ် ( သို့မဟုတ် ) အဆိုးမြင်စိတ်အတွက် ဖြေရှင်းချက်ကိုပါရေးချထားပါ။
    • ဘဝကိုကျေနပ်လက်ခံခြင်းကိုသတ်မှတ်နိုင်ရန်သင့်အနေဖြင့်
    • နေ့တစ်နေ့၏အဆုံးတွင် “ သင့်ဘဝကိုသင်ကျေနပ်လား” ဟုမေးပါ။
    • အဖြေကိုအဆင့်သတ်မှတ်ပါ။ ဥပမာ (၁)အလွန်စိတ်ပျက်သည် (၂) အတော် အသင့်စိတ်ပျက်သည် (၃) အနည်းငယ်သာစိတ်ပျက်သည် (၄) မည်သို့မျှမတွေးတတ်ပါ (၅) အနည်းငယ်ကျေနပ်သည် (၆) အတော်အသင့်ကျေနပ်သည် (၇) အလွန်ကျေနပ်သည်။
    • သင့်တစ်နေ့တာကိုစာကြောင်းတစ်ကြောင်း ၊ နှစ်ကြောင်းခန့်ရေး၍မှတ်တမ်းပြုထားပါ။

    ထိုနည်းလမ်းများကိုရက်သတ္တပတ်အနည်းငယ်ကြာပြုလုပ်ပါ။ ထိုအခါ အချိန်နှင့်လိုက်၍ သင်ကိုယ်တိုင်ကသင်၏ပျော်ရွှင်မှုကိုသတ်မှတ်နိုင်ရုံမျှမက သင့်ကိုပျော်ရွှင်စေသော (သို့မဟုတ်) စိတ်ဓါတ်ကျစေသောအပြုအမူများကိုသင်တွေ့ရှိလာမည်။ ထိုမှတစ်ဆင့် သင့်ဘဝကိုပိုမိုပျော်ရွှင်အားတက်ဖွယ်ဖြစ်အောင် ပြုပြင်ပြောင်းလဲယူ၍ ရနိုင်လာပါမည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement