backup og meta

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

    အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ရှိတယ်လို့များ ကြားဖူးကြလား!

    အသည်းကွဲတယ်ဆိုတာ…. အရူးလိုပဲလား ..”

    နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။

    မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် “အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး”ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။

    အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

    အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး တော့ မရှိပါဘူး။ ဒီနည်းလမ်းလေးတွေနဲ့တော့ သက်သာအောင် လုပ်လို့ ရပါတယ်။

  • အချိန်ယူပါ
  • ပြတ်စဲခြင်းတွေက သင့်ရဲ့ စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း ၊ စိတ်ဓာတ်ကျခြင်း  စတာတွေကို ခံစားရစေတဲ့ မီးပွားတစ်ချက်ပါပဲ ။  ဒါ့ကြောင့် ‌ဆံပင်ကောက်တာ ၊ shopping ထွက်တာ စတဲ့စိတ်ဖြေစရာတွေက အာရုံလွှဲတာသာဖြစ်ပြီး မူရင်းပြသနာကို လွတ်သွားတတ်ပါတယ် ။ ကြာလာလေလေ စိတ်ဓာတ်ကျလေလေ ၊ ကိုယ့်ကိုယ်ကိုလည်း image ကျစေတတ်တဲ့အတွက် ကိုယ်ဘာဖြစ်နေလဲဆိုတာ သိဖို့ အရေးကြီးပါတယ် ။ ဒီအတွက် ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိဖို့အတွက် အချိန်ယူပါ ။

    • Social media တွေကို ခဏမေ့ထားပါ

    ချစ်သူဟောင်းရဲ့ Facebook account ထဲ မကြာခဏ ဝင်ကြည့်နေခြင်းက သင့်စိတ်ကို ကြေကွဲဒေါသဖြစ်စေရုံကလွဲပြီး ဘာမှထူးလာမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် တစ်ဖက်လူက ပျော်နေရင် ကိုယ်ပါ စိတ်ဓာတ်ကျခြင်းကို ခံစားရမှာ အသေအချာပါပဲ ။ အသည်းကွဲနေချိန်မှာ Facebook ၊ Instagramစတဲ့ social media တွေကို ခဏရပ်ထားပါ ။

    မြန်မာလို လူသိအများဆုံးကတော့ တရားထိုင်ခြင်းပါ ။ တနည်းအားဖြင့် ဘုရားကုကုခြင်းလို့ အမည်ပေးလို့ရပါတယ်။ အရာအားလုံးကို သူ့သဘာဝအတိုင်းပဲ ရှိစေပြီး  ဖြစ်ပျက် မှတ်နေခြင်းက သင့်ကိုယ်ရော စိတ်ကျန်းမာရေးအတွက် ထိရောက်တဲ့ကုသမှု တစ်ခုပါ ။ တရားထိုင်ခြင်းအပြင် ယောဂကျင့်ခြင်း စတဲ့နည်းလမ်းတွေကလည်း အပူတွေကို သက်သာစေပြီး စိတ်ရဲ့ ငြိမ်းချမ်းမှုတွေ ရစေမှာ အသေအချာပါပဲ ။

    • ကိုယ့် timeline ကို သတ်မှတ်ပါ

    ပြတ်စဲသွားတဲ့နောက်မှာတော့ အတူတူရည်ရွယ်ထားတဲ့ ဘဝမှတ်တိုင်တွေ ပျက်စီးသွားတာ အသေအချာပါပဲ။ ဒီအတွက် ဝမ်းနည်းတာ ဖြစ်သင့်သလို ကိုယ်ကိုယ်တိုင် ဘယ်သူမှ အားမကိုးဘဲ ကြိုးစားရမယ့် လမ်းကြောင်းကိုလည်း အချိန်မနှောင်းခင် ပြန်လည်စီစဉ်ပါ ။ အထူးသဖြင့် ဘယ်နှစ်မှာတော့ ဘယ်အဆင့်ရောက်နေသင့်ပြီဆိုတဲ့ career development အတွက်ကို ပြန်လည် ဂရုစိုက်ပါ။ ဒါမှသာ အသည်းကွဲပြီးတဲ့နောက် ကိုယ့်ဘဝပါ မပျောက်ဆုံးအောင် ဖြစ်ပါတယ် ။

    အားလုံးပဲ ကျေးဇူးတင်ပါတယ်

    ကွဲအက်သွားတဲ့ နှလုံးသားက ဒဏ်ရာတွေ အမြန် အနာကျက်နိုင်ပါစေ

    ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement