သတင်းဆိုတာမျိုးရဲ့ ၉၉% က ဆိုးရွားတာတွေ စိတ်ညစ်ညူးစရာတွေ အပြည့်နဲ့ ရယ်ပါ။ ကြောက်စရာ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို မြင်ရတဲ့အခါမျိုးမှာ ကြောက်ရွံ့စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်၊ ရွံ့ရှာစိတ်တွေ ဖြစ်ပေါ်တတ်တာ လူ့သဘာဝပါပဲ။ ဒီတော့ ဒါမျိုးအဖြစ်အပျက်တွေကို ရှောင်လွှဲချင်ရင် သတင်းကို တတ်နိုင်သမျှ သတင်းဆိုးတွေ နဲ့ဝေးအောင် ကြိုးစားပါ။ ဖုန်းတွေက News Alert တွေ Noti တွေကို ပိတ်ထားပါ။ အထူးသဖြင့် ညဘက်တွေမှာပေါ့။
၂။ ကြောက်တတ်တာတွေကို စာရင်းလုပ်ထားပါ
စိတ်သောကရောက်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ် လို့မရတဲ့အခါမျိုးမှာ လူတွေရဲ့ ဦးနှောက် အဲ့ဒီကိစ္စတွေကနေ ဖောက်ထွက်ဖို့ နည်းလမ်းရှာပါတယ်။ ဒီလို အာရုံလွှဲနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ စာရင်းပြုစုရေးချလိုက်တာပါပဲ။
ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ စိုးရိမ်ပူပန်မှုတွေ သောကတွေ အကြောက်တရားတွေကို များမျာတွေးပေးပြီး များများရေးချပါ။ ကိုယ့်ရဲ့ ဦးနှောက် ဒါကို များများတွေးမိ လက်ခံမိလာလေလေ မိမိကိုယ်တိုင်လည်း ပိုပြီး တည်ငြိမ်လာလေလေပါပဲ။
၃။ အိပ်ယာဝင်ခါနီးမှာ အီလက်ထရွန်န် ပစ္စည်းတွေကို ပိတ်ထားပါ
အိပ်ရာဝင်ခါနီးမှာ ဖြစ်နိုင်သမျှ ကိုယ့်ရဲ့ ဖုန်း၊ တီဗီ၊ အင်တာနက်စတာတွေကို ပိတ်ထားတာက အကောင်းဆုံးပါပဲ။ ပိုကောင်းတာကတော့ စိတ်နှလုံးအေးချမ်းစေမယ့် စာအုပ်မျိုးလေးတွေ အိပ်ရာဝင်ခါနီး မိနစ် ၂၀ လောက်ဖတ်ပေးတာမျိုးလုပ်ပေးရင် ပိုကောင်းပါတယ်။
၄။ တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။