backup og meta

ချစ်ခင်နှစ်သက်သူကိုဆုံးရှုံးရသော ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်မလဲ


Kyaw Thura Htun မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခင်နှစ်သက်သူကိုဆုံးရှုံးရသော ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်မလဲ

    သင်ချစ်တဲတစ်စုံတစ်ယောက်ကိုဆုံးရှုံးရတာကလုံးဝမလွယ်ကူပါဘူး။ ဒီဆုံးရှုံးမှုကြောင့်သင်ပြောင်းလဲသွားနိုင်သလိုဒီဆုံးရှုံးမှုကြောင့်ဘဲသင်ဘယ်လိုဆက်လက်ှငသန်ရမလဲဆိုတာကိုသိနိုင်ပါတယ်။

    ဝမ်းနည်းပူဆွေးခြင်းကသင်တစ်စုံတစ်ယောက်သို့မဟုတ်အရေးကြီးတဲ့တစ်စုံတစ်ခုကိုံးရှုံးတဲ့အခါပုံမှန်ဖြစ်လေ့ရှိတဲ့ကျန်းမာတဲတုံ့ပြန်မှုတစ်ခုပါ။ သင်ချစ်တဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးတဲ့အခါတုန်လှုပ်မှုနဲ့ဝမ်းနည်းပူဆွေးခြင်းကသင့်ကိုလွှမ်းမိုးသွားပါတယ်။ ဒီလိုဆုံးရှုံးတဲ့အခါသင့်စိတ်ခံစားချက်တွေကအဆင့်လိုက်ဖြစ်ပေါ်ပါတယ်။ ဆရာဝန်တွေကဝမ်းနည်းပူဆွေးခြင်းကိုအဆင့်ငါးဆင့်သတ်မှတ်ထားပါတယ်။ ငြင်းကွယ်ခြင်း၊ ဒေါသထွက်ခြင်း၊ထိန်းညှိခြင်း၊စိတ်ဖိစီးခြင်းနဲ့လက်ခံခြင်းတို့ဖြစ်ပါတယ်။ လူတိုင်းကဒီအဆင့်တွေကိုဘဲသူတို့နည်းသူတို့ဟန်နဲ့ကြုံတွေ့ကြရပါတယ်။

    လူတိုင်းဟာသူတို့ရဲ့ခံစာူချက်တွေကိုထိန်းချုပ်ပုံချင်းမတူပါဘူး။ အောက်ဖော်ပြပါအကြံပြုချက်တွေကသင့်ခံစားချက်တွေကို ကောင်းစေဖို့နည်းလမ်းတွေပါ။

    • သတိမှတ်နေပါ – အချိန်တိုင်းဖြစ်ပျက်နေတာတွေကိုဖြစ်ပျက်နေတယ်လို့သတိထားနေပြီးနားခါးလွန်းတဲ့အမှန်တရားကိုလည်းလက်ခံပြီးသင့်ကိုယ်အကူအညီနိုင်ဆုံးဖြစ်မယ့်တုံ့ပြန်မှုနဲ့တုံ့ပြန်ပါ။ တရားထိုင်းခြင်းနဲ့စိတ်ငြိမ်စေတဲ့နည်းလမ်းများဥပမာ – အသက်ရှူသွင်းရှူထုတ်စတဲ့နည်းလမ်းတွေကသင့်ကိုသတိကပ်စေပြီးဝမ်းနဲပူဆွေးခြသ်းတွေနဲ့လွှမ်းမိုးတာမခံရတော့ပါဘူး။
    • ရင်ဖွင့်ပါ – သင်ခံစားနေရတာတွေကိုအသိအမှတ်ပုခံရခြင်းကသင့်ကိုအများကြီးကူညီပါတယ်။ သင်ဘယ်လိုခံစားနေရလဲဆိုတာတစ်ပါးသူတွေဆီရင်ဖွင့်ပြီးမိမိကိုယ်ကိုအသိအမှတ်ပြုပါ။
    • စိတ်ရှည်ပါ – သင်ပြန်ကောင်းလာဖို့ကအချိန်ယူရပါတယ်။ သင့်ဝမ်းနည်းပူဆွေးမှုတွေကိုထိန်းချုပ်နေရချိန်မှာဆုံးဖြတ်ချက်ချရတာခက်ပါတယ်။ အကောင်းဆုံးကအရေးကြီးတဲဆုံးဖြတ်ချက်တွေကိုသင်ပုံမှန်ပြန်ဖြစ်တဲ့ထိရွှေ့ထားသင့်ပါတယ်။
  • သင့်ကိုယ်သင် ပျော်အောင်ထားပါ – ရီမောခြင်းကသင့်ကိုကုသပေးပါလိမ့်မယ်။ ဒါပေမယ့်လည်းငိုတာကလည်အဆင်ပြေပါတယ်။ လူမှုရေးလှုပ်ရှားမှုတွေထဲပါဝင်နိုင်သလောက်ပါဝင်ပါ။
    • သင့်ကိုယ်သင်ဂရုစိုက်ပါ – ကျန်းမာစွာနေပြီးစားနိုင်သလောက်စားပါ၊ လေ့ကျင့်ခန်းလုပ်နိုင်ရင်လုပ်ပါ။ အရက်နဲ့တခြားမူးရစ်ဆေးတွေကိုရှောင်ပါ။ သူတို့ကသင့်ခံစားချက်တွေကိုထိန်းချုပ်ရာမှာပိုဆိုးစေပါတယ်။

    သင့်ကိုနှစ်သိမ့်ပေးမယ့်သူတွေရှာပါ –

    သင်လိုအပ်နေချိန်မှာသင့်အတွက်ရှိပေးနေတဲ့သူတွေရှိတာသိဖို့အရေးကြီးပါတယ်။ သူငယ်ချင်းတစ်ယောက်ဒါမှမဟုတ်မိသားစုဝင်တစ်ယောက်ဒါမှမဟုတ်ျဆးဘက်ဆိုင်ရာကျွမ်းကျင်သကိုရင်ဖွင့်လိုက်တာကလည်းသင့်ကိုသက်သာစေပါတယ်။ နှစ်သိမ့်ပေးတဲ့အဖွဲ့အစည်းလိုမျိုးကလည်းတစ်ယောက်ချင်းစီရဲ့အတွေ့အကြုံတွေခံစားနေရတာတွေကိုနားလည်ပေးကြတဲ့အတွက် ရွေးချယ်သင့်ပါတယ်တစ်ယောက်ယောက်ကိုဆုံးရှုံးပြီးပူဆွေးနေရတာကရိုလာကိုစတာကိုအပေါ်တက်လိုက် အောက်ဆင်းလိုက်စီးနေရတာနဲ့တူပါတယ်။ သင်ဆုံးရှုံးရတာအတွက်ခံစားရတာကတော်ရုံနဲ့မပျောက်ပါဘူး။ ဒါပေမယ့်အချိန်ကြာလာတာနဲ့ပြန်ကောင်းစပြုလာပါလိမ့်မယ်။ တကယ်လို့သင့်ပူဆွေးမှုကတဖြည်းဖြည်းမပျောက်ဘူးဆိုရင်ကျွမ်းကျင်သူတွေရဲ့အကူအညီတောင်းပါ။

    Hello Health Group does not provide medical advice, diagnosis or treatment.

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement