backup og meta

ကိုယ့်ကိုယ်ကို အကောင်းပြောအားပေးခြင်းက ဘယ်လိုခြားနားခြင်းတွေ ပေးစွမ်းနိုင်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကို အကောင်းပြောအားပေးခြင်းက ဘယ်လိုခြားနားခြင်းတွေ ပေးစွမ်းနိုင်သလဲ

    ကိုယ့်ကိုယ်ကိုယ်အကောင်းပြောအားပေးခြင်းကခြားနားမှုဖြစ်စေနိုင်လား

    ကိုယ့်ကိုယ်ကိုစကားပြောတယ်ဆိုတာကစိတ်ထဲမှာသင့်ကိုယ်ကိုသင်စကားပြောနေခြင်းပါ။ ယုံချင်ယုံ၊ မယုံချင်နေပါ။ သင့်ကိုယ်သင်ဘယ်လိုပြောလဲဆိုတာကသင့် စိတ်ခံစားချက်နဲ့အပြုအမူအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။

    ဒါကြောင့်လည်းသင့်ကိုယ် သင် ပြောဖြစ်တဲ့ကိုယ်လက်လှုပ်ရှားမှုအကြောင်းတွေ၊ ကျန်းမာရေးအကြောင်း

    တွေကိုသတိပြုမိဖို့လိုပါတယ်။ ဒါကသင့်ရဲ့အစီအစဉ်အတိုင်းလုပ်လုပ်မလုပ်လုပ်သင့်ရဲ့လုပ်ဆောင်ချက်တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။

    သင့်ကိုယ်သင် “ငါကကြံ့ခိုင်တဲ့အကောင်မှမဟုတ်တာ၊ဒီလိုလေ့ကျင့်ခန်းတွေဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဒီလိုမျိုးသင်ကျရှုံးစေနိုင်မယ့်စကားတွေမပြောပါနဲ့။

    ကံကောင်းစွာနဲ့ပဲသင့်ရဲ့မကောင်းမြင်တဲ့မိမိကိုယ်ကို ပြောစကားတွေကိုလက်တွေ့ကျတဲ့အကောင်းမြင်တဲ့အတွေးတွေအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။

    နောက်တစ်ခါ လေ့ကျင့်ခန်းတွေနဲ့ပတ်သက်ပြီးသင့်အနေနဲ့မကောင်းတဲ့အတွေးတွေးမိရင်အဲဒီမကောင်းတဲ့အတွေးကိုပစ်ချပြီး ကောင်းမွန်တဲ့အားပေးစကားကိုမိမိကိုယ်ကိုပြန်ပြောနိုင်အောင်ကြိုးစားပါ။

    အဆိုးမြင်အတွေးများနဲ့အကောင်းမြင်အတွေးများ

    အဆိုးမြင်အတွေး

    ဥပမာ-ငါအရင်တစ်ပတ်ကတစ်ရက်မှလမ်းမလျှောက်ခဲ့ဘူး။ ငါဟာလေ့ကျင့်ခန်းဘက်မှာလုံးဝအရှုံးသမားပဲ။

    အကောင်းဘက်ကပြန်တွေးရင်အရင်အပတ်က၇ရက်မှာ၄ရက်လမ်းလျှောက်ခဲ့တယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။

    အကောင်းကိုအဆိုးတွေးခြင်း

    ဥပမာ-ငါကားကိုစတိုအပေါက်ဝကနေ အဝေးကြီးမှာ ပါကင်ထိုးတာက အနီးမှာထိုးစရာပါကင်ရှာမတွေ့လို့။

    အကောင်းဘက်ပြန်တွေးရင် ။ ။ ငါလမ်းလျှောက်ရတာကြိုက်လို့၊လမ်းလျှောက်တာကကျန်းမာရေးလည်းကောင်းလို့။

    အကြမ်းဖျင်းတွေးတောခြင်း

    ဥပမာ-ငါမပြေးနိုင်ဘူး။ ဒါကြောင့်ငါကျန်းမာရေးကောင်းဖို့လုံလောက်တဲ့လေ့ကျင့်ခန်းမရခဲ့ဘူး။

    အကောင်းဘက်ပြန်တွေးရင်။ ။ ငါလမ်းလျှောက်ဖြစ်တာဝမ်းသာတယ်။ ဘာလေ့ကျင့်ခန်းမှမလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။

    အဆိုးဘက်ကအဓိပ္ပါယ်ကောက်ခြင်း

    ဥပမာ-ဆရာဝန်ကငါလေ့ကျင့်ခန်းမလုပ်ခင်ခြေထောက်ကိုစစ်ဆေးခိုင်းတယ်။ ဒါက လေ့ကျင့်ခန်းလုပ်တာကငါ့ခြေထောက်အတွက်မကောင်းလို့နေမယ်။

    အကောင်းဘက်ကတွေးရင်။ ။ ငါ့မှာဆီးချိုရှိတဲ့အတွက်ငါ့ခြေထောက်ကိုဂရုစိုက်ရမယ်။ ဆရာဝန်ကစစ်ဆေးခိုင်းလိုက်တာကောင်းတယ်။

    တစ်ကိုယ်ကောင်းအတွေး

    ဥပမာ-မိုးလေဝသကငါနဲ့ဆန့်ကျင်ဘက်ပဲ။ ငါလမ်းလျှောက်ဖို့စီစဉ်ထားပေမယ့် မိုးက သည်းကြီးမည်းကြီး တောက်လျှောက်ရွာနေတယ်။

    အကောင်းဘက်ကပြန်တွေးရင်။ ။ မိုးလေဝသဆိုတာခန့်မှန်းလို့မှမရပဲ။ ငါဒီနေ့လိုမျိုးမိုးရွာတဲ့နေ့တွေမှာအိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်မယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement