အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 7, 2020 . 2 mins read
Share now

ပုံမှန် ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက် လက်နဲ့အာသာဖြေပြီး၊ လိင်ဆက်ဆံပြီးနောက် ဆန္ဒအထွတ်အထိပ်ကို ရောက်သွားတဲ့အခါ (Orgasm) ခေါင်းမူးသလို၊ မိုက်ကနဲ လဲချင်သလို ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်တတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိသေးပေမဲ့ ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေကိုတော့ ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။ တစ်ခုခုဆို သုက်လွှတ်ပြီးမှ ခေါင်းမူးလာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ပုရိသတွေလည်း အဖြေရှာရလိမ့််မယ်လို့ မျှော်လင့်မိပါတယ်။

၁။ ဆီးကျိတ်ကြီးဆေး သောက်နေရခြင်း

BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရလွယ်ကူအောင် သောက်ရတဲ့ ဆေးတွေ ရှိပါတယ်။ ဒီဆေးဟာ ရောဂါအတွက် သောက်ဆေးဆိုတာ မှန်ပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ သုက်လွှတ်ဖို့ အချိန်ကြန့်ကြာခြင်း၊ သုက်မလွှတ်နိုင်တာ၊ သုက်လွှတ်ပြီးသွားတဲ့အခါ ခေါင်းမူးသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုး ခံစားနေရတယ်ဆိုရင်တော့ ကိုယ်ပြနေကျဆရာဝန်နဲ့ သေချာပြန်ပြပြီး ဆေးပြောင်းတာ၊ ဆေးရပ်တာမျိုး အကြံတောင်းကြည့်လို့ ရပါတယ်။

၂။ ခွန်အားတွေ အလွန်အကျွံ အသုံးပြုရခြင်း

ဒါကတော့ အာသာဖြေတာထက် လိင်ဆက်ဆံတာနဲ့ ပိုဆိုင်မှာပါ။ လိင်ဆက်ဆံတဲ့အခါမှာ ထိုးသွင်းမှုပြုရတဲ့ အမျိုးသားတွေက ပိုမိုအားစိုက်ထုတ်ရပါတယ်။ ဒီအတွက်ကြောင့် အားအင်ပြည့်ဖြိုးနေမှ လိင်ဆက်ဆံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိရင် လူတွေက အားမရှိတတ်တဲ့အတွက် အားအင်ကုန်ခမ်းလောက်စရာ လိင်မှုကိစ္စ ပြုလုပ်တဲ့အခါ ဦးနှောက်က အောက်စီဂျင်ပြတ်သွားသလို ဖြစ်တတ်ပြီး မူးတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် လိင်မှုကိစ္စ မစတင်ခင် အနည်းဆုံး ၂နာရီ အလိုမှာ ဝဝလင်လင် အစာစားထားဖို့ လိုပါတယ်။ အစာရှိမှ အားရှိမှာ ဖြစ်လို့ ကိုယ့်လူတွေလည်း ဗိုက်ဟောင်းလောင်းနဲ့ လိင်ဆက်ဆံတာမျိုးတော့ တတ်နိုင်သလောက် ရှောင်ပေးပါနော်။

၃။ ရေဓာတ် မလုံလောက်ခြင်း

အားကစားလုပ်တဲ့အခါ ရေဓာတ် လုံလောက်ဖို့လိုတယ်ဆိုတာ အမျိုးသားတော်တော်များများ သိထားပြီးသားဖြစ်မှာပါ။ ရေဓာတ်ဟာ သွေးတွင်း အောက်စီဂျင်လည်ပတ်စီးဆင်းနှုန်းကို မြန်ဆန်စေသလို အားအင်တွေကို ဖြစ်စေပြီး ဦးနှောက်အာရုံကြောစနစ်ကို လန်းဆန်းတက်ကြွစေတယ်။ ရေဓာတ်မလုံလောက်ဘဲ လိင်ဆက်ဆံမှု ပြုတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုဖြစ်ပြီး ခေါင်းမူးတာ၊ မျက်စိက ပြာကနဲ ဖြစ်သွားတာ၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် လိင်ဆက်ဆံတဲ့အခါ ကိုယ့်အနားမှာ ရေဆောင်ထားဖို့ လိုပြီး အများကြီးသောက်တာထက် အာစွတ်ရုံလောက် သောက်ပေးနိုင်ရင် ရပါတယ်။

၄။ ကြာဆေးများ သောက်ခြင်း

လိင်တံထောင်မတ်နိုင်ဖို့၊ သုက်လွှတ်ရန် အချိန်ကြာဖို့ ကြာဆေးအကူအညီ ယူတဲ့အခါ လိင်အင်္ဂါအတွင်းသာမက ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးကြောများဟာ ကျယ်သွားပါတယ်။ သွေးစီးဆင်းမှုဟာလည်း ပိုမြန်ဆန်လာသလို သုက်လွှတ်လိုက်တဲ့အခါ စုစည်းနေတဲ့သွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးစီသို့ လျင်မြန်စွာ ပြန့်သွားတဲ့အတွက် အောက်စီဂျင် ခေတ္တခဏ ပြတ်လပ်မှုဖြစ်ပြီး မူးသွားတတ်ပါတယ်။ အထူးသဖြင့် ကြာဆေးကို စွဲသောက်နေသူတွေ၊ သွေးတိုး၊ နှလုံးရောဂါရှိသူတွေ၊ အာရုံကြော အားနည်းသူများ ကြာဆေးသောက်ပြီး လိင်ဆက်ဆံတဲ့အခါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကြာဆေး အားပမာဏကို လျှော့သောက်တာ၊ ကြာဆေးအကူမယူဘဲ လိင်ဆက်ဆံခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

၅။ ရောဂါအခံ တစ်ခုခုရှိခြင်း

ကိုယ်မသိသေးတဲ့ ရောဂါအခံ တစ်ခုခုရှိနေတဲ့အခါ၊ သို့မဟုတ် ကိုယ့်မှာရှိတဲ့ ရောဂါအတွက် ဆေးတွေ သောက်နေရတဲ့အခါ ဒီပြဿနာတွေက ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒနဲ့ လိင်မှုရေးရာကို သွားပြီး သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာ လိင်ဆက်ဆံတဲ့အချိန်တိုင်း မူးပြီး မောနေတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူမဝတာ၊ မျက်လုံးထဲ ပြာပြီး ဘာမှမမြင်ရတာ၊ နားထဲ စူးကနဲ အသံတွေကြားနေရတာတွေ မကြာခဏ ဖြစ်နေတတ်ရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး သုက်လွှတ်ပြီးနောက် အမျိုးသားများ ခေါင်းမူးသလို အဖြစ်များ ကြုံတွေ့ရခြင်းဟာ အဖြစ်နည်းတဲ့ ကိစ္စဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို ဖြစ်နေရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသားဆရာဝန်နဲ့ ပြသပြီး ကိုယ့်ကျန်းမာရေးကို စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက် ပန်းနာရင်ကြပ် ပြင်းထန်ဓာတ်မတည့် ကော်တီစောဟော်မုန်း steroid withdrawl syndrome စပ်ဆေး Adrenal crisis tapering အကိုက်အခဲပျောက်ဆေး ဘေးထွက်ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

အိပ်ယာပေါ်နှစ်ပါးသွားချိန်မှာ စိတ်ကျေနပ်မှုပေးချင်ကြတာ သဘာဝပါပဲ။ လိင်စွမ်းဆောင်ရည်ကို ဆီးချိုရောဂါက ဖျက်ဆီးနိုင်တယ်ဆိုတာ သိပြီးပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ကျောက်ကပ်ထိခိုက်လို့ကျောက်ကပ်ဆေးနေရတယ်ဆိုရင်အနေအထိုင်အစားအသောက် အတော်လေးဂရုစိုက်ရတာပါ။ကျောက်ကပ်ဆေးနေရတဲ့ဖိုးဖိုးဖွားဖွားတွေကျန်းမာနေစေဖို့ဘာတွေဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှင်းခူရှိသူ ကျန်းမာစေဖို့

နှင်းခူရှိသူ ကျန်းမာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 1 min read

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ငရုတ်ပွနဲ့ကျန်းမာရေး

ငရုတ်ပွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read