အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 30, 2020 . 2 mins read
Share now

ခုဆိုရင် ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့ မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွေရာသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှုဟာ ဘာလို့ အရေးကြီးတာလဲ။

တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိက ချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေ ကိုယ်နံ့ အရမ်းမပြင်းဖို့ ဘာတွေ လုပ်သင့်လဲသိထားမှ မလိုလားအပ်တဲ့ အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

ယောက်ျားလေးတွေ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဘယ်လို ဂရုစိုက်မလဲ။

၁။ ပုံမှန် ရေချိုးပေးပါ။

မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နွေရာသီလို ပူပြင်းခြောက်သွေ့တဲ့ အချိန်မျိုးမှာ ချွေးအရမ်းထွက်တာကြောင့် ကိုယ်ခန္ဓာမှာ ဘက်တီးရီးယား အောင်းနေဖို့ ပိုပြီးလွယ်တဲ့အတွက် ရေများများ ချိုးပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ချွေးနံ့ပြင်းတဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာ၊ ရေနဲ့ သေချာတိုက်ချွတ်ဆေးကြောဖို့လည်း အရေးကြီးပါတယ်။

၂။ ရေကို ခြောက်အောင် သုတ်ပါ။

ရေချိုးပြီးတာနဲ့ မသုတ်ဘဲ ရေစိုအတိုင်း အဝတ်ဝတ်တာမျိုးက အရေပြားမှာ မှိုပိုးစွဲကပ်ဖို့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ရေချိုးပြီးရင် ရေကို ခြောက်အောင် သုတ်ပါ။ ခြောက်သွားပြီဆိုမှ သန့်ရှင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။

၃။ အမွေးအမျှင်များကို ရိတ်ပါ။

အမွေး အရှည်ထားရင် ယောက်ျားပီသတယ်လို့ တော်တော်များများ ထင်တတ်ကြပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ဆိုတော့ အပြစ်မပြောလိုပါဘူး။ သတိထားဖို့ လိုတာကတော့ အမွေးထူတဲ့ နေရာတွေမှာ ချွေးပိုထွက်ပါတယ်၊ ချွေးထွက်များပြီး ဘက်တီးရီးယားပိုးတွေ အောင်းနေတဲ့အခါ အနံ့ပိုနံပါတယ်။ အထူးသဖြင့် ချိုင်း၊ လိင်အင်္ဂါတစ်ဝိုက်မှာ အမွေးတွေ ရှည်နေရင် ပိုအနံ့ပြင်းတတ်ပါတယ်။ ဒါကြောင့် လုံးဝမရိတ်ပစ်ရင်တောင် ကပ်ကြေးနဲ့ ပါးသွားအောင် ညှပ်ပေးနိုင်ရင်တော့ ချွေးနံ့ပြင်းတဲ့ ပြဿနာကို ထိန်းချုပ်နိုင်မှာပါ။

၄။ ပေါင်ဒါ ရိုက်ပေးပါ။

ကလေး ပေါင်ဒါမျိုးတွေကို ချိုင်း၊ ပေါင်ခြံမှာ မထူမပါး လိမ်းပေးခြင်းဖြင့် ချွေးမရမ်း မထွက်စေသလို အနံ့လည်း အရမ်းပြင်းတော့မှာ မဟုတ်ပါဘူး။

၅။ အဝတ်အစားကို သေချာရွေးချယ်ပါ။

ကိုယ့်အိမ်မှာကိုယ် နေရင်တော့ ချည်သား စွပ်ကျယ်၊ တီရှပ်အပါး၊ ဘောင်းဘီအတို၊ ပုဆိုးတွေလောက်ပဲ ဝတ်ပါ။ အတွင်းခံ မဝတ်ထားပါနဲ့။ ပန်ကာ သို့မဟုတ် အဲကွန်းကို အခန်းထဲမှာ ဖွင့်ထားပေးပါ။ ဒါမှမဟုတ် ချွေးထွက်လာပြီဆိုရင် ယပ်တောင်နဲ့ ဖြည်းဖြည်းခပ်ပေးပါ။ အပြင်သွားတော့မယ်ဆိုရင် ချည်သား အဝတ်မျိုးကို ဝတ်ဆင်ပါ။ အရမ်းကျပ်ထုတ်နေတာမျိုး၊ ဂျင်းသား၊ စပန့်သား၊ နိုင်လွန်သား အဝတ်တွေ မဝတ်ပါနဲ့။ ချိုင်းလိမ်းဆီ လိမ်းတာ၊ ရေမွှေးဆွတ်တာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၆။ အဝတ်အစားတွေကို ပုံမှန်လျှော်ပါ။

ချွေးထွက်လို့ ရေချိုးပြီးရင် အဲဒီအဝတ်အစားတွေကို ပြန်မဝတ်ပါနဲ့။ အလုပ်က ပြန်လာရင်လည်း ချွေးတိတ်ပြီဆိုတာနဲ့ ရေအမြန် ချိုးပါ။ လျှော်မယ့်နေရာမှာ ထားပြီး အဝတ်တွေကို မြန်မြန်လျှော်ပါ။ အားကစား လုပ်တဲ့သူတွေဆိုရင် ရေမချိုးခင်မှာ အားကစား၊ လေ့ကျင့်ခန်း လုပ်ထားပြီးမှ ရေချိုး၊ အဝတ်အစားလဲပါ။

တစ်ကိုယ်ရေ သန့်ရှင်းမှုကိုသာ သေချာလေး ဂရုစိုက်ပေးရင် အမျိုးသားတွေအတွက် အရေပြား ပြဿနာတွေလည်း ကင်းဝေးစေသလို ကိုယ်ခန္ဓာကနေ အနံ့ဆိုးတွေ ထွက်တာကိုလည်း အနည်းငယ် ထိန်းချုပ်နိုင်မှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် စမုန်စပါးပင်ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

FDA ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ ကိုဗစ်အတွက်ဆေး ‘Remdesivir’

Remdesivir ဆိုတာ ကိုဗစ်ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုရန်အတွက် စမ်းသပ်နေဆဲဆေးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က FDAက တရားဝင်ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

ကိုဗစ်က အခုထက်ပိုပြီး အခြေအနေဆိုးလာနိုင်သေးလား

ပညာရှင်တွေကတော့ မကြာခင် ရောက်လာတော့မယ့် ဆောင်းတွင်းကာလမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရနှုန်းဟာ အရင်ကထက် ပိုမြင့်တက်လာနိုင်တယ်လို့ ယူဆနေကြပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read