သုက်ရည်ကျဲလာခြင်းက အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read
Share now

သုက်ရည်ဆိုတာ အမျိုးသားများ လိင်စိတ်ဆန္ဒ ပြီးမြောက်ချိန်မှာ သုက်ပို့ပြွန်ကနေ အပြင်ဘက်က ထုတ်လွှတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။ သုက်ရည်တွင် သုက်ပိုးများနှင့် ဆီးကျိတ်ဂလန်းက အရည်များ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်သည် ပျစ်ပြီး အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပါတယ်။

သုက်ရည်ရဲ့ ပျစ်ကျဲမှု ဘာကြောင့်ပြောင်းလဲသွားတာလဲ။

၁။ သုက်ပိုးကောင်ရေ နည်းသွားခြင်း

ဝှေးစေ့တွင် သိမ်းဆည်းထားတဲ့ သုက်ပိုးများ နည်းလာတဲ့အခါ လိင်အင်္ဂါကနေ ထွက်လာတဲ့ သုက်ရည်ဟာလည်း ကျဲသွားတတ်ပါတယ်။ ဝှေးစေ့အကြော ရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း၊ ဝှေးစေ့တွင် အကျိတ်ဖြစ်နေခြင်း၊ ကျားဟော်မုန်းနည်းလာခြင်း၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ သုက်ပို့ပြွန် ထိခိုက်မိခြင်းကြောင့် သုက်ပိုးကောင်ရေ နည်းသွားနိုင်ပါတယ်။

၂။ မကြာခဏ သုက်လွှတ်ခြင်း

မကြာခဏ သုက်လွှတ်တဲ့အခါ သုက်ပိုးများ နည်းသွားသလို သုက်ရည်ဟာလည်း စေးပျစ်ခြင်းမရှိတော့ဘဲ ကျဲသွားတတ်ပါတယ်။ အထူးသဖြင့် တစ်နေ့ကို တစ်ကြိမ်ထက် ပိုပြီး သုက်လွှတ်တဲ့အခါ သုက်ရည် ကျဲနေပြီး ပမာဏနည်းနေတာကို တွေ့ရနိုင်ပါတယ်။ ပုံမှန်အတိုင်း သုက်ရည်ပမာဏနဲ့ ပျစ်နေဖို့အတွက် ခန္ဓာကိုယ်က နာရီအနည်းငယ်ခန့် အားပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

၃။ ဇင့်ဓာတ်ချို့တဲ့ခြင်း

ဇင့်ဓာတ်သည် သုက်ပိုးကို ထိခိုက်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို တိုက်ခိုက်ပေးတဲ့အတွက် ဇင့်ဓာတ်ချို့တဲ့နေစဉ် အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းက အချို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သုက်ပိုးများကို တိုက်ခိုက်ပြီး သုက်ပိုးလျော့နည်းခြင်း၊ သုက်ရည်ကျဲလာခြင်းကို ဖြစ်စေပါတယ်။

၄။ သုက်လွှတ်မြန်ခြင်း

သုက်လွှတ်မြန်တဲ့ အမျိုးသားတွေဟာ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သို့မဟုတ် မရောက်ခင်မှာ စောစီးစွာ သုက်လွှတ်တတ်ပါတယ်။ ဒီအခါ ထွက်လာတဲ့ သုက်ရည်ဟာ ပမာဏ အနည်းငယ်သာထွက်လာတတ်ပြီး ပိုပြီးလည်း ကျဲနေနိုင်ပါတယ်။

သုက်ရည်ကျဲတာ ပြဿနာရှိလား။

ပြဿနာအရတော့ ကြီးကြီးမားမား မရှိတာများပါတယ်။ များသောအားဖြင့် တစ်ကိုယ်ရေအာသာဖြေတာ များတဲ့ အမျိုးသားတွေမှာ သုက်ရည်ကျဲတဲ့ ပြဿနာအတွေ့များပြီး အာသာဖြေတဲ့ အကြိမ်ရေကို လျှော့ချလိုက်ခြင်းဖြင့် ပုံမှန်ပျစ်ကျဲမှုအဆင့်ကို ရောက်သွားစေနိုင်ပါတယ်။ သုက်ရည်နည်းသွားခြင်းကြောင့် ကလေးယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာ က​လေးရနိုင်ခြေကို ရာခိုင်နှုန်းအနည်းငယ်တော့ လျော့နည်းသွားစေပါတယ်။ လိင်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်စေနိုင်ပါဘူး။

သုက်ရည်ကျဲခြင်းကို ကုသဖို့လိုအပ်သလား။

များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရုံနဲ့ ရပါတယ်။ အဓိက ပြောင်းလဲဖို့ လိုအပ်တာကတော့

  • ဇင့်ဓာတ်ချို့တဲ့ခြင်းအတွက် ဇင့်ဓာတ်ပါတဲ့ အားဆေး၊ ဖြည့်စွက်စာတွေအပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးကို သေချာစားသုံးပေးပါ။
  • မလိုအပ်ဘဲ တစ်ကိုယ်ရေအာသာဖြေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ သတ်မှတ်ပမာဏထက် အကြိမ်ရေ ကျော်လွန်ပြီးတော့လည်း အာသာမဖြေပါနဲ့။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • အိပ်ချိန်ကို အနည်းဆုံး ၈နာရီ ရအောင် အိပ်စက်အနားယူပါ။
  • အစာအာဟာရကို မျှတစွာ စားသုံးပေးပါ။
  • ဆေးလိပ်၊ အရက်၊ ကွမ်းယာကို ရှောင်ပေးပါ။
  • လိုအပ်လာရင် ဆရာဝန်နဲ့ ပြသပြီး ဟော်မုန်းအစားထိုးကုထုံးဖြင့် ကုသမှုခံယူပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်မျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

WHO ကတော့ COVID-19 ကပ်ဘေးကာလမှာ လူတိုင်း အသက်အရွယ်တိုင်း ကိုယ်လက် လေ့ကျင့်ခန်း တွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

အရိုးအဆစ် လေ့ကျင့်ခန်း ကြွက်သား ကွန်ပျူတာ ဖုန်း အကိုက်အခဲ ဆီးသွား ဇက်ကြောတက် ကိုဗစ် ထိုင်ခုံ ညောင်းကိုက် ခါးကြော ရုံးတက် ညောင်းညာ ခါးညောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

နေအိမ် အိမ်သန့်ရှင်းရေး အမှိုက် ဖုန်တက် လေ့ကျင့်ခန်း အိပ်ရာ မီးဖိုချောင် အိမ်သာ ရေချိုးခန်း ရောဂါပိုးမွှား ကိုဗစ် ကပ်ဘေး ဖျားနာ စိတ်ဖိစီး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ အရွတ်များဟာ စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read