ဝှေးစေ့အောင့်တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 26, 2020 . 2 mins read
Share now

ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့ လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။
မတော်တဆ ပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဝှေးစေ့အောင့်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

• ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်း (Diabetic Neuropathy)
သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis)
• ဝှေးစေ့တစ်ရှူး အနာဖြစ်ခြင်း (Gangrene)
• ကပ္ပာယ်အိတ်အရည်စုပြီး ရောင်လာခြင်း (Hydrocele)
အူကျခြင်း (Hernia)
• ကျောက်ကပ် ကျောက်တည်ခြင်း
ဝှေးစေ့ရောင်ခြင်း (Orchitis)
• သုက်ပို့ပြွန်မှာ ရေအိတ်တည်ခြင်း (Spermatocele)
• ဝှေးစေ့က အောက်သို့ မတွဲကျလာခြင်း
• ဝှေးစေ့ သွေးပြန်ကြောထုံးခြင်း (Varicocele)
အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ခလက်မီးဒီးယားရောဂါ (Chlamydia)
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

ဒီရောဂါတွေကြောင့် ဝှေးစေ့အောင့်တာဆိုရင်တော့ အိမ်မှာ အလွယ်တကူကုသရုံနဲ့ ပျောက်ကင်းမှာမဟုတ်ဘဲ ဆရာဝန်ဆီ သေချာသွားပြပြီး ကုသမှုခံယူမှ အဆင်ပြေမှာပါ။

Testicular Torsion လို့ခေါ်တဲ့ သုက်ပို့ပြွန်လိမ်တဲ့ အခြေအနေမှာဆိုရင် ဝှေးစေ့အောင့်တဲ့ နာကျင်မှုဟာ မခံမရပ်နိုင်လောက်တဲ့အထိ ပြင်းထန်နိုင်ပြီး အရေးပေါ် ဆေးကုသဖို့ လိုအပ်ပါတယ်။

ဝှေးစေ့အောင့်ခြင်းကို သက်သာအောင် ဘယ်လိုလုပ်မလဲ။

ပုံမှန် ဝှေးစေ့အောင့်တဲ့ ဝေဒနာကိုတော့ အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။

၁။ ဝှေးစေ့ကို ရေခဲဝတ်ကပ်ပေးပါ။ တစ်နေ့ကို ၂ကြိမ်လောက်လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။

၂။ ရေနွေးနွေးနဲ့ စိမ်ချိုးပေးပါ။ ပူလွန်းတဲ့ ရေမဟုတ်ဘဲ ရေကျက်နွေးနဲ့ နာရီဝက်ခန့် စိမ်ထားခြင်းဟာ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေပြီး အရောင်ကျသွားစေနိုင်ပါတယ်။

၃။ ပက်လက်လှဲအိပ်တဲ့အချိန် ဝှေးစေ့က အောက်ကို တွဲကျမနေစေဖို့ မျက်နှာသုတ်ပဝါ အသေးတစ်ထည် အောက်မှာ ခံထားပေးပါ။ အိမ်မှာနေရင် ဘောင်းဘီမဝတ်ပါနဲ့၊ ပုဆိုးပဲ ဝတ်ထားပါ။

၄။ အပြင်သွားတဲ့အခါ အတွင်းခံမဝတ်ဘဲ မသွားပါနဲ့။ ကိုယ့်ပစ္စည်းကို လုံလုံခြုံခြုံ ထည့်သိမ်းလို့ရပြီး အံဝင်ခွင်ကျဖြစ်မယ့် အတွင်းခံအကျပ်မျိုး ဝတ်ပြီး အပြင်ထွက်ပါ။

၅။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေးတွေကို ဆေးဆိုင်တွေကနေ ဝယ်သောက်လို့လည်း ရပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အလေးနည်းနည်းလျှော့ပါ။ ဝှေးစေ့အောင့်တာ မသက်သာသေးတဲ့အချိန်ထိ အောက်ပိုင်းထိုင်တာ နည်းနည်းရှောင်ပေးပါ။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်လာပြီလဲ။

အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသရာမှာ တစ်ပတ်လောက်ထိ မသက်သာဘူး၊ အောင့်တဲ့ ဒဏ်ရာ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ဝှေးစေ့မှာ အလုံးအကျိတ်တွေ စမ်းမိတာ၊ အောင့်ပြီးနောက်ပိုင်း အဖျားတက်လာတာ၊ ကပ္ပာယ်အိတ်အရေပြားက နီနေပြီး ကိုင်ကြည့်လိုက်တဲ့အခါ နွေးနေတာ၊ ပျော့စိစိဖြစ်နေတာ၊ သိသိသာသာကြီး ရောင်နေတာဆိုရင်လည်း အမြန်ဆုံး ပြကြည့်ပါ။

ဆရာဝန်အနေနဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ကပ္ပာယ်အိတ်အနေအထားကို လက်ဖြင့် စမ်းသပ်ကြည့်ရှုစစ်ဆေးပြီးနောက်မှာ အာထရာဆောင်းရိုက်တာ၊ ဆီးစစ်တာ၊ စအိုမှတစ်ဆင့် ဆီးကျိတ်စမ်းသပ်စစ်ဆေးခြင်း၊ အူကျွံခြင်းရှိမရှိကိုလည်း ထပ်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။ အကြောင်းရင်းအမှန်ကို သိပြီးသွားမှသာလျှင် ကိုယ့်ကျန်းမာရေးအခြေအနေကို သက်သာစေမယ့် ပဋိဇီဝဆေးပေးတာ၊ ခွဲစိတ်ကုသတာ၊ အကိုက်အခဲပျောက်ဆေး အပြင်းပေးတာ အစရှိတဲ့ ကုထုံးတွေကို စတင်မှာဖြစ်ပါတယ်။

များသောအားဖြင့် ဝှေးစေ့အောင့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ ကုသလို့လည်း လွယ်သလို ပျောက်ဖို့လည်း အချိန်အကြာကြီး မစောင့်ရပါဘူး။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆဖို့နဲ့၊ အောင့်တယ်လို့ ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ပြဖို့ကို အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID-19 က အမျိုးသားတွေကို ပိုပြီး ထိခိုက်စေနိုင်မလား။

COVID-19 က အမျိုးသားတွေမှာ ပိုဖြစ်နိုင်သလား။ အမျိုးသားတွေ ကြားထဲမှာ ဖြစ်နှုန်းတွေ၊ သေနှုန်းတွေ များနေတာ၊ နောက်ဆက်တွဲတွေ ခံစားရတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ရဲ့ ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ အမျိုးသားတွေမှာ လိင်တံမထောင်မတ်တာကို တွေ့လာရပါတယ်။ ကိုဗစ်ကြောင့်လား တခြားကြောင့်လားဆိုတာ ဆက်လက်လေ့လာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
ဆေးထိုးရင် နာမှာကြောက်သူတွေအတွက် နည်းလမ်းလေးတွေ

ဆေးထိုးရင် နာမှာကြောက်သူတွေအတွက် နည်းလမ်းလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 2 mins read