ဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေခဲ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့က လိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပါယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျလာပါတယ်။ အဲ့လိုပြုတ်မကျဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle – ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်နေခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။ သူ့ဘာသာ ဝှေးစေ့ကပြန်ကျလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာတဲ့ အခြေအနေမှာတော့ ခွဲစိတ်မှု လိုအပ်ပါတယ်။

ဘယ်လိုအခြေအနေတွေကြောင့် ကလေးရဲ့ ဝှေးစေ့ ဝမ်းဗိုက်ထဲမှာ ကျန်နေခဲ့တာလဲ။

အကြောင်းရင်း အတိအကျကို လက်ရှိအခြေအနေ သေချာဖော်ထုတ်ထားခြင်း မရှိသေးပါဘူး။ များသောအားဖြင့် မျိုးရိုးဗီဇကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ အစာအာဟာရ ချို့ယွင်းမှု၊ ပတ်ဝန်းကျင်က ပိုးသတ်ဆေး၊ ဆေးလိပ်ငွေ့ အစရှိတဲ့ အဆိပ်သင့်စေတဲ့ ဓာတ်ငွေ့၊ အရည်တွေ ရှူရှိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သတ်မှတ်ရက်ထက် စောမွေးတဲ့ ကလေးတွေရဲ့ ၃ပုံ ၁ပုံလောက်ဟာ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်ခဲ့နိုင်ခြေ ရှိပါတယ်။ တချို့ကလေးတွေရဲ့ ပေါင်ခြံမှာ ရှိတဲ့ တစ်ရှူးအမျှင်တွေ၊ ကြွက်သားတွေ ချုံ့နိုင်၊ ဆန့်နိုင်ခြင်း မရှိတဲ့အတွက်လည်း ဝှေးစေ့က အောက်ကို မကျဘဲ အပေါ်မှာ တစ်သလို ဖြစ်နေနိုင်ပါတယ်။

ဒီအခြေအနေဟာ မျိုးအောင်နိုင်စွမ်းကို သက်ရောက်မှုရှိစေနိုင်လား။

အကယ်လို့သာ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်ခဲ့တဲ့ ကလေးတွေ ကုသမှုမခံယူဘဲ ဒီအတိုင်းကြီးလာမယ်ဆိုရင်တော့ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို သွားပြီး ထိခိုက်နိုင်ပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ခန္ဓာထဲ ဝှေးစေ့ကျန်နေခဲ့တာကြောင့် ကိုယ်တွင်းအပူချိန်တွေဟာ ဝှေးစေ့ကို ရိုက်ခတ်နေပြီး အထဲမှာရှိနေတဲ့ သုက်ပိုးရဲ့ ကျန်းမာရေး၊ ကူးခတ်နိုင်စွမ်းကို ထိခိုက်စေကာ သုက်ပိုးတွေ သေစေနိုင်တာကြောင့်ပါပဲ။

တခြားဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်လဲ။

ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေတဲ့ အမျိုးသားတွေမှာ အူကျွံနိုင်ခြေ ပိုများပါတယ်။ အဓိက ဝှေးစေ့က ကိုယ်ခန္ဓာထဲ ကျန်နေခဲ့ခြင်းကြောင့် အစာအိမ်နံရံက ကျဉ်းမြောင်းအားနည်းသွားပြီး အထဲမှာရှိတဲ့ အူတွေကို သူ့လမ်းကြောင်းအတိုင်း အောက်သို့ ကျလာကာ အူကျွံခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

ဒီပြဿနာရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။

ကိုယ့်ရဲ့ ကလေးငယ်ပါမှာ ဝှေးစေ့ပါမလာဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ အကြောင်းရင်းမှန်ကို သေချာသိရအောင် ဓာတ်မှန်၊ အာထရာဆောင်းရိုက်ပြီး ကလေးရဲ့ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေခြင်း ရှိမရှိကို စစ်ဆေးမှာပါ။ ပေါင်ခြံနဲ့ ကပ္ပါယ်အိတ်အတွင်း အဝင်အထွက်လုပ်လို့ရတဲ့ ဝှေးစေ့ (Retractile Testicle) ကတော့ အနည်းငယ် ဆင်တူနိုင်ပေမယ့် ကုသပုံခြင်း မတူပါဘူး။

ဘယ်လိုကုသနိုင်မလဲ။

ကလေးအရွယ်မှာတော့ အသက် ၆လမတိုင်ခင်အထိ သူ့အလိုလို ဝှေးစေ့က အောက်ကို ကျလာနိုင်ပါတယ်။ အသက် ၆လပြတဲ့ အချိန်မှာ ဆရာဝန်နဲ့ ပြန်ပြကြည့်ပြီး ဝှေးစေ့၂လုံးလုံး ပုံမှန်အနေအထားအတိုင်း ရှိမရှိကို စစ်ဆေးကြည့်နိုင်ပါတယ်။ အသက် ၁နှစ်ထိ ဝှေးစေ့က လုံးဝအောက်ကို မကျလာဘူးဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အသက်ကြီးတဲ့အထိ မကုသဘဲ နေသွားလိုက်မယ်ဆိုရင်တော့ ဝှေးစေ့ ၂လုံးလုံးကို ခွဲထုတ်ပစ်ရတော့မှာဖြစ်ပါတယ်။ အဲ့အချိန်ဆိုရင်တော့ ဝှေးစေ့ဟာ သုက်ပိုးထုတ်လုပ်နိုင်ခြင်း၊ ကောင်းစွာ အလုပ်လုပ်နိုင်ခြင်းလည်း ရှိတော့မှာ မဟုတ်ပါဘူး။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတွေ သွေးဆုံးနိုင်သလား။

သွေးဆုံး အမျိုးသား andropause တက်စတိုစတီရုန်း ဝှေးစေ့ လိင်စိတ်ဆန္ဒ လူပျိုဖော်ဝင်ချိန် အရိုးသိပ်သည်းဆ လိင်တံမထောင်မတ် ရင်သားဆူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး ကလေးကျန်းမာရေး ချောင်းဆိုး မိဘ ညအိပ်ချိန် ချွဲသလိပ် ရင်ကျပ် ကိုယ်ပူခြင်း အဖျားတက်ခြင်း နောက်ဆက်တွဲပြဿနာ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေး ဆံပင်ရိတ်ပေးရင် ကတုံးတုံး ကျန်းမာရေး မေမေဖေဖေ ဆံပင်ပါး အာဟာရ ဘေဘီလေး ခန္ဓာကိုယ်အပူချိန် ကလေး ကျန်းမာရေး ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျားလိင်အင်္ဂါမှာ ဝဲခြောက်ယားနာ ဖြစ်နေခဲ့ရင်

လိင်အင်္ဂါ ဝဲခြောက် ယားနာ အရေပြား ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းမှု အဝတ်အစား လိင်ဆက်ဆံခြင်း ကပ်ပါး ယားယံခြင်း အနာ ပေါင်ခြံ တင်ပါး အမျိုးသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ပိုချစ်လာအောင် ဖေဖေ လုပ်သင့်တဲ့ အချက် (၇) ချက်

ဘေဘီလေးက ပိုချစ်လာအောင် ဖေဖေ လုပ်သင့်တဲ့ အချက် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read

ညဘက်မှာ အချဉ်စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 7, 2020 . 2 mins read
ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 7, 2020 . 2 mins read
ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read