ကျားလိင်အင်္ဂါမှာ ဝဲခြောက်ယားနာ ဖြစ်နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 1, 2020 . 2 mins read
Share now

Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေ အရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက်ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာ ကူးစက်ခံရနိုင်ပါတယ်။

ဝဲခြောက်ယားနာရဲ့ ပုံစံနဲ့ လက္ခဏာတွေ

ဝဲခြောက်သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင် ကပ္ပါယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ ကပ်ပါးပိုးတွေ ကိုယ့်အရေပြားထဲ ဝင်သွားပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း ဝဲခြောက်အင်ပျဉ်ကွက်တွေ ထလာပါတယ်။

အဓိက အတွေ့များတဲ့ ရောဂါလက္ခဏာကတော့ ပြင်းပြင်းထန်ထန် ယားယံတာပါ။ အကြောင်းရင်းက ကပ်ပါးပိုးကောင်တွေဟာ အရေပြားအတွင်းထဲမှာ မျိုးပွားပြီးနောက် ဥတွေက အရေပြားအတွင်းထဲ မြှုပ်ထားတာကြောင့်ပါ။ ဒီဥလေးတွေကြောင့် အရေပြားမှာ ဝဲခြောက်ဖုလေးတွေ ထွက်လာရခြင်း ဖြစ်ပါတယ်။ ဥ ကနေ ပေါက်လာတဲ့ အကောင်တွေက အရေပြားတွင်း တွားသွားတဲ့အခါ အဖြူရောင် မျဉ်းကြောင်းလေးတွေ ပေါ်လာပါတယ်။ ယားယံလေ၊ လူက ပိုကုတ်လေ၊ ကုတ်တဲ့နေရာမှာ အနာဖြစ်ပြီး ပိုးဝင်ကာ ထပ်ယားတာကြောင့် အဆုံးမသတ်နိုင်အောင် ယားယံပြီး လူကို နေရထိုင်ရခက်စေပါတယ်။

ဝဲခြောက် ဘယ်လိုကူးလဲ။

လိင်တံမှာ ပေါက်တဲ့ ဝဲခြောက်ယားနာတွေသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနဲ့ အရေပြား တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်ပါတယ်။ ဆက်ဆံဖော် တစ်ဦးထက် ပိုတာ၊ ကပ်ပါးပိုး တွယ်နေတဲ့ အဝတ်အစား၊ အိပ်ရာခင်းတွေနဲ့ ထိတွေ့ရာကနေလည်း ကူးစက်ပါတယ်။ တိရစ္ဆာန်ကနေ လူကို ကူးစက်တာမျိုးတော့ မရှိပါဘူး။ လူ လူ ချင်းသာ ကူးစက်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကြောင့် ဝဲခြောက်ပေါက်တာမျိုး မဟုတ်ပေမဲ့ နဂို ဝဲခြောက်ရှိနေတယ်ဆိုရင်တော့ ယားယံခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။

ဘယ်လိုကုသလို့ ရမလဲ။

ဝဲခြောက်သည် ပြင်းထန်တဲ့ အရေပြားပြဿနာအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဆရာဝန်အနေနဲ့ လိင်အင်္ဂါပတ်လည်နဲ့ ပေါက်နေတဲ့ အဖုတွေကို သေချာစစ်ဆေးပြီးနောက် အရေပြားနမူနာကို ဓာတ်ခွဲခန်းပို့ကာ ဝဲခြောက် ဟုတ်မဟုတ် အတည်ပြုစစ်ဆေးမှာပါ။

ဝဲခြောက်ယားနာအတွက် ယားယံခြင်းကို သက်သာစေမယ့် လိမ်းဆေးအဆီ၊ ကျားလိင်အင်္ဂါ လိမ်းဖို့အတွက် သီးသန့် ဝဲပျောက်ဆေး (သောက်ဆေး၊ လိမ်းဆေး) ကို ဆရာဝန်က ညွှန်းပေးမှာဖြစ်ပါတယ်။ ဆေးအညွန်းအတိုင်း နေ့စဉ် ပုံမှန်လိမ်းဖို့ လိုအပ်သလို တစ်နေ့ကို ရေသေချာချိုးပေးဖို့၊ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဖို့ အရေးကြီးပါတယ်။

ဝဲပေါက်နေတဲ့ လူနာ ဝတ်ထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ တဘက်၊ အိပ်ရာခင်းတွေကို ရေပူပူထဲမှာ အနည်းဆုံး ၁၀ မိနစ်ကြာအောင် ဆေးပြီးမှ ပိုးသတ် အဝတ်လျှော် ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပါ။ တခြားမိသားစုတွေရဲ့ အဝတ်နဲ့ ရောပြီး မထားပါနဲ့။ အသုံးမပြုပါနဲ့။ ကပ်ပါးပိုးကောင်တွေဟာ အရေပြားကနေ ထွက်ကျပြီး ကြမ်းပြင်မှာ ၇၂ နာရီထိ အသက်ရှင်နိုင်တဲ့အတွက် အိမ်ပတ်ဝန်းကျင်၊ ကြမ်းပြင်ကို ရေပူနဲ့ အစွန်းချွတ်ဆေးရောပြီး တိုက်ဆေးလို့ ရပါတယ်။

ဝဲခြောက်ယားနာသည် သေချာကုသမယ်ဆို ပျောက်ကင်းဖို့လည်း လွယ်သလို အချိန်သိပ်မကြာပါဘူး။ ကုသနေစဉ် ဝဲခြောက်တွေကို လက်နဲ့ မကုတ်မိဖို့၊ အနာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့ အရေးကြီးပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး အရောင် အမျိုးမျိုးထဲမှာမှ စပျစ်သီး စိမ်းစိမ်းလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီးစိမ်းစိမ်းလေးကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 2 mins read
အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read