သိပ္ပံပညာရှင်တွေက လက်ရှိအသုံးပြုနေတဲ့ ကင်ဆာရောဂါကုသနည်းလမ်းတွေအပေါ်မှာ အခြေခံပြီး ကင်ဆာဆဲလ်တွေကိုသေစေနိုင်မယ့် ကင်ဆာကုထုံးသစ်တစ်ရပ်ကိုတီထွင်ခဲ့ပါတယ်။ ထိုနည်းလမ်းက လက်ရှိအသုံးပြုနေတဲ့နည်းလမ်းတွေထက် ရလဒ်ပိုကောင်းပါတယ်။

Caspase-Independent Cell Death (CICD) လို့အမည်ပေးထားတဲ့ ကင်ဆာကုထုံးသစ်က ဓာတ်ခွဲခန်းထဲမှာ မွေးထားတဲ့ အူမကြီးကင်ဆာဆဲလ် တွေကို အမြစ်ပြတ်ဖျက်ဆီးပစ်နိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ လူသားတွေမှာလည်း တူညီတဲ့အကျိုးရလဒ်ထွက်ပေါ်မယ်ဆိုပါက အဆိုပါကုထုံးသစ်က ကင်ဆာဆဲလ်တွေတကျော့ပြန် ပြန်ဖြစ်လာနိုင်ခြေကိုနည်းပါးစေမှုနဲ့အတူ ကိုယ်ခန္ဓာကိုထိခိုက်မှုနည်းစွာနဲ့ကင်ဆာဆဲလ်တွေကို ရှင်းလင်းဖယ်ရှားနိုင်မယ့်ကုထုံးတစ်ရပ် ဖြစ်လာနိုင်မှာဖြစ်ပါတယ်၊လို့ ယူကေမှာရှိတဲ့ Glasgow တက္ကသိုလ်က သုတေသနအဖွဲ့တစ်ဖွဲ့ကဆိုပါတယ်။

သုတေသနမှာပါဝင်ခဲ့တဲ့ သုတေသီတစ်ဦးဖြစ်တဲ့ Stephen Tait က အခုတွေ့ရှိခဲ့တဲ့ နည်းလမ်းက ကင်ဆာတိုက်ဖျက်တဲ့ ကုထုံးကို သိသိသာသာတိုးတက်စေနိုင်မယ့်အလားအလာရှိသလို မလိုလားအပ်ဘဲ အဆိပ်အတောက်ဖြစ်တာတွေကို လှျေ့ချနိုင်မှာဖြစ်ပါတယ်၊လို့ဆိုပါတယ်။ CICD ကို ကင်ဆာတိုက်ဖျက်ရေးကုထုံးသစ်တစ်ရပ်အနေနဲ့  အသုံးပြုနိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်သွားဖို့ အဆိုပြုခဲ့ပါတယ်၊

လက်ရှိအသုံးပြုနေတဲ့ ကင်ဆာကုထုံးတွေက caspases လို့ခေါ်တဲ့ ပရိုတင်းတွေကနေတဆင့် apoptosis လို့ခေါ်တဲ့ ဆဲလ်တွေကို သတ်မှတ်ပြီး ဆဲလ်အချင်းချင်းဖျက်ဆီးပစ်စေတဲ့ နည်းကိုအသုံးပြုနေတာဖြစ်ပါတယ်။ ဓာတုကုထုံးနီးပါး အဆိုပါကုထုံးကလည်း အလုပ်ဖြစ်တယ်ဆိုပေမယ့် ကြိုတင်စဉ်းစားရမယ့်အချက်တွေရှိနေပါသေးတယ်။

လက်ရှိမှာ အသုံးပြုနေတဲ့ ကုထုံးတွေက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖယ်ရှားတဲ့နေရာမှာ အကုန်အစင်မကုန်ဘဲ ကျန်ရှိနေတာမျိုးတွေဖြစ်ပေါ်လေ့ရှိသလို ကင်ဆာကျိတ်တွေကိုလည်းပြန်လည်ဖြစ်ပေါ်စေနိုင်တဲ့အလားအလာတွေရှိပါတယ်။ ကျန်းမာတဲ့ဆဲလ်တွကို ပျက်စီးစေတာမျိုးလည်းရှိပါတယ်။

CICD ကုထုံးမှာတော့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပြီးတဲ့အခါ ကိုယ်ခံအားစနစ်ထံကို သတင်းပေးပို့ပေးပြီး နောက်မှာ ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကိုတစ်ခုမကျန်တိုက်ဖျက်ပစ်ပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ကုထုံးက ကင်ဆာကျိတ်တွေကို ကုသရာမှာ ပိုမိုဘေးကင်းစိတ်ချရပါတယ်။ အခုချိန်ထိတော့ ဓာတ်ခွဲခန်းမှာပဲ စမ်းသပ်မှုတွေလုပ်ဆောင်ရဆဲဖြစ်ပါတယ်။

လက်ရှိစမ်းသပ်ထားစဉ်မှာ  အူမကြီးကင်ဆာကို အဓိကထားစမ်းသပ်ထားပေမယ့် ဒီကုထုံးကိုအခြားကင်ဆာတွေကို ကုသရာမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ လို့သုတေသီတွေကဆိုပါတယ်။ သုတေသီတွေက အဆိုပါကုထုံးက လူတွေမှာ အလုပ်ဖြစ်လားဆိုတာကို နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ပြီး စမ်းသပ်သွားမှာဖြစ်ပါတယ်။

“ လုပ်ဆောင်ခဲ့တဲ့ သုတေသနအသစ်က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတွေထက်ပိုမိုကောင်းမွန်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုပါတိုးတက်အောင်လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းသစ်တစ်ရပ်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီတွေ့ရှိချက်အသစ်နဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ နောက်ထပ်လေ့လာမှုတွေကသာ ကုထုံးသစ်ကထိရောက်တဲ့လို့သက်သေပြနိုင်မယ်ဆိုရင် လူသားတွေမှာ ကင်ဆာဆဲလ်တွေကို အမြစ်ပြတ်သုတ်သင်ပေးမယ့် နည်းလမ်းကိုအသုံးပြုသွားမှာဖြစ်ပါတယ်။” ယူကေ ကင်ဆာသုတေသနအဖွဲ့က Justine Alford ကဆိုပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။