backup og meta

သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား ။ ။

    အားလုံးချစ်တဲ့ တာသင်္ကြန် ပွဲတော်ကြီး ပြီးသွားလို့ လွမ်းနေတဲ့ သူတွေ ရှိလား။ သင်္ကြန်ဆိုတာ ပြီးသွားတိုင်း အမှတ်တရတွေ ကျန်ခဲ့တယ်မဟုတ်လား။ အထူးသဖြင့် သင်္ကြန်ရဲ့ ကဲခဲ့ခြင်း အမှတ်တရ ဖြစ်တဲ့ အသားအရေ နေလောင်တာလေးတွေ ကျန်ခဲ့တယ် ဟုတ်။ သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား …. ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်နော်။

    သင်္ကြန် ပွဲတော်ရှိတဲ့ အချိန်က မြန်မာနိုင်ငံ နွေရာသီ ရဲ့ အပူဆုံးလ ဖြစ်တဲ့ ဧပြီဆိုတော့ နေကလည်း ပြင်း၊ ခရမ်းလွန်းရောင်ခြည်တွေ ကလည်း များ၊ ရေကလည်းစို လေက တိုက်နဲ့ တစ်နှစ်လုံး ဥထားတဲ့ အသားအရေတွေ သင်္ကြန် ၄ ရက်တွင်းမှာ တစ်ခါတည်း ပျက်စီးသွားပါ လေရောလား။

    လက်ရှည်တော့ ဝတ်ခဲ့ပါရဲ့။ ဒါပေမယ့် နေကပိုပြင်းလို့ အကျီၤချွတ်လိုက်တဲ့အခါ လက်က အသားက အဖြူတစ်ပိုင်း အမဲတစ်ပိုင်းဖြစ်၊ မျက်နှာကြီးကလည်း နီပြီးရဲ၊ အသားတွေက စပ်ဖျင်းဖျင်းဖြစ်နေလို့ စိတ်ညစ်နေတဲ့ ချိဖတို့ ချိမတို့ရှိလား။ ပျော်တုန်းကတော့ ပျော်ခဲ့ပါရဲ့။ ဒါပေမယ့် သင်္ကြန် လည်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အသားအရေ နေလောင်တာတွေ ကျန်ခဲ့လို့ စိတ်ညစ်နေကြ ပြီလား။ နေလောင်ဒဏ်ခံရလို့ နောက်နှစ် သင်္ကြန်ဆို မလည်တော့ဘူး ဆိုပြီး သင်္ကြန်ကို စိတ်မကွက်စေဖို့ နေလောင်တာကို ဘယ်လို ပြန်ကုရမလဲ ဆိုတဲ့ အကြောင်းလေး ပြောပြပေးချင် ပါတယ်။

    သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား ။ ။

    သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့

    • နေလောင်ပြီး ခြောက်နေတဲ့ အသားအရေ စိုပြည်စေဖို့ ရေဓါတ်က အဓိက ကျတာမို့ ရေများများသောက်ပါ။
    • နေလောင်ဒဏ်ကြောင့် အရည်ကြည်ဖုေတွ ထွက်လာရင် ကုတ်လိုက်တာ၊ ဖဲ့လိုက်တာမျိုး မလုပ်ပါနဲ့။ ဘက်တီးရီးယား ပိုးမွှားတွေ ဝင်သွားပြီး ပိုဆိုးသွားတတ်ပါတယ်။
    • အရေပြားပေါ်မှာ ဖြစ်နေတဲ့ ဝေဒနာတွေကို သက်သာအောင် လုပ်ပေးတဲ့နေရာမှာ လိမ်းဆေးခရင်မ်တွေလောက် အစွမ်းထက်တဲ့အရာ မရှိတော့ပါဘူး။ ဒီအချက်က နေလောင်တာကို အဓိကနဲ့ အထိရောက်ဆုံး သက်သာစေနိုင်မယ့် အချက်ပဲ ဖြစ်ပါတယ်။ အစိုဓါတ်ကိုလည်း ထိန်းပေးပြီး၊ ဆဲလ်သေဖယ်ရှား ဆဲလ်အသစ်တွေ ပြန်ပွားအောင်လုပ်နိုင်တဲ့ လိမ်းဆေး ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

    မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အကောင်းဆုံးဆိုတော့ ဒီလိုနေလောင်တာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ။ ။

    • SPF အမြင့်ဆုံးပါတဲ့ နေလောင်ကာ လိမ်းဆေးတွေ လိမ်းသွားပါ
    • လက်ရှည်တွေဝတ်ပါ
    • မျက်မှန်တွေ တပ်သွားပါ။
    • နေပြင်းတဲ့ နေခင်းကို ရှောင်ပြီး မနက်နဲ့ ညနေ နေအေးပိုင်း အချိန်မှာပဲ သင်္ကြန် လည်ပါ။

    ဒီ အချက်တွေ လိုက်နာပြီး သင်္ကြန် လည်ရင် အသားနေလောင်မှာ၊ အသားမဲမှာတို့ အတွက် ကြို စိတ်ညစ်မနေနဲ့နော်။ နေလောင်ခဲ့ရင်လည်း ပြန်လည် ကုသလို့ ရတဲ့ နည်းတွေ အပေါ်မှာ ပြောထားတာကြောင့် နေလောင်တာလေး အတွက်နဲ့တော့ သင်္ကြန်ကို စိတ်မကွက်စေချင်ဘူးနော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement