backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spirulina Algae (စိမ်းပြာရေညှိ)


Aye Thi Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Spirulina Algae (စိမ်းပြာရေညှိ)

စိမ်းပြာရေညှိ (Spirulina Algae)

စိမ်းပြာရေညှိက ကမ္ဘာမြေကြီးရဲ့ သက်တမ်းအရင့်ဆုံးသော သက်ရှိတစ်မျိုးလို့ဆိုရမှာပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့လေထုအတွက်အောက်ဆီဂျင်ထုတ်ပေးတဲ့ တာဝန်ကို တစ်စိတ်တစ်ဒေသကနေထမ်းဆောင်ပေးနေပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့ပထမတန်းစား အစားအသောက်တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့မြေပေါ်က အာဟာရဓါတ်အကြွယ်ဝဆုံးသော အစားအစာတွေထဲက တစ်ရပ်ဖြစ်ပါတယ်။

စိမ်းပြာရေညှိမှာ ပရိုတင်းဓါတ် ၅၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပြီး ခန္ဓါကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၈ မျိုး နဲ့ သိပ်အရေးမပါတဲ့ အမိုင်နိုအက်ဆစ် ၁၀ မျိုးလောက်ပါဝင်နေပါတယ်။gamma-linolenic acid (GLA) များစွာပါဝင်ပြီး ၊ ဘီတာကယ်လ်ရိုနွိုက်၊linoleic အက်ဆစ်၊arachidonic အက်ဆစ်၊ ဗီတာမင်B12၊ ကယ်လ်ဆီယမ်၊ဖော့ဖရိတ် နဲ့ အခြားအာဟာရဓါတ်များစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိတစ်ခုတည်းမှာသာပါဝင်တဲ့ pigment-protein complex လည်းပါဝင်ပါတယ်

စိမ်းပြာရေညှိရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု

အာဟာရဓါတ်များစွာပါဝင်ခြင်း

စိမ်းပြာရေညှိကရေချိုရောရေငန်မှာပါပေါက်ရောက်တဲ့ သက်ရှိသတ္တဝါတစ်မျိုးပါ။cyanobacterium ဘက်တီးရီးယားတစ်မျိုးလို့လည်းခေါ်ပါတယ်။ အပင်တွေနဲ့ဆင်တူတဲ့cyanobacterium ကနေရောင်ခြည်ကိုစုပ်ယူပြီး အစာချက်လုပ်မှုကနေတဆင့် အာဟာရဓါတ်တွေကို ထုတ်လုပ်ပေးပါတယ်။ စိမ်းပြာရေညှိမှာ မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်၊ မဂ္ဂနိ နဲ့ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်အားလုံးနီးပါး ပါဝင်ပါတယ်။

စိမ်းပြာရေညှိမှာ ဓါတ်တိုးဆန့်ကျင် အစွမ်းအာနိသင်တွေရှိသလိုရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းလည်းရှိပါတယ်။

Oxidative damage က DNA နဲ့ ဆဲလ်တွေကို ထိခိုက်စေနိုင်သလို နာတာရှည်ရောင်ရမ်းမှုကိုလည်းဖြစ်စေနိုင်ပါတယ်။

စိမ်းပြာရေညှိမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့်oxidative damageတေါမဖြစ်အောင်ကာကွယ်ပေးပါတယ်။

စိမ်းပြာရေညှိမှာ အဓိကပါဝင်နေတဲ့Phycocyanin လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးကfree radicalsတွေကို တိုက်ထုတ်ပေးပြီးရောင်ရမ်းမှုကိုဖြစ်ပေါ်စေတဲ့မော်လီကျူးတွေထုတ်လွှတ်မှုကို တားဆီးပေးပြီးရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့ အာနိသင်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတေါကို ထုတ်လွှတ်ပေးပါတယ်။

စိမ်းပြာရေညှိက LDL နဲ့ Triglyceride ပမာဏတွေကိုကျဆင်းစေနိုင်ခြင်း

နှလုံးရောဂါက အခုလက်ရှိမှာသေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ရောဂါတစ်မျိုးဖြစ်နေပါတယ်။

စိမ်းပြာရေညှိက နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။

လေ့လာမှုတစ်ရပ်မှာ အမျိုးအစား -၂ ဆီးချိုဝေဒနာရှိသူ ၂၅ ဦးကို တစ်နေ့ကို စိမ်းပြာရေညှိ ၂ ဂရမ်စားသုံးစေတာက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး LDL နဲ့ Triglyceride ပမာဏတွေကိုလည်းကျဆင်းစေတယ်၊လို့တွေ့ ရှိခဲ့ရပါတယ်။

နောက်ထပ်လေ့လာမှုတွေမှာ ကိုလက်စထရောပမာဏများနေတဲ့သူတွေကို တစနေ့ကို စိမ်းပြာရေညှိ ၁ ဂရမ်ကျွေးတာကtriglycerides ပမာဏကို ၁၆. ၃ ရာခိုင်နှုန်း၊ LDL ကို ၁၀.၁ ရာခိုင်နှုန်းအထိကျဆင်းစေပါတယ်၊ လို့တွေ့ရှိ ခဲ့ပါတယ်။

လေ့လာမှုတွေမှာတော့ စိမ်းပြာရေညှိကtriglycerides နဲ့ LDL ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော HDL ကိုလည်းတိုးစေနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိခြင်း

စိမ်းပြာရေညှိက ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်၊လို့ အထောက်အထားအချို့ရှိပါတယ်။

တိရစ္ဆာန်လေးတွေနဲ့ စမ်းသပ်မှုအတွင်း စိမ်းပြာရေညှိက ကင်ဆာဖြစ်ပွားမှုနဲ့ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကိုလျော့ကျစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

စိမ်းပြာရေညှိက ခံတွင်းကင်ဆာကို ကုသရာမှာ အသုံးဝင်ပါတယ်။

စိမ်းပြာရေညှိမှ ကင်ဆာတိုက်ဖျင်နိုင်တဲ့ အစွမ်းသတ္တိရှိပြီး ကင်ဆာအကြို လက္ခဏာတွေကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

သွေးဖိအားကိုကျဆင်းစေနိုင်ခြင်း

သွေးဖိအားများတာက ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာနဲ့နာတာရှည်ကျောက်ကပ်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

  • တစ်နေ့ကို စိမ်းပြာရေညှိ ၁ ဂရမ်လောက်စားသုံးပေးမယ်ဆိုရင်သွေးဖိအားကို ကျဆင်းစေပြီး ပုံမျန်သွေးဖိအားအနေအထားမှာ ထိန်းညှိပေးထားနိုင်မှာဖြစ်ပါတယ်။ နိုက်ထရိတ် အက်ဆစ်ထုတ်လွှတ်မှုကိုတိုးတက်စေပြီးသွေးကြောတွေကိုပြေလျော့စေပြီးသွေးကြောမကျဉ်းအောင် အထောက်အပံ့ပေးပါတယ်။

စိမ်းပြာရေညှိ ပုံမှန်စားသုံးပေးတာကသွေးပေါင်ချိန်ကိုကျဆင်းစေပြီးရောဂါတော်တော်များများမဝင်ရောက်အောင် တားဆီးပေးပါတယ်။

သွေးအားနည်းရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ခြင်း

သွေးအားနည်းရောဂါအမျိုးမျိုးရှိပါတယ်။ အတွေ့ရအများဆုံးသောသွေးအားနည်းရောဂါကသွေးတွင်းက ဟီမိုဂလိုဘင် (သို့)သွေးနီဥဆဲလ်တွေလျော့ကျမှုကြောင့်ဖြစ်ရတာဖြစ်ပါတယ်။

လေ့လာမှုတစ်ရပ်အတွင်းသွေးအားနည်းရောဂါ ရှိတဲ့ သက်ကြီးရွယ်အို အယောက် ၄၀ ကိုလေ့လာစမ်းသပ်မှု အတွင်း စိမ်းပြာရေညှိအားဖြည့်ဆေးစားသုံးပေးတာကသွေးနီဥဆဲလ်တွေထဲက ဟီမိုဂလိုဘင်ပါဝင်မှုကိုတိုးစေပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်စေနိုင်ပါတယ်၊ လို့ဆိုပါတယ်။

စိမ်းပြာရေညှိက သက်ကြီးရွယ်အိုတွေမှာသွေးအားနည်းရောဂါမဖြစ်အောင် ထိထိရောက်ရောက်ကာကွယ်ပေးနိုင် ပါတယ်၊လို့ သိရပါတယ်။

ကြွက်သားတွေကို သန်မာစေပြီး သက်လုံကောင်းစေခြင်း

လေ့ကျင့်ခန်းလုပ်ဆောင်မှုကြောင့်ဖြစ်တဲ့ oxidative damage ကကြွက်သားတွေကို ပင်ပန်းနွမ်းလျမှုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

အပင်တွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေက အားကစားသမားတွေနဲ့ ကာယလုပ်သားတွေကို oxidative damageဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။

စိမ်းပြာရေညှိမှာလည်းoxidative damageတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကြွက်သားတွေ သန်မာမှုကို တိုးစေပြီး သက်လုံလည်း ကောင်းစေပါတယ်။

လေ့လာမှုအချို့မှာ စိမ်းပြာရေညှိက သက်လုံကောင်းစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ လို့တွေ့ရှိရပါတယ်။

သွေးတွင်း သကြားဓါတ်ထိန်းညှိရာမှာ အထောက်အကူပေးနိုင်ခြင်း

တိရစ္ဆာန်လေးတွေနဲ့လေ့လာမှုမှာ စိမ်းပြာရေညှိကသွေးတွင်းသကြားဓါတ်ကို သိသိသာသာကျဆင်းစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

Metformin အပါအဝင် လူသိများတဲ့ ဆီးချိုဆေးတွေမှာ ထည့်သွင်းဖော်စပ်ထားတာမျိုးတွေရှိပါတယ်။ စိမ်းပြာရေညှိကလူသားတွေအတွက်လည်း အထောက်အကူပြုပါတယ်။

အမျိုးအစား – ၂ ဆီးချိုဝေဒနာသည် ၂၅ ဦးကိုလေ့လာမှုအတွင်း တစ်နေ့ကို စိမ်းပြာရေညှိ ၂ ဂရမ်စားသုံးပေးတာကသွေးတွင်းသကြားဓါတ်ပမာဏကိုကျဆင်းစေနိုင်တယ်၊လို့သိရပါတယ်။

အခြားအကျိုးကျေးဇူးများ

စိမ်းပြာရေညှိက အခြားအကျိုးကျေးဇူးတွေရရှိစေနိုင်သလို ကိုယ်တွင်းက အာဆင်းနစ် အဆိပ်သင့်မှုတွေကိုလည်း ဖယ်ရှားလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

သတိပြုရန် အချက်များ

-စိမ်းပြာရေညှိက ကျန်းမာရေးအတွက်အရမ်းကိုအထောက်အကူပြုနိုင်တဲ့ အစာကြေလါယ်တဲ့အစားအစာတစ်မျိုးပါ။ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အိုင်အိုဒင်ဒဓါတ်ပါဝင်တာောကာင့် အိုင်အိုဒင်းဓါတ်မတည့်သူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။

-စိမ်းပြာရေညှိမှာ အသည်းကိုပျက်စီးစေနိုင်တဲ့ အရာတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေမပါဝင်တာကြောင့် လူအများစုအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေပါတယ်။

-မသန့်စင်တဲ့ စိမ်းပြာရေညှိတွေက အသည်းပျက်စီးတာ၊ ဗိုကအောင့်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ အားနည်းတာ၊ရေငငတ်တာ၊ နှလုံးခုန်မြန်တာ၊ရုတ်တရက်မူးလဲတာ နဲပသေဆုံးတာမျိုးတွေအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

-စိမ်းပြာရေညှိက ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် သင့်တော်ရဲ့လားဆိုတာကိုသေချာမသိရသေးတာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့နို့တိုက်မိခင်တွေအနေနဲ့ မသောက်သုံးသင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement