နီကိုတင်းဓါတ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ကို ထိခိုက်စေပြီး လူကို စွဲလမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးဖိအားတိုးစေတယ်။ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ဖြစ်စေတယ်။ အဆုတ်ရောဂါ၊ နာတာရှည် လည်ချောင်နာခြင်းအပြင် အမျိုးအစား ၂ ဆီးချိုရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ အင်ဆူလင်မတိုးခြင်း ပြဿနာတွေ ဖြစ်စေတယ်။ အစာအိမ်၊ အူလမ်းကြောင်း၊ နှလုံးရောဂါတွေ ဖြစ်စေပြီး နီကိုတင်းအဆိပ်သင့်တဲ့ အခြေအနေထိပါ ရောက်နိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းမှာ ရှိနေတဲ့ ရောဂါတွေကိုပါ ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။
ဒါ့အပြင် Vape ကို အားပြန်သွင်းလို့ ရတဲ့ ဓါတ်ခဲ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါ မီးလောင်ပြီး ပေါက်ကွဲစေနိုင်တယ်။ ဆေးလိပ်နဲ့ ယှဉ်လိုက်ရင် ဘေးကင်းတယ်လို့ လူတွေက ယုံကြည်ကြတဲ့အတွက် မကြာခဏသောက်တဲ့အခါမှာ နီကိုတင်းဓါတ်တွေ ကိုယ်ခန္ဓါထဲ စုပုံလာပြီး အဆိပ်အတောက်ဖြစ်စေတယ်။ ကြာလာတဲ့အခါ ကင်ဆာရောဂါတွေပါဖြစ်လာနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကိုလည်း ပြောင်းလဲမှုတွေ ဖြစ်စေတယ်။ စိတ်ဓါတ်ကျတာ၊ ဒေါသဖြစ်လွယ်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ မေ့လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပုံမှန်ဆေးလိပ်၊ အရက်သောက်သုံးသူတွေမှာလိုပဲ ခံတွင်းနံ့ နံတာ၊ သွားနဲ့ ခံတွင်းရောဂါ၊ သွားကြိတ်တာ၊ ကိုယ်ခံအားကျဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
Vape နဲ့ ပတ်သက်ပြီး ဘာတွေ သတိထားဖို့ လိုမလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။