backup og meta

Rh - အနှုတ်သွေးပိုင်ရှင်မေမေတို့ ကိုယ်ဝန်ဆောင်တဲ့အခါ ဘာတွေ သတိထားရမလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Rh - အနှုတ်သွေးပိုင်ရှင်မေမေတို့ ကိုယ်ဝန်ဆောင်တဲ့အခါ ဘာတွေ သတိထားရမလဲ ။ ။

    အပေါင်းသွေး အနှုတ်သွေးတွေရဲ့ ကိုယ်ဝန် အပေါ်သက်ရောက်မှု ။ ။

    သွေး အမျိုးအစား ၄ မျိုးဖြစ်တဲ့ Aသွေး၊ B သွေး၊ AB သွေး၊ O သွေး တို့ကိုအားလုံးသိကြမှာပါ။ ကိုယ်က ဘာသွေးအမျိုးအစားပိုင်ရှင်လဲဆိုတာ သိချင်လို့ သွားစစ်တဲ့ အခါကျရင် A တွေ B တွေ ချည်းနဲ့ပဲ အဖြေပြန်ထွက်ထာတာ မဟုတ်ပါဘူး။ A+ Aဆိုပြီး အပေါင်းတွေ အနှုတ်နဲ့ အတူ အဖြေပြန်ထွက်လာတာပါ။ အဲဒီမှာပါနေတဲ့ + နဲ့ – က ဘာကိုပြောတာလဲ ။ ။

    ဒီ အပေါင်းသွေး အနှုတ်သွေးတွေကို Rh + နဲ့ Rh – လို့ ခေါ်ကြပါတယ်။ ဒီ နှစ်ခုထဲမှာ Rh + သွေးက ပေါပြီးတော့ Rh – သွေးက တော့ ရှားပါးတဲ့ အရာတစ်ခုပါ။ အပေါင်း နဲ့ အနှုတ် ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတည်းက သူတို့နှစ်ခုရောသွားလို့ မရဘူးဆိုတာ အားလုံး သိကြမယ်လို့ထင်ပါတယ်။ သာမန်အချိန်တွေ ဆိုရင်တော့ ဒီ အပေါင်းသွေအနှုတ်သွေးတွေက သင့်ကျန်းမာရေးကို ဘာမှ မထိခိုက်ပေးမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးသွင်းတဲ့ အချိန်ဆိုရင်တော့ ဒီ အပေါင်းသွေး အနှုတ်သွေးကွဲနေတာက သေချာဂရုစိုက်သင့်ပြီးလုံးဝကို အမှားမခံတဲ့ အရာတစ်ခုပါ။ ။

    ဒီလို အပေါင်းသွေး အနှုတ်သွေးတွေက ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုရှိတာလဲ။ ။

    Rh – ပိုင်ရှင် အမျိုးသမီးနဲ့ Rh + ပိုင်ရှင် အမျိုးသားတို့ အိမ်ထောင်ကျကြတယ်ဆိုပါစို့။ ကိုယ်ဝန်ရလာတဲ့ အခါ ဗိုက်ထဲက ကလေးက Rh – လား Rh + လားဆိုတာကို သေချာသိဖို့လိုအပ်ပါတယ်။ အမေက Rh – ပိုင်ရှင်ဖြစ်ပြီး ကိုယ့်ဗိုက်ထဲက ရင်သွေးလေးက Rh – ဆိုရင်တော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။

    ပထမ ကိုယ်ဝန်မှာ အမေက Rh – ဖြစ်ရက်နဲ့ ဗိုက်ထဲက ရင်သွေးလေးက Rh + ဖြစ်နေမယ်ဆိုရင် ပထမကလေးအတွက် ဘာပြဿနာမှ မရှိပေမယ့် ဒုတိယအကြိမ်ဆောင်တဲ့ ကိုယ်ဝန်က ရင်သွေးလေးကျရင်တော့ ပြဿနာတွေ စတက်စေတော့မှာပါ။ ဘယ်လိုဖြစ်ရတာလဲ ။ ။ ကိုယ်ဝန်ဆောင်ထားချိန်တုန်းကတော့ ကလေးသွေးနဲ့ အမေသွေး ရောလေ့မရှိပေမယ့် မီးဖွားတဲ့အချိန်မှာတော့ Rh + နဲ့ Rh – တို့ ရောသွားနိုင်ပါတယ်။ ဒီလိုရောသွားပြီဆိုတာနဲ့

    • သွေးချင်းမတူတဲ့အတွက် ကလေးရဲ့ Rh + ကိုတိုက်တဲ့ ( antibody) ပဋ္ဋိပစ္စည်းတွေ Rh -အမေ့ရဲ့ သွေးထဲမှာ စပြီးထွက်လာပါတယ်။
    • ဒါပေမယ့် ဒီ ( antibody) ပဋ္ဋိပစ္စည်းတွေက ပထမဆုံး ရင်သွေးလေးကို ဒုက္ခမပေးပါဘူး။
    • ဒုတိယအကြိမ်ကိုယ်ဝန်က Rh +ရင်သွေးလေးကို ပြဿနာတက်စေမှာ ဖြစ်ပါတယ်။ ဒုတိယ ကလေးရဲ့ Rh + ကိုတိုက်တဲ့ မိခင်ဆီက Rh – ( antibody) ပဋ္ဋိပစ္စည်း တွေက ကလေးရဲ့ ေသွးနီဥ ဆဲလ်တွေကို ဖျက်ဆီးပစ်လို့ မွေးလာတဲ့ကလေးမှာ ဆိုးဆိုးဝါးဝါး သွေးအားနည်းတဲ့ ဝေဒနာကို ခံစားရပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

    ကလေးအသက် မဆုံးရှုံးအောင် ကိုယ်ဝန် ပျက်ကျတာမျိုး မဖြစ်အောင် အနှုတ်သွေးပိုင်ရှင်မေမေတို့ ဘာတွေ သိထားရမလဲ ။ ။

    Mother’s Rh factor Father’s Rh factor Baby’s Rh factor Precautions ( သတိထားရမယ့်အချက်)
    Rh positive Rh positive Rh positive None( မရှိ )
    Rh negative Rh negative Rh negative None( မရှိ )
    Rh positive Rh negative Rh positive ရော Rh negative ရောဖြစ်နိုင်ပါတယ် None( မရှိ )
    Rh negative Rh positive Rh positive ရော Rh negative ရောဖြစ်နိုင်ပါတယ် Rh immune globulin injections ( ဆေးကြိုထိုးသင့်သည်။)

    အပေါ်က ဇယားကွက်ကို ကြည့်လိုက်တာနဲ့တင် အောက်ဆုံး အတန်းဖြစ်တဲ့ အမေက အနှုတ်သွေး အဖေက အပေါင်းသွေး စုံတွဲ ကိုယ်ဝန်ရလာပြီဆိုတာနဲ့ အပေါင်းသွေး အနှုတ်သွေးရောသွားတဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် ပထမကိုယ်ဝန်စရှိပြီဆိုတည်းက Rh immune globulin ဆေးကြိုထိုးထားသင့်ပါတယ်။

  • Rh immune globulin ပထမ အကြိမ်ကို ကိုယ်ဝန် ပထမ ၂၈ ပတ်မှာ စထိုးပြီး
  • ဒုတိယ အကြိမ်ကို မီးဖွားနေစဉ် ၇၂ နာရီ အတွင်းမှာ ထိုးပေးပါတယ်။
  • ဒီ Rh immune globulin လေးဟာ အပေါင်းသွေးကို တိုက်တဲ့ မိခင်ရဲ့ အနှုတ်သွေးထဲက ပဋ္ဋိပစ္စည်းတွေ မထွက်အောင်တားဆီးလိုက်တာကြောင့် ဒုတိယ ရင်သွေးလေးကို ဒုက္ခမပေးနိုင်တော့ပါဘူး။

    တစ်ခုရှိတာက မိခင်ရဲ့ အနှုတ်သွေးထဲမှာ အစတည်းက အပေါင်းသွေးကိုတိုက်တဲ့ ( antibody) ပဋ္ဋိပစ္စည်းတွေရှိနေပြီဆိုရင်တော့ Rh immune globulin ထိုးလို့လည်း အကျိုးမရှိပါဘူး။

    ကဲဒါတွေကတော့ ကိုယ်ဝန်နဲ့ အပေါင်းသွေး အနှုတ်သွေးတွေ ကြားက ရှုပ်ထွေးလှတဲ့ ပြဿနာတွေ ပဲ ဖြစ်ပါတယ်။ ကိုယ်က အနှုတ်သွေး ကိုယ့်အမျိုးသားက အပေါင်းသွေးဆိုရင် ပထမဆုံး ကိုယ်ဝန်စရှိလာပြီဆိုတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့တော့ လိုတယ်နော်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement