backup og meta

အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) ရှိနေရင် ဘာတွေရှောင်ပြီး ဘာတွေစားရမလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) ရှိနေရင် ဘာတွေရှောင်ပြီး ဘာတွေစားရမလဲ။ ။

    အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) အကြောင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတိုင်းဖြစ်ကြတဲ့ ဒူးနြာခင်းမှာ သူက တရားခံပေါ့။ ဒူးတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ အခြား လက်တို့၊ ခါးရိုးတို့ တင်ပဆုံရိုးတို့ကိုလည်း ဒုက္ခပေးနိုင်တဲ့ အဆစ်ရောင်ရောဂါ။

    အရင်တုန်းကအကောင်းကြီးရှိနေတဲ့ အရိုးအဆစ်တွေမှာ osteoarthritis ဘယ်ကနေဘယ်လို ရောက်လာတာလဲ။

    အရိုးဖွဲ့စည်းပုံကို အပြင်ပိုင်းကြည့်လိုက်ရင် အရိုး တွေရယ်၊ လှုပ်ရှားမှုတွေချောမွေ့အောင် လုပ်ပေးမယ့် အရိုးတွေကြားထဲက အရိုးနုလေးတွေနဲ့ ချောဆီတွေရယ်လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ ငယ်ရွယ်နေတုန်းအချိန်မှာ ဒါတွေအားလုံးသူ့နေရာနဲ့သူ ရှိနေပေမယ့် အသက်ကြီးလာချိန်မှာ အရိုးတွေကြားထဲက အရိုးနုလေးတွေ ပါးသွားပြီး လှုပ်ရှားမှုလုပ်တိုင်း အရိုးတွေပွတ်တိုက်ကုန်လို့ အဆစ်နာတဲ့ ဝေဒနာတွေ ခံစားရတာဖြစ်ပါတယ်။

    အရိုးအဆစ်မြစ်ကိုက်တဲ့ ပြဿနာကိုခုပြောပြမယ့် အစားအစာတွေက အရှင်းပျောက်အောင် မကုသပေးနိုင်ပေမယ့် ဝေဒနာပိုဆိုးမလာအောင်နဲ့ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် ကူညီပေးနိုင်မှာပါ။

    ဘာတွေစားပေးရမလဲ။ ဘာ့ကြောင့်လဲ။

    ( ၁ ) အဆီများတဲ့ငါးတွေ

    ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်တို့ တူနာတို့မှာ omega 3 fatty acid ြကွယ်ဝတာကြောင့် ရောင်ရမ်းခြင်းတွေကို သက်သာလျော့ပါးစေမှာဖြစ်ပါတယ်။ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါးနဲ့ တူနာငါးတို့ကို တစ်ပတ်တစ်ခါ စားပေးပါ။ တစ်ချို့ငါးမကြိုက်တဲ့သူတွေကတော့ ငါးကြီးဆီသောက်ပေးလို့ရသလို omega 3 fatty acid ကြွယ်ဝတဲ့ သစ်ကြားသီးတို့၊ နှမ်းကြတ်စေ့တို့ကို စားပေးလို့ရပါတယ်။

    ( ၂ ) ဆီ။

    အဆီများတဲ့ငါးတွေမစားချင်ရင် အခြားနည်းတစ်ခုရှိပါသေးတယ်။ စားသုံးဆီတွေထဲက သံလွင်ဆီ၊ ထောပတ်ဆီ နဲ့ ဆက်ပန်းဆီတို့မှာ ကိုက်ခဲခြင်းကို သက်သာအောင်လုပ်ပေးတဲ့ oleocanthal ဓါတ်တစ်မျိုးပါတဲ့အပြင် သွေးတွင်းက မကောင်းတဲ့ အဆီဓါတ်တွေကိုပါ လျှော့ချပေးမှာဖြစ်ပါတယ်။

    ( ၃ ) နို့နဲ့နို့ထွက်ပစ္စည်းတွေ

    နွားနို့၊ ဒိန်ချဉ်နဲ့ ချိစ်တို့မှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ဓါတ်တို့ ကြွယ်ဝတာကြောင့် အရိုးတွေကို သန်မာစေမယ့်အပြင် ခံစားနေရတဲ့ အဆစ်အမြစ်ကိုက်ဝေဒနာတွေ သက်သာစေဦးမှာပါ။

    ( ၄ ) အစိမ်းရောင် အသီးအရွက်တွေ။ ။

    အစိမ်းရောင် အသီးအရွက်တွေမှာ ဗီတာမင် D ကြွယ်ဝစွာပါတဲ့အပြင် ဖိစီးမှုတွေကို သက်သာစေတဲ့ phytochemicals နဲ့ ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေပါဝင်တာကြောင့် ရောင်ရမ်းခြင်း နာကျင်ခြင်းတွေကို သက်သာစေမှာပါ။

    ( ၅ ) ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဓါတ်က osteoarthritis ဖြစ်စဉ်ကို နှေးစေမယ့်အပြင် ဗီတာမင် K နဲ့ C တို့လည်း အများကြီးပါတာကြောင့် အရိုးတွေကို ကျန်းမာစေဦးမှာပါ။

    ( ၆ ) လက်ဖက်စိမ်း။

    လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ Polyphenols နဲ့ အခြား ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေက ကိုယ်တွင်းရောင်ရမ်းခြင်းကို လျော့ကျစေမယ့်အပြင် အရိုးနုပျက်စီးနှုန်းကိုလည်း လျှော့ချပေးတာကြောင့် osteoarthritis သမားတွေ လက်ဖက်စိမ်းရည် သောက်သင့်ပါတယ်။

    ( ၇ ) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူမှာပါဝင်တဲ့ disulfide ဓါတ်က အရိုးနုတွေရဲ့ ပျက်စီးမှုနှုန်းကို နှေးကွေးစေပါတယ်။

    ( ၈ ) အစေ့အဆံတွေ

    အစေ့အဆံေတွမှာ ပါတဲ့ ပြည့်ဝဆီက ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အပြင် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင်အီးနဲ့ အမျှင်ဓါတ်တို့ ကြွယ်ဝစွာပါတာကြောင့် အရိုးတွေကိုသန်စွမ်းစေပြီး ခုခံအားစနစ်ကိုလည်းကောင်းမွန်စေဦးမှာပါ။

    Osteoarthritis အရိုးအဆစ်ရောင်ပြဿနာဟာ ဆေးလေးသောက်ရင်ပျောက်သွားလိုက်၊ ဆေးဖြတ်လိုက်ရင်၊ မတည့်တာတွေစားမိရင် နောက်နှစ်နည်းနည်းလောက်ကြာလာရင် ပြန်နာလာလိုက် ဖြစ်တတ်တဲ့ရောဂါတစ်ခုပါ။ ဒါ့ကြောင့် ဖြစ်တဲ့ အကြိမ်အရေအတွက်တွေ မစိတ်အောင်လို့ ခုပြောပြမယ့် အစားအစာ ( ၃ ) ခုကို ရှောင်ဖို့လိုပါတယ် ။

    • သကြားအချိုဓါတ် – ကိုက်ခဲခြင်းနဲ့ ရောင်ရမ်းခြင်းကို လှုံ့ဆော်ပေးတဲ့ cytokines တွေပိုထွက်အောင် သကြားဓါတ်ကအားပေးတာကြောင့် osteoarthritis သမားတွေ အချိုများတဲ့ အစားအစာတွေ ကို ရှောင်ပေးပါ။
    • ပြည့်ဝဆီ – ပီဇာတို့ အနီရောင်အသားတို့မှာပါတဲ့ ပြည့်ဝဆီတွေက ရောင်ရမ်းခြင်းကို အားပေးတာကြောင့် အဆစ်အမြစ်ကိုက်တဲ့ osteoarthritis သမားတို့ ရှောင်စားသင့်တဲ့အထဲမှာ ပါတယ်နော်။
    • ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ် – ပေါင်မုန့်ဖြူ၊ ဆန်လုံးဖြူနဲ့ အာလူးကြော်တို့မှာပါတဲ့ advanced glycation end (AGE) ဓါတ်တိုးပစ္စည်းတွေ ထုတ်ပေးတာကြောင့် ရောင်ရမ်းခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် osteoarthritis သမားများ ရှောင်ပြီးစားရမယ့် အရာတွေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement