အိပ်ရာထဲမှာ ဖုန်းသုံးတာက အိပ်ရေး ပျက်ရုံတင် ပျက်စေတာ မဟုတ်ဘဲ ဗိုက်ကိုလည်း အဆီ တက်စေနိုင် ပါသေးတယ်။ အိပ်ရာထဲမှာ ဖုန်းအပါအဝင် လျှပ်စစ် ပစ္စည်းတွေ ထားတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်အလေးချိန် တက်စေနိုင်သလို ဗိုက် အဆီ ဖြစ်ပေါ်မှုကိုလည်း အားပေးရာ ရောက်ပါတယ်။
အိပ်ခန်းထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း စတာတွေ မထားပါနဲ့။ အိပ်ရာထဲမှာ ဖုန်းသုံးတာကို ရှောင်ပါ။
ညအိပ်ချိန်ကလည်း ဗိုက်အဆီ တက်စေဖို့ အားပေးနေပါတယ်။ ညဘက်မှာ အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့ လိုပါမယ်။ ဒါမှ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ရရှိမှာ ဖြစ်သလို ဗိုက် အဆီတက်တာကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။