backup og meta

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

    ဒီတစ်ခေါက်တော့ Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ ဆိုတာလေး ပြောပေးချင်ပါတယ်။

    ရောဂါပိုး အများဆုံး နေရာတွေက ဆေးရုံ၊ ဆေးခန်းတွေလို့ ယူဆထားကြတာ များပါတယ်။ နေထိုင်မကောင်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆေးရုံကို မလိုအပ်ဘဲ မသွားကြဖို့ ပြောကြတယ်။ အကြောင်းကတော့ ရောဂါပိုးတွေ များလွန်းလို့ပါ ဆိုတဲ့ အချက်ပါ။ ဒီနေရာတွေတင် ရောဂါပိုး များတာလား ဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင် ဆိုပြီး နေ့တိုင်း သွားနေမိတဲ့ Gymမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒါကြောင့် Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ လို့ အကြံပေးချင်ပါတယ်။

    Gymက ရောဂါပိုးများတယ်။ ရောဂါကူးမှာစိုးလို့ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓာကိုယ်လေး ဝလာမှာ စိုးလို့ပါ။ Gym က ရောဂါပိုး များတာ မှန်ပေမယ့် ကာကွယ်လို့ ရပါတယ်။

    Gym ကနေ ဘာတွေ ကူးစက်နိုင်လဲ

    ချွေးထွက်များတဲ့ နေရာမှာ ချွေးကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစား လုပ်နေတဲ့ Gym က ရောဂါပိုးတွေကို လက်ခံထားတဲ့ နေရာကြီးပေါ့။ အထူးသဖြင့် ကတော့ အရေပြား ပြဿနာတွေ ကူးစက်ခံရနိုင် တာပါ။

  • ပွေး
  • ညှင်း
  • ယားနာ
  • ကြွက်နို့
  • ခြေသည်းမှိုစွဲတာ
  • အနာစက်
  • အသည်းရောင် အသားဝါရောဂါ
  • တီဘီ
  • အအေးမိ
  • တုပ်ကွေး စတဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။
  • Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

    Gymက ပိုးတွေ များလို့ ကြောက်လိုက်တာ။ Gym မသွားရဲတော့ဘူး လို့ တွေးနေတယ် ဆိုရင်တော့ ဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်ဖို့ ပြောပါရစေ။ Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်လို့ ရပါတယ်။

    • Gym မဆော့ခင်မှာ လက်ဆေးပါ
    • လိုအပ်ရင် လက်အိတ် ဝတ်ပါ။
    • ဖိနပ်ကို ကိုယ်ပိုင် ထားပါ။ Gym က ဖိနပ်တွေ မစီးပါနဲ့။
    • တဘက်ကို သီးသန့် ထားပါ။
    • ကိုယ်ပိုင် ရေဗူး ယူသွားပါ။
    • Gym ဆော့ပြီး ချိန်မှာ လက်ဆေးပါ။
    • ထိခိုက်ဒဏ်ရာတွေ ရှိရင် ပလာစတာ ကပ်ပါ။
    • အသားချင်း မထိမိစေဖို့ ဂရုစိုက်ပါ။
    • အိပ်စက်ချိန် ပြည့်ဝ နေပါစေ။
    • အာဟာရ ပြည့်ဝအောင် စားပါ။
    • တစ်ပတ်လုံး Gym မဆော့ပါနဲ့။
    • အဝတ်အစား အသုံးအဆောင်တွေကို ပုံမှန် သန့်ရှင်းရေး လုပ်ပါ။
    • ဖိနပ်တွေကို စိုထိုင်းမှု ကင်းနေစေဖို့ ဂရုစိုက်ပါ။
    • ဖိနပ် မစီးဘဲ Gym ကြမ်းပြင်ပေါ်မှာ လမ်းမလျှောက်ပါနဲ့။
    • အိမ်ရောက်မှ ရေချိုးပါ။
    • အရေပြားမှာ တစ်ခုခု လက္ခဏာ တွေ့တဲ့အခါ ချက်ချင်း ကုသမှု ခံယူဖို့လုပ်ပါ။

    ဒီအချက်လေးတွေကို ဂရုစိုက်လို့ Gym ကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပြီး ခန္ဓာကိုယ်လေး ကျစ်လျစ်လှပအောင် လုပ်ဆောင်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement