backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Gallbladder Cancer (သည်းခြေကင်ဆာ)


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gallbladder Cancer (သည်းခြေကင်ဆာ) ကဘာလဲ။

သည်းခြေတစ်ရှူးတွေမှာ ကင်ဆာဆဲလ်များဖြစ်ခြင်းရောဂါဖြစ်ပါတယ်။ သည်းခြေဆိုတာက ဗီုက်အထက်ပိုင်း အသည်းရဲ့အောက်ခြေလေးမှာ ကပ်ပြိးတည်ရှိနေတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။ သည်းခြေက အဆီတွေူကိုချေဖျက်ဖို့ အသည်းကနေထုတ်တဲ့သည်းခြေရည်ကိုသိုလှောင်ပါတယ်။ အစာအိမ်နဲပအူအတွင်း အစာတွေကိုချေဖျက်ရာမျာ သည်းခြေရည်တွေက အသည်းနဲ့သည်းခြေကနေ အူသိမ်ပထမပိုင်းကို ဆက်ပေးတဲ့ သည်းခြေရည်ပို့ပြွန်ကနေတစ်ဆင့် သည်းခြေထဲကထွက်လာပါတယ်။

သည်းခြေကင်ဆာကို အစောပိုင်းအဆင့်မှာတည်းက သတိထားမိရင် ပျေက်ကင်ေးဆာင်ကုသနိုင်ချေ များပါတယ်။ ဒါပေမဲ့ ရောဂါရဲ့ရှေ့အလားအလာကညံ့ဖျင်းတာကြောင့် သည်ေးခြကင်ဆာအများစုကို နောက်ကျမှသိရတတ်ပါတယ်။

Gallbladder Cancer (သည်းခြေကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Gallbladder Cancer (သည်းခြေကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သည်းခြေကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဗိုက်အောင့်ခြင်း အထူးသဖြင့် ဗီုက်ညာဘက်အထက်ပိုင်း
  • လေပွခြင်း
  • ယားခြင်း
  • ဖျားခြင်း
  • အစားစားလိုစိတ်မရှိခြင်း
  • ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
  • မူးဝေခြင်း
  • အသားမျက်လုံးဝါခြင်း

သည်းခြေကင်ဆာက စောစောရောဂါအမည်တပ်နိုင်ဖို့ ခက်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိစောစောကုခြင်းက သည်းခြေကင်ဆာကိုပိုမဆိုေးအေင်နဲ့ အရေးပေါ်အခြေအနေဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Gallbladder Cancer (သည်းခြေကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အခုချိန်ထိ အကြောင်းရင်းကို မသေချာသေးပါဘူး။ ဆရာဝန်တွေက အသည်းခြေဆဲလ်တွေရဲ့ ဒီအန်အေတွေထွန်းသွားတဲ့အခါမှာ ကင်ဆာအဖြစ်ကိုပြောင်းသွားတယ်လို့ သိကြပါတယ်။ ဒီထွန်းခြင်းကနေ အခြားဆဲလ်တွေသာမန်အတိုင်း သေဆုံးသွားချိန်မှာ ဆဲလ်တွေကိုဆက်လက်ကြီးထွားသွားစေနိုငိပါတယ်။ စုပုံလာတဲ့ဆဲလ်တွေကနေ သည်းခြေမှာအကျိတ်ဖြစ်လာပြီး ခန္ဒါကိုယ်ရဲ့အခြားနေရာကို ပျံ့သွားပါတယ်။

သည်းခြေကင်ဆာအများစုက သည်းခြေအတွင်းမျက်နှာပြင်ကို ကာထားတဲံဂလင်းဆဲလ်တွေကနေ စပါတယ်။ ဒိအမျိုးအစားကို ဂလင်းကင်ဆာလို့ခေါ်ပါတယ်။ အနုကြည့်မှန်ပြောင်းအောက်မှာ ကြည့်တဲ့အခါ ကင်ဆာဆဲလ်တွေဖြစ်သွားခြင်းကို ရည်ညွှန်းပါတယ်။

ဖြစ်နိုင်ခြေများ

Gallbladder Cancer (သည်းခြေကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကို မြင့်စေသည့်အရာတွေကတော့

  • လိင်- အမျိုးသမီးတွေမှာ ပိုဖြစ်များပါတယ်။
  • အသက်- အသက်ကြီးလေ ဖြစ်ုနငိချေများလေဖြစ်ပါတယ်။
  • ကိုယ်အလေးချိန် –ဝတဲ့လူတွေမှာ သည်းခြေကင်ဆာဖြစ်နိုင်ချေ များပါတယ်။
  • သည်းခြေကျောက်တည်ဖူးခြင်း- သည်းခြေကင်ဆာက သည်းခြေကျောက်တည်ဖူးသူတွေမှာ ဖြစ်ုနိင်ချေများပါတယ်။
  • အခြားသည်းခြေရောဂါများနဲ့အခြေအနေများ- သည်းခြေကင်ဆြာဖ်စ်နိုင်ချေများစေတဲ့ အခြားသည်းခြေအခြေအနေတွေက သည်းခြေမာခြင်း၊ သည်းခြေရည်ပို့ပြွန်ကျယ်ခြင်း၊ နဲ့ နာတာရှည်သည်းခြေကူးစက်ပိုးဝင်ခြင်း ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gallbladder Cancer (သည်းခြေကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သည်းခြေကင်ဆာကို အတည်ပြုဖို့အတွက် လုပ်ဆောင်စစ်ဆေးတာတွေကတော့

သွေးစစ်ခြင်း- အသည်းလုပ်ဆောင်မှုကိုတွက်ဆဖို့ သွေးစစ်ခြင်းက သင့်ရဲ့လက္ခဏာတွေဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

သည်းခြေပုံရိပ်ဖမ်းခြင်း- မှန်းဆပုံဖော်ခြင်းနည်းလမ်းက သည်းခြေပုံရိပ်ကိုရနိုင်ပါယတ။ အယ်ထရာဆောင်း၊ စီတီနဲ့ အမ်အာအိုင်ရိုက်ခြင်းတို့ ဖြစ်ပါတယ်။

သည်းခြေကင်ဆာအဆင့်များ

အဆင့်၁- သည်းခြေကင်ဆာက သည်းခြေရဲ့အတွင်းလွှာတွေမှာပဲ ရှိနေပါသေးတယ်။

အဆင့်၂- အပြင်အလွှာအထိ ဝင်ရောက်နေပြီးဖြစ်ပြီး သည်းခြေအပြင်ကိုကျော်သွားနိုင်ပါတယ်။

အဆင့်၃- အသည်း၊ အူသိမ်၊ အစာအိမ်ကဲ့သိုပသော အနားတစ်ဝိုက်အစိတ်အပိုင်းတွေဆီကို ပျံ့သွားခြင်းဖြစ်ပတယ်။ အနားတစ်ဝိုက်ပြန်ရည်ကျိတ်တွေဆီလည်း ပျ့သွားနိုငပါတယ်။

အဆင့်၄- နောက်ဆုံးအဆင့်မှာတော့ အနားတစ်ဝိုက်အင်္ဂါတော်တော်များများကို အကျိတ်လုံးကြီးများပျံ့နေပြိး ခန္ဓါကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကို အရွယ်အစားမရွေးပျံ့သွားနိုင်ပါတယ်။

Gallbladder Cancer (သည်းခြေကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

သင့်တစ်ကိုယ်လုံးကျန်းမာရေးအခြေအနေ၊ ဥိးစားပေးအခြေအနေနဲ့ ကင်ဆာအဆင့်ပေါ်မှာ မူတည်ပြီး ကုသမှုကိုစဉ်းစားရပါတယ်။ ကုသမှုရည်ရွယ်ချက်က သည်းခြေကင်ဆာကိုဖယ်ထုတ်ဖို့ဖြစ်ပေမဲ့ မဖြစ်နိုင်တဲ့အခါမျိုးမှာ အခြားကုထုံးတွေက ရောဂါဆက်ပျံ့ခြင်းကိုထိန်းဖို့နဲ့ သင့်ကိုသက်သာရာရစေဖို့ ကူညီပေးပါလိမ့်မယ်။ ကုသမှုတွေက

  • သည်းခြေကိုဖယ်ထုတ်ဖို့ ခွဲစိတ်ကုသခြင်း – သည်းခြေမှာပဲရှိနေသေးတဲ့ကင်ဆာအစောပိုင်းဆင့်ကို သည်းခြေဖယ်ထူတ်ခြင်းနည်းနဲ့ ကုသပါတယ်။
  • သည်းခြေနဲ့ အသည်းတစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ထူတ်ခြင်း- အသည်းကိုပါပျ့သွားပြီဆိုရင် သည်းခြေအပြင် အသည်းတစ်စိတ်တစ်ပိုင်းနဲ့ သည်းခြေနားမှာရှိတဲ့သည်းခြေရည်ပို့ပြွန်တွေကိုပါ ဖယ်ရှားရပါတယ်။

ခွဲစိတ်ကုသခြင်းက အခြားအဂါၤတွေကို ကင်ဆာပျ့နှံ့ခြင်းကို မကုသနိုင်ပါဘူး။ ကင်ဆာလက္ခဏာတွေသက်သာဖို့နဲ့ သက်သက်သာသာနေနိုင်အောင်သာ လုပ်ပေးနိုင်ပါယ်။ အောက်ပါကုသမှု၃မျိုးပါဝင်ပါတယ်။

  • ဓါတုကုထုံး- ကင်ဆာဆဲလ်တွေကိုသတ်ဖို့ ဓါတုပစ္စည်းတွေကိုအသုံးပြုတဲ့ ဆေးပေးကုသနည်းဖြစ်ပါတယ်။
  • ရောင်ခြည်ကုထုံး- အိတ်ရေးကဲ့သို့အပြင်းစားရောင်ခြည်များ အသုံးပြုပြီး ကင်ဆာဆဲလ်တွေကိုသတ်ခြင်းဖြစ်ပါတယ်။
  • စမ်းသပ်ကုသခြငး- သည်းခြေကင်ဆာကိုကုသဖို့ စမ်းသပ်ဆဲဆေးများနဲ့ ဆေးသစ်များသအသုံးပြုခြင်း ဖြစ်ပါတယ်။ စမ်းသပ်ခံဖို့သင့်တော်မတော် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သည်းခြေကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစားတွေ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီတွေစားခြင်းက သည်းခြေကင်ဆာကိုကာကွယ်ပေးနိုင်ပါယ်။ သန့်စင်ထားတဲ့ကောက်နှံတွေ ( သကြားပါတဲ့ကောက်နှံ၊ စပါးဖြူ၊ ပေါင်မုန့်၊ ပါစတာ) နဲ့သကြားက သည်းခြေကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ ဆန်လုံးညို၊ နဲ့ပေါင်မုန့်၊ ငါးကရတဲ့အဆီ၊ သံလွင်ဆီတွေကိုတော့ စားသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement