backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကဘာလဲ။

ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည်အရေပြားရောဂါတမျိုးဖြစ်ပြီး ဆံပင်ရှိ အမွှေးအိတ်များရောင်ခြင်းကြောင့်ဖြစ်သည်။ အမျှင်ရှိသောနေရာ ဥပမာ မုတ်ဆိတ်မွှေး လက်မောင်း ကျော တင်ပါး ခြေထောက်အားလုံးတွင်ဖြစ်တတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အစတွင် အနီရောင်ဝက်ခြံပုံဖြင့်ပြတတ်သည်။ နောက်ပိုင်းတွင် ပိုဆိုးလာပြီးတစ်ကိုယ်လုံးပျံသွားတတ်သည်။

ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အန္ဓါရယ်မရှိတတ်သော်လည်း ယားခြင်းနေထိုင်မကေ ာင်းခြင်းမျိုးဖြစ်စေသည်။ ပြင်းထန်သောကိစ္စများတွင် ဆံပင်များကျွတ်ပြီး အမာရွတ်ထင်တတ်သည်။

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ကလေးများ အရွယ်ရောက်သူများတွင်ဖြစ်တတ်ပြီး အသက် နှစ်နှစ်အောက်တွင်မဖြစ်တတ်ပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အနီဖု သို့မဟုတ် ဝက်ခြံသည် ဆံပင်အလယ်တွင်ပေါလာမည်။ ထိုအဖုပေါက်ပြီး သွေးသို့မဟုတ် ပြည်ကျန်ခဲ့လိမ့်မည်။
  • နီယောင်သောအရေပြားဖြစ်ခြင်း
  • ယားခြင်းသို့မဟုတ် ပူခြင်း
  • နာခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မပြင်းထန်သောကိစ္စများတွင် နှစ်ပါတ်အချိန်အတွင်း သူ့အလိုလိုကောင်းသွားနိုင်သည်။ အိမ်တွင်ဖြစ်သောအရေပြားပေါ်တွင် အနွေးဓါတ်ပေးခြင်း ဆေးဖြင့်ပြုလုပ်ထားသော ခေါင်းလျော်ရည်သုံးခြင်းတို့လုပ်နိုင်သည်။

ဖြစ်သောနေရာတွင် ရဲခြင်း ယောင်ခြင်းပူနေခြင်း သို့မဟုတ် ပိုနာလာခြင်း သို့မဟုတ် နှစ်ပါတ်အတွင်း တစ်ကိုယ်လုံးပျံသွားခြင်းတို့ဖြစ်တတ်သည်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် ဆံပင်ရှိအိတ် သို့မဟုတ် အခြားအရေပြားမှ ရောဂါပိုးများစွာကြောင့်ဖြစ်နိုင်သည်။ အများအားဖြင့်ဖြစ်စေသောအကြောင်းမှာ

အခြားအရေပြားဆိုင်ရာပြသာနာများဥပမာ

  • အရေပြားယောင်ခြင်းနှင့် ဝက်ခြံ
  • ဗိုင်းရပ်စ် မှို ဆံပင်ယောင်ခြင်း
  • မတော်မဆသို့မဟုတ် ခွဲစိတ်မှုမှ ထိခိုက်မိခြင်း
  • ဆံပင်အဆီအိတ်ပျက်ဆီးခြင်း။ အမွှေးရိတ်ခြင်း အဝတ်ဖြင့်ပွတ်ခြင်းတို့မှဖြစ်နိုင်သည်။

ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းအဓိကဖြစ်စေသောအကြောင်းမှာ အဆီအဆီအိတ်သို့ အရေပြားပေါ်တွင်ရှိလေ့ရှိသည် စတက်ဖလိုကောကပ်အောရိယပ် ဘက်တီးရီးယားဝင်ခြင်းကြောင့်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အရေပြားပြသာနာများ ဥပမာ ဝက်ခြံသို့မဟုတ် အရေပြာယောင်ခြင်း
  • ထိခိုက်မှုသို့မဟုတ်ခွဲစိတ်ခြင်းကြောင့်အရေပြားပျက်ဆီးခြင်း
  • အချို့ဆေးဝါးများဥပမာ စတီးရွိုက်ခရင် သို့မဟုတ် ဝက်ခြံအတွက် ပိုးသတ်ဆေးကြာမြင့်စွာသောက်နေခြင်း
  • အဝလွန်ခြင်း
  • အပူမထုတ်ချွေးမထုတ်နိုင်သော အဝတ်ကိုဝတ်ခြင်း
  • အမွှေးရိတ်ခြင်း
  • သင့်အားရောဂါပိုးပိုဝင်စေသောအခြားရောဂါများဥပမာ ဆီးချို နှာတာရှည်သွေးကင်ဆာ သို့မဟုတ် အေအိုင်ဒီအက်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင့်အရေပြားကိုစမ်းသက်ပြီး းသင့်ကျန်းမာရေးနှင့်ဆိုင်သောမေးခွန်းများ သို့မဟုတ် သင်ကုသမှုခံယူနေမှုများကိုမေးလိမ့်မည်။ ထိုပြည်ဖုမှ အရည်နမူနာကိုယူပြီး ဖြစ်စေသောအကောင်ကိုရှာလိမ့်မည်။ ဓါတ်ခွဲခန်းစမ်းသက်မှုဖြင့် မည်သည့် ဘက်တီးရီးယား သို့မဟုတ် မှိုကြောင့်ဖြစ်သည်ကိုသိနိုင်သည်။

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရောဂါအခြေအနေပြင်းထန်မှုအပေါ်မူတည်၍ ကုသမှုပြောင်းလဲနိုင်သည်။

ဆေးကုသမှု။ ဆရာဝန်မှ ခရင်မ် သို့မဟုတ် ဆေး အားရောဂါကုရန်ပေးလိမ့်မည်။ ယောင်ယမ်းခြင်းကို အချို့သောဆေး သို့မဟုတ် အရေပြားခရင်မ်များဖြင့်သက်သာစေနိုင်သည်။

အလင်းပြကုထုံး။အလင်းပြ၍ကုသချက်ဟုလည်းခေါ်သည်။

ခွဲစိတ်မှုအသေးစား။အကယ်၍ ထိုအဖုသည် ကြီးပါက ဆရာဝန်မှ ခွဲစိတ်မှုအသေးစားလုပ်ပြီး ပြည်ကိုထုတ်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လျင်မြန်စွာသက်သာစေနိုင်သည်။

လေဆာဖြင့်အမွေးဖယ်ခြင်း။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း

ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း

ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ခန္ဓါကိုယ်ကိုသန့်စင်အောင်ထားပါ။ ဆပ်ပြာအပျော့စားသုံးပါ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင်။

ကိုယ်ပိုင်သုံးပစ္စည်း ဥပမာ တာဝါတို့ကို ဝေမျှသုံးခြင်းရှောင်ပါ။

ဆိုင်တိုင်းဝယ်နိုင်သော ပဋ္ဋိဇီဝပိုးသတ်ဆေးသုံးပါ။

အဖုအားမကုတ်ပါနှင့်။

အမွှေးရိတ်ခြင်းတတ်နိုင်သမျှရှောင်ပါ။

အဆီပြန်စေသော ထုတ်ကုန်များမသုံးပါနှင့်။ အဆီသည် ဘက်တီးရီးများပွားစေပြီး ပိုဖြစ်စေနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement