backup og meta

ဒီလက္ခဏာတွေက ကင်ဆာ ကြောင့် ဖြစ်နိုင်ပါတယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီလက္ခဏာတွေက ကင်ဆာ ကြောင့် ဖြစ်နိုင်ပါတယ်နော်

    ကင်ဆာ ရောဂါဆိုတာ ထူးခြားတဲ့ လက္ခဏာတွေ ရှိနေတဲ့ ရောဂါမဟုတ်ပါဘူး။ အများစုက လက္ခဏာ မပြတတ်ကြတဲ့အတွက် စောစောစီးစီး သိဖို့ ခဲယဉ်းပါတယ်။ လက္ခဏာပြခဲ့ရင်တောင် ဟိုရောဂါလား၊ ဒီရောဂါလားဆိုပြီး လွဲမှားနိုင်ပါသေးတယ်။ ကင်ဆာဟာ ဒီလောက်ထိကို မျက်လှည့်ဆန်တဲ့ ရောဂါပါ။ ဒါပေမယ့် အောက်ကလက္ခဏာတွေ ရှိနေရင်တော့ မပေါ့ပါနဲ့။ ဒါဟာ လေ့လာချက်တွေအရ ကင်ဆာရောဂါမှာ အတွေ့ရအများဆုံး လက္ခဏာတွေ မို့လို့ပါပဲ။

    အတွေ့ရများတဲ့ ကင်ဆာ လက္ခဏာများ

    • အသက်ရှူမဝခြင်း။

    ချက်ချင်းဆိုသလို အသက်ရှူမဝနေတာက ပုံမှန်မဟုတ်ပါဘူး။ ဒီတစ်ခုတည်းနဲ့တော့ ကင်ဆာဖြစ်နေပြီလို့ ပြောလို့မရပါဘူး။ ဒါက သင့်ကျန်းမာရေး အခြေအနေဆိုးလာကြောင်း အချက်ပြနေတာပါ။ တကယ်လို့ သင်ဟာမကြာခဏဆိုသလို အသက်ရှူမဝဖြစ်နေရင် ဆရာဝန်နဲ့ ပြသပါ။

    • ရင်ပူခြင်း၊ အစာမကြေခြင်း

    အဆီပါတဲ့အစာတွေ၊ စပ်တဲ့အစာတွေ အများကြီးစားမိတဲ့အခါ သက်သောင့်သက်သာမဖြစ်ဘဲ ရင်ပူတာက ပုံမှန်ဆိုပေမယ့် တကယ်လို့မကြာခဏ ဒီလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

  • မိန်းမကိုယ်အကြောင်းမဲ့သွေးဆင်းခြင်း
  • ရာသီလာချိန်ကြားမှာ သွေးဆင်းတာက ကိုယ်ဝန်တားဆေးတွေကြောင့်ဆိုရင် ပုံမှန်ဖြစ်ပေမယ့် လိင်ဆက်ဆံပြီးပြီးချင်း သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာတွေက ဆရာဝန်နဲ့သေချာပြသင့်ပါတယ်။

    • အသံဝင်ခြင်း၊ အသံပြောင်းခြင်း

    အသံဝင်တာတွေ၊ အသံပြောင်းတာတွေက အအေးမိရင် အဖြစ်များပါတယ်။ တကယ်လို့ ဒါတွေက အပတ်ပေါင်းများစွာ မပျောက်ဘဲ ဆက်ဖြစ်နေရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

    ကျန်းမာရေးအခြေအနေတွေအမျိုးမျိုးက အစားအစာမျိုရခက်စေပေမယ့် သင့်မှာ ဒီလိုမျိုရခက်တာက ရက်သတ္တပတ်ကြာတဲ့ထိ မပျောက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

    • မကြာခဏလေပွခြင်း

    အမျိုးသမီးတွေမှာ လေပွတာကဖြစ်ပြီးရင် ပျောက်သွားတာပုံမှန်ပါဘဲ။ တကယ်လို့ ဒါကဖြစ်နေတာ ရက်သတ္တပတ်ကြာနေပြီဆိုရင်တော့ဆရာဝန်ဆီသွားပါ။

    အရေပြားဟာ ထိခိုက်မှုတွေဖြစ်ရင် တစ်ပတ်လောက်နဲ့ ပြန်ကျက်ပါတယ်။ တကယ်လို့ အနာက အပတ်များစွာထိ မကျက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

    • ညဘက်ချွေးထွက်လွန်ခြင်း

    ညဘက်ချွေးထွက်လွန်တာက ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်သလို တချို့ဆေးတွေရဲ့ ဓာတ်ပြုမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက သွေးဆုံးချိန်တဝိုက်မှာလည်း ညဘက်ချွေးထွက်များကြပါတယ်။ ဒါပေမယ့် ညဘက်ချွေးအလွန်အကျွံထွက်ခြင်းက ကင်ဆာ ရဲ့လက္ခဏာလည်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီသွားသင့်ပါတယ်။

  • ပါးစပ်နဲ့ခံတွင်း ပြည်တည်နာတွေ မကျက်ခြင်း
  • သင့်ပါးစပ်မှာ အပူဖုတွေ၊ ပြည်တည်နာတွေဖြစ်တာက ပုံမှန်ပါ။ ပါးစပ်ရဲ့ မျက်နှာပြင်သားက၂ပတ်တစ်ခါလောက် သူ့အလိုလိုအသစ်ဖြစ်ပါတယ်။ ဒါကြောင့် အပူဖုတွေ၊ ပြည်တည်နာတွေက ဒီအချိန်လောက်ဆို ကျက်သင့်ပါပြီ။ တကယ်လို့ ၃ပတ်မြောက်တဲ့ထိ အနာမကျက်ဘူးဆိုရင်တော့ သင့်ဆရာဝန် သို့မဟုတ် သွားနဲ့ခံတွင်းဆရာဝန်ဆီသွားပါ။

    ရင်သားရဲ့ အရွယ်အစား၊ ပုံပန်းသွင်ပြင်၊ ခံစားမှု၊ အရေပြားအရောင်ပြောင်းမှု၊ နီရမ်းမှု၊ ရင်သားထဲနာကျင်မှု၊ နို့သီးခေါင်းပြောင်းလဲမှု၊ နို့တိုက်နေချိန်/ကိုယ်ဝန်ဆောင်နေချိန်မဟုတ်ဘဲ နို့သီးခေါင်းမှအရည်ထွက်ခြင်း စတာတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။

    • မကြာခဏဝမ်းသွားခြင်း

    တကယ်လို့ သင်က ဝမ်းသွားတာများနေတယ်ဆိုရင် သင့်အူမကြီးက အစာအိမ်ပိုးမွှားတွေ၊ အစာအဆိပ်သင့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒါက ၄ပတ်ကနေ ၆ပတ်ထိကြာသွားပြီဆိုရင်တော့ ဆရာဝန်နဲ့စကားပြောကြည့်တာ အကောင်းဆုံးပါ။

    ဆီးထဲမှာ သွေးပါတိုင်း သင့်ဆရာဝန်ကို ပြောသင့်ပါတယ်။ ပုံမှန်အားဖြင့် ဒါက ကင်ဆာ ကြောင့်ဖြစ်တာမဟုတ်ပေမယ့် ကင်ဆာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ပြကြည့်တာအကောင်းဆုံးပါ။

    • ဝမ်းထဲသွေးပါခြင်း။

    ဝမ်းထဲမှာ သွေးပါရတဲ့ အဓိကအကြောင်းကတော့ လိပ်ခေါင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကင်ဆာ လက္ခဏာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ကိုပြပါ။

    သင်ချောင်းဆိုးလို့ သွေးပါနေရင်တော့ ချက်ချင်းဆရာဝန်ကို သွားပြသင့်ပါတယ်။ ဒါက ရိုးရှင်းနိုင်ပေမယ့် စစ်ဆေးကြည့်တာ မရှုံးပါဘူး။

    နာကျင်ခြင်းက တစ်ခုခုမှားနေကြောင်း ပြောချင်တဲ့ သဘောပါ။ ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ နာကျင်ကိုက်ခဲခြင်းတွေကို ပိုခံစားတတ်ရပါတယ်။ တကယ်လို့ ဘာမှန်းမသိတဲ့ နာကျင်မှုတွေ၊ နာကျင်မှု ပိုဆိုးလာခြင်းတွေ၊ ၄ပတ်ထက်ကြာအောင် နာကျင်ခြင်းဖြစ်နေတာတွေရှိရင်တော့ ဆရာဝန်ဆီသွားပါ။

    • ဆီးသွားရ ခက်ခဲခြင်း

    ဒီထဲမှာက ဆီးပုံမှန်သွားဖို့ခက်ခဲခြင်း၊ ဆီးသွားချင်တဲ့အချိန် သွားမရခြင်း၊ နာကျင်ခြင်းတို့ ပါဝင်ပါတယ်။ ဒါတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ များစွာရှိပေမယ့် ဆရာဝန်ဆီသွားပြဖို့တော့ လိုပါလိမ့်မယ်။

    • မူမမှန်တဲ့ အကျိတ်ဖြစ်ခြင်း၊ ရောင်ရမ်းခြင်း

    သင့်ကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဆက်တိုက်ဖြစ်လာတဲ့ အကျိတ်တွေ၊ ရောင်ရမ်းခြင်းတွေ ဖြစ်လာရင်တော့ သင်လုံးဝ သတိထားရပါတော့မယ်။ အထူးသဖြင့် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ၊ ရင်ဘတ်၊ ရင်သားနဲ့ ဝှေးစေ့တို့မှာဖြစ်ပါတယ်။ ဖြစ်လာတဲ့အခါ ဆရာဝန်ကို ချက်ချင်းသွားပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement