backup og meta

ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်

    ရှေးဟောင်းပစ္စည်းမှ ပစ္စည်းဟောင်း မဟုတ်ပါဘူး။ ဘေထုပ်၊ တစ်ပတ်နွမ်း၊ အဟောင်းနဲ့ အသုံးပြုပြီးပစ္စည်းတွေဟာလည်း အဟောင်းပါပဲ။ တဆင့်ရယူသုံးစွဲတာ၊ ဝယ်ယူသုံးစွဲတာမျိုးလည်း ရှိတယ်မဟုတ်လား။

    လူအများစုက ဈေးနှုန်းသက်သာလို့၊ အလကားရလို့၊ သဘောကျလို့၊ လူကြီးတွေဆီက လက်ဆောင်ရလို့စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ပစ္စည်းအဟောင်းတွေကို ပြန်အသုံးချကြလေ့ရှိပါတယ်။ အကုန်အကျသက်သာပြီး သုံးရအဆင်ပြေတာကြောင့်လည်းပါတာပေါ့။

    အဟောင်းတွေဟာ သုံးရအဆင်ပြေနိုင်ပေမယ့် ဒီကနေ့ခေတ်လို့ ရောဂါဘယပေါင်း သောင်းခြောက်ထောင် ပေါများနေတဲ့ခေတ်မှာ သတိထားသုံးစွဲဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် တချို့သော ပစ္စည်းအဟောင်းလေးတွေကို ပြန်လည်အသုံးပြုတော့မယ်ဆိုရင် သတိထားသင့်တာလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။

    ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်

    ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက် တွေကတော့

    • ကလေးပစ္စည်း

    ကလေးနဲ့သက်ဆိုင်တဲ့ ပရိဘောဂတွေ၊ တခြားအသုံးအဆောင်တွေကို ပြန်လည်အသုံးချမယ်၊ ဝယ်ယူသုံးစွဲမယ်၊ တဆင့်ခံအသုံးပြုမယ်ဆိုရင် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပျက်စီးမှုတွေ၊ အပြစ်အနာအဆာတွေတင် စစ်ဆေးရမှာမဟုတ်ပါဘူး။ သန့်ရှင်းမှုရှိမရှိလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။

    • ကလေး မော်တော်ကားထိုင်ခုံ

    မော်တော်ယာဉ်ထိုင်ခုံတွေဟာ ရောဂါပိုးမွှားတွေ တွယ်ငြိနေနိုင်တဲ့ နေရာတစ်ခုပါ။ ဒါကြောင့် လဲမယ်၊ ဝယ်တပ်မယ်ဆိုရင် အသစ်ကိုသာ ဝယ်ယူဖို့သင့်ပါတယ်။ နောက်ပြီး ၆ နှစ်နဲ့အထက် အသုံးပြုထားတဲ့ ထိုင်ခုံတွေဟာ အပူဒဏ်နဲ့ အအေးဒဏ်ကို ခံနိုင်စွမ်း လျော့နည်းနေပြီဖြစ်တာမို့ အန္တရာယ်များတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

    အဝတ်အထည်၊ ပစ္စည်းစသဖြင့် ဘယ်လိုအရာတွေကို ဝယ်ဝယ် ဆေးလိပ်နံ့ရမရ စစ်ဆေးပါ။ ဆေးလိပ်နံ့ဟာ အချိန်အတန်ကြာ စွဲကပ်နေတတ်တာကြောင့် Third hand Smoke အနေနဲ့ မိမိတို့ကိုပါ ထိခိုက်နိုင်တာကြောင့်ပါ။

    • ကလေးပုခက်စင်

    တချို့က ကလေးပုခက်လိုအရာမျိုးတွေကို လက်ဆင့်ကမ်းသုံးတတ်ကြပါတယ်။ ပြန်သုံးမယ်ဆိုရင် ခိုင်ခံ့မှု ရှိမရှိကို သေချာစစ်ဆေးဖို့ လိုပါတယ်။

    • ကလေးလက်တွန်းလှည်း

    ကလေးလက်တွန်းလှည်းတွေကို လက်ဆင့်ကမ်းသုံးလို့ရပါတယ်။ ဒါပေမယ့် သေချာစစ်ဆေးဖို့တော့ လိုတာပေါ့။ အထူးသဖြင့် ကြံ့ခိုင်မှုကောင်းမွန်သေးရဲ့လား သေချာစစ်ဆေးဖို့ လိုမှာပါ။

    ခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ အလှကုန်တွေကို ခွဲပြီးရောင်းတာမျိုး၊ မသုံးဖြစ်တော့တဲ့ လက်ကျန်တွေကို ပြန်ရောင်းတာမျိုးတွေ ခေတ်စားလာပါတယ်။ တကယ်တော့ ဒီနည်းလမ်းဟာ ရောဂါပိုးဖြန့်ဝေတဲ့ နည်းလမ်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ထိရှလွယ်တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ သေချာပေါက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဈေးသက်သာတာကို မကြည့်ဘဲနဲ့ ကိုယ့်အသားအရေနဲ့ သင့်တော်မတော်ကို စဉ်းစားသင့်ပါတယ်။

    • အဝတ်အစားအဟောင်း

    အဝတ်အစားဟောင်းတွေနဲ့ လိုင်နင်စတွေဆိုရင်တော့ သေချာလျှော်ဖွတ် အခြောက်ခံပြီးမှ အသုံးပြုသင့်ပါတယ်။ မလျှော်ခင်မှာ ရေနွေးနဲ့ မိနစ် ၃၀ လောက် စိမ်ထားပေးဖို့လိုအပ်ပါတယ်။

    • ဟဲလ်မတ်ဦးထုပ်

    မော်တော်ဆိုင်ကယ်နဲ့ စက်ဘီး ဟဲလ်မတ်ဦးထုပ်တွေဟာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ပေါက်ပွားရှင်သန်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်လည်း ဟဲလ်မတ်တွေကို သန့်ရှင်းတာမျိုး အားနည်းတတ်ကြတာမို့ အဟောင်းတွေကို အသုံးပြုတဲ့အခါမှာ သေချာသန့်စင်ပြီးမှ သုံးတာကောင်းပါတယ်။

    • မီးအိမ်ဟောင်း

    မီးအိမ်နဲ့ မီးသီးဟောင်းတွေဟာ မီးလောင်လွယ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဒါကြောင့် ပြန်သုံးမယ်ဆိုရင် သေချာစစ်ဆေးပါ။ အထူးသဖြင့် ဝါယာကြိုးနဲ့ ငုတ်တွေကိုပါ။

  • ရေကူးဝတ်စုံ၊ အတွင်းခံ
  • ရေကူးဝတ်စုံနဲ့ အတွင်းခံတွေကို မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေအကြားမှာ မျှဝေသုံးတာမျိုး၊ လက်ဆင့်ကမ်းတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလို ဝတ်စုံတွေကို မျှဝေသုံးတာဟာ ကျန်းမာရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် အတွင်းခံတွေကနေတဆင့် အရေပြားသက်ဆိုင်တဲ့ ရောဂါအများအပြားကူးစက်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ အသစ်ပဲ သုံးပါ။ ပြန်သုံးမယ်ဆိုရင်လည်း သေချာလျှော်ဖွပ်အခြောက်လှမ်းဖို့ လိုပါတယ်။

    • မော်တော်ကား တာယာ

    မော်တော်ကား တာယာကို ပြန်သုံးမယ်ဆိုရင် သူနဲ့ နောက်ကြောင်းကို သေချာသိမှ ဖြစ်မှာပါ။ ကားအက်စီးဒင့် ဖြစ်ထားဖူးလား။ ဘယ်လောက်ကြာကြာ သုံးထားပြီးပြီလဲ စသဖြင့်ပေါ့။ ကားတာယာအများစုကတော့ အသုံးများသည်ဖြစ်စေ၊ မများသည်ဖြစ်စေ ၆နှစ်အထက်ဆိုရင် ပြန်မသုံးသင့်တော့ပါဘူး။

    • ဆံပင်အခြောက်ခံစက်

    Hair Dryers အဟောင်းတွေကို အသုံးပြုမယ်ဆိုရင် ပလပ်တွေကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ပလပ်တွေ အရည်အသွေးကျဆင်းနေရင် ဓာတ်လိုက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement