သဘာဝအတိုင်း သွေးကျဲစေမယ့် အစားအသောက်များ ။ ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

It is important to know that the body’s immune system works first to stop the bleeding when it has caused some injury to the body. This clot a section if there are any problems at the loss of a bleeding problem is a serious disease. So, you can see how important it is to clot.

However, some of these blood clots still have health problems. If everything is too little, then everything is too bad. in particular

  • မွေးရာပါနှလုံးရောဂြါ့ဖစ်နေတဲ့သူတွေ၊
  • နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါခံစားနေရတဲ့သူတွေ နဲ့
  • နှလုံးအဆို့ရှင်ခွဲစိတ်ကုသမှု ခံယူထားတဲ့သူတွေဟာ သွေးခဲခြင်းပြဿနာဖြစ်နိုင်ချေ အရှိဆုံးသူတွေဖြစ်ပြီး နော်ကဆက်တွဲ လေဖြတ်တဲ့ပြဿနာနဲ့ နှလုံးသွေးကြောပိတ်တဲ့ပြဿနာတွေ ဆိုးဝါးစွာ ဆက်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဝေဒနာခံစားနေရတဲ့သူတွေကို ဆရာဝန်တွေက ေသွးကျဲဆေးတွေပေးတာမျိုး သွေးကျဲစေတဲ့အစားအသောက်ေ တွ များများစားခိုင်းတာမျိုး အကြံပေးလေ့ရှိပါတယ်။ သွေးကျဲဆေးတွေ အကြောင်းပြောထားတဲ့ ဆောင်းပါးတွေကလည်းများနေပြီမို့ ဒီနေ့ဆောင်းပါးထဲမှာတော့ သွေးကျဲစေမယ့် အ စားအသောက်တွေ ( ၅ ) မျိုး အကြောင်းပြောပြပေးချင်ပါတယ်။

( ၁ ) ဆနွင်းမှုန့်( နနွင်းမှုန့်)

စားစရာတွေကို အရောင်အဆင်း အနံ့အရသာပြည့်စုံအောင်လုပ်ပေးတဲ့ ဒီ ဆနွင်းမှုန့်ကို ဆေးဘက်ဝင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထား ဟိုးအရင်တုန်းတည်းကပါ။ ဒီ ဆနွင်းမှုန့် သွေးခြဲခင်းကိုလျော့ပါးစေတဲ့ curcumin ဓါတ်တစ်မျိုးပါတဲ့ကြောင် သွေးပျစ်နေတဲ့သူတွေ ဆနွင်းမှုန့်ကို များများ မှီဝဲပေးဖို့လိုအပ်ပါတယ်။

( ၂ ) ဂျင်

ဂျင်းကလည်း နာမည်ကြီး အိမ်တွင်းဆေးဝါး တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးနေတဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးပါ။ ဒီ အဘက်ဘက်ကအသုံးဝင်လှတဲ့ ဂျင်းဟာ သွေးပျစ် နေတဲ့သူတွေ အားထားလို့ရတဲ့ သဘာဝ သွေးကျဲပစ္စည်းတစ်ခုပါ။ ဒါဟာ ဂျင်းမှာပါဝင်နေတဲ့ salicylate ပစ္စည်းလေးကြောင့်ပါ။ ဒီ Acetylsalicylic acid ကနေ ဆင်းသက်လာတဲ့ salicylate ပစ္စည်းလေးဟာ aspirin လိုပဲ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနေတဲ့ အစွမ်းထက်ပစ္စည်းလေးတစ်ခုပါ။ ဒီတော့ သွေးပျစ်နေတဲ့သူတွေ ၊ သွေးခဲမှာကြောက်နေရတဲ့သူတွေ salicylate ကြွယ်ဝတဲ့အစားအစာတွေ များများသာစားပေတော့။

Salicylate ဓါတ်ကြွယ်ဝတဲ့အခြား စားစရာတွေကတော့

( ၃ ) သစ်ကြံ့ပိုးခေါက်

သစ်ကြံ့ပိုးခေါက်မှာပါတဲ့ cassia ဒြပ်ပေါင်းပစ္စည်းလေးက သွေးကျဲစေတဲ့အာနိသင် အပြည့်ရှိတဲ့ ပစ္စည်းလေးပါ။ ဒ့ါအပြင် သစ်ကြံ့ပိုးခေါက်မှုန့်က သွေးပေ့ါင်ကျစေတဲ့အာနိသင်၊ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင် နဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အစွမ်းလည်းရှိတာကြောင့် သွေးတိုးလည်းထိန်းရ သွေးကျဲအောင်လည်း လုပ်ရမယ့် သူတွေအတွက် အားကိုးရာ သဘာဝဆေးနည်းလေးပါနော်။

( ၄ ) Cayenne peppers ငရုတ်တောင့်နီ

ငရုတ်တောင့်နီလေးတွေက သွေးကျဲစေတဲ့ အာနိသင်ရှိတယ်ဆိုတာ သင်သိပါသလား။ ဒါဟာ သူ့ဆီမှာ salicylates တွေ အများကြီးပါဝင်နေတာကြောင့်ပါ။ နောက်ပြီး စပ်တဲ့အာနိသင်ရှိတဲ့ ဒီ ငရုတ်တောင့်လေးဟာ သွေးပေါင်ကိုလည်း ကျစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

( ၅ ) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် အထောက်အကူပြု ပစ္စည်းအဖြစ်လူတိုင်းက လက်ခံထားကြပါတယ်။ အစာအိမ်ကို ကျန်းမာစေဖို့၊ ရောင်ရမ်းခြင်းကို လျော့ကျစေဖို့ ကြက်သွန်ဖြူကို အားထားကြသလို ကြက်သွန်ဖြူဟာ သွေးကျဲ စေတဲ့ အာနိသင်ကြွယ်ဝတဲ့ ဆေးဘက်ဝင်မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

ဒါတွေကတော့ သဘာဝအတိုင်း သွေးကျဲစေမယ့် သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ အိမ်တွင်းဆေးဝါးလေးတွေဖြစ်ပါတယ်။ ဒါပေမယ့် သွေးကျဲဆေးမသောက်ဘဲ ဒီအစားတွေချည်းစားဖို့ကိုတော့အရမ်းမတိုက်တွန်းချင်ပါတယ်။ သွေးကျဲ စေတဲ့အာနိသင်ရဖို့ ဘယ်လော်ကစားရမယ်၊ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာတွေကရှိသေးတယ်မလား ။ ဒီတော့ သွေးကျဲဆေးလေးလည်းသောက် သွေးကျဲစေတဲ့ ခုပြောထားတဲ့ အစားအစာေတွေလည်းစားပေးပြီး သွေးခဲခြင်းကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်လိုက်ကြရအောင် ။ ။

Hello Health Group provides medical advice, advice and advice. There is no diagnosis and treatment.

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 16, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 28, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။