backup og meta

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့ သူကချွေးထွက်တာအရင်။ ပြီးတော့ လက်မြှောက်လိုက်ရင် အင်္ကျီမှာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အင်္ကျီလေး ကွက်နေရော။ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့ နံလို့ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

( ၁ ) မုန့်ဖုတ်ဆော်ဒါ ။ ။

အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာ မရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။

ပြုလုပ်နည်း – မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီး သံပရာသီးတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီ အရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချပါ။ ချိုင်းမှာ ပေါက်ပြဲရာတွေ၊ ထိခိုက်ရှနာတွေ ရှိနေရင်တော့ အသုံးမပြုသင့်ပါဘူး။

( ၂ ) ပန်းသီးရှာလကာရည် ။ ။

ဒီ အက်ဆစ်ဓာတ်ရှိတဲ့ ပန်းသီးရှာလကာရည်ဟာ အရေပြားရဲ့  pH ကို အပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။

ပြုလုပ်နည်း – ပန်းသီးရှာလကာရည်ကို ရေများများနဲ့ ရောလိုက်ပါ။ ဒါမှ အက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည် အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှာ ချိုင်းအောက်မှာ သုတ်လိမ်းထားပါ။ ပြီးမှ ရေချိုးပါ။

( ၃ ) သံပရာသီး ။

သံပရာသီးရဲ့ အချဉ်အက်ဆစ်ဓာတ်က ဘက်တီးရီးယားပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင် သံပရာသီးရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားမည်းနေတာလည်း သက်သာစေဦးမှာပါ။

ပြုလုပ်နည်း – လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။ ချိုင်းမှာ ပေါက်ပြဲရာတွေ၊ ထိခိုက်ရှနာတွေ ရှိနေရင်တော့ အသုံးမပြုသင့်ပါဘူး။  အသားခြောက်တတ်တာကြောင့် တစ်ပတ်ကို ၂ကြိမ်လောက်ပဲ သုံးပါ။

( ၄ ) ချိုင်းမွေးတွေကို ဖယ်ရှားပေးပါ ။

ချိုင်းမွေးတွေ အများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေ ပိုခိုအောင်းလို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။

(၅) တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။

နေ့စဉ်ပုံမှန်ရေချိုးပါ။ ပွပွချောင်ချောင်နဲ့ ချွေးစုပ်တဲ့ အဝတ်ကို ဝတ်ပါ။ အပြင်သွားတိုင်း Roll on လိမ်းပါ။ ဒါဆိုရင်လည်း ချိုင်းချွေးနံ့ နံတာကို သက်သာစေမှာပါ။

သတိထားရမှာက ဒီနည်းတွေကို သုံးကြည့်လို့ အရေပြားမှာ ဓာတ်မတည့်တဲ့ ဝေဒနာခံစားရရင် ဆက်မသုံးဘဲ ရေနဲ့ ချက်ချင်းဆေးလိုက်ဖို့ပါပဲ။

ကဲ ဒီလို အကုန်အကျလည်း သက်သာ အာနိသင်လည်း စွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာ အသေအချာပါ ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.naturalfoodseries.com/15-home-remedies-body-odor/

Accessed Date 10.4.2019

https://www.sweatblock.com/blog/get-rid-of-sweat-stains/

Accessed Date 10.4.2019

 

ယခုပုံစံ

09/02/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချိုင်းသားလေးတွေ ဘာကြောင့် မည်း၊ တရားခံ ဘယ်သူလဲ

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement