backup og meta

ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း ပေါင်းသောင်းခြောက်ထောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း ပေါင်းသောင်းခြောက်ထောင်

    ဗိုက်နာတယ်၊ ဗိုက်အောင့်တယ် ဆိုတာ လူတိုင်းဖြစ်ဖူးနေတဲ့ အရာတစ်ခုပါ။ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်းက လေအောင့်တာကို ပဲ အရင်ပြေးမြင်ကြပြီး အစာအိမ်အောင့်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ သင့်ကို ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တွေ အများကြီးရှိပါတယ်။ သူတို့က ဘာတွေလဲဆိုတာ ကြည့်ကြရအောင်။

    ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တွေက ဘာတွေလဲ

    ဗိုက်ထဲမှာ အစာအိမ်နဲ့ အူတင် မဟုတ်ဘဲ တခြား ကလီစာတွေလည်းရှိတာကြောင့် ဗိုက်နာတာကိုဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ခုပြောပြပေးမှာကတော့ သူတို့ကဘာတွေလဲ။ ဘယ်လို လက္ခဏာတွေ ရှိတတ်လဲ ဆိုတာပါ။

    • အစာအိမ်အောင့်တာ

    အစာမကြေ လေအောင့်တယ်ဆိုတာ အဖြစ်အများဆုံး ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဗိုက်ဆာလာရင် ဗိုက်ထဲ ဟာတာတာဖြစ်ပြီး နာလာတာ၊ စားပြီးရင်လည်း အစာမကြေဘဲ ဗိုက်ထဲလေပွပြီးအောင့်နေတတ်တာမျိုးပါ။

    အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာကြောင့် ရင်ပူပြီး ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါသေးတယ်။

    စားလိုက်တဲ့ အစားအသောက်တွေ မသန့်ရှင်းလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတိုင်း ဗိုက်ရစ်နာတာကို ခံစားဖူးကြမှာပါ။

  • အူရောင်တာ
  • ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ နံရံတွေ ရောင်ပြီး ဗိုက်အောင့်တတ်ပါတယ်။ အူရောင် နေတဲ့အချိန်ဆို ဗိုက်ကြီးကလည်း အမြဲ တင်းနေတတ်ပါတယ်။

    အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါဟာ ဗိုက်အောင့်တတ်စေတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုပါ။ IBS ရောဂါနဲ့ မတည့်တဲ့၊ လေထစေတဲ့ ပဲတို့၊ နို့တို့ စားမိရင် ပိုဖြစ်တတ်ပါတယ်။

    • အူအတက်ရောင်တာ

    အူအတက်ရောင်တယ်ဆိုတာ လူတွေကို တော်တော်များများကို ဒုက္ခပေးနေတဲ့ ဗိုက်အောင့်တဲ့ပြဿနာတစ်ခုပါ။ အူအတက်ရောင်တဲ့ လက္ခဏာတွေမှာဆို ဗိုက်အောင့်မယ်၊ ပျို့အန်မယ်၊ ကိုယ်ပူမယ် စတဲ့ သုံးမျိုးပါရပါမယ်။

    • အူပုပ်တာ

    အကြောင်းကြောင်းကြောင့် အူဆီကို သွားတဲ့ သွေးတွေ ကောင်းကောင်း မရောက်နိုင်တော့တဲ့အခါ အူတွေပုပ်ပြီး ဗိုက်အောင့်တဲ့ ဝေဒနာအပြင် ဗိုက်တစ်ပြင်လုံး တောင့်နေတာကို ခံစားရမှာပါ။

    • အစာမကြေတာ

    အစာမကြေတာကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်းမှာ လေထိုးလေအောင့်တာအပြင် အီလည်လည် ခံစားမှုကိုပါခံစားရမှာပါ။

    ရာသီလာချိန်မှာ ကိုက်ခဲတဲ့ ဝေဒနာကို မိန်းကလေးတိုင်း ခံစားဖူးတတ်ကြမှာပါ။ ဒါကလည်း ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါပဲ။

    • သည်းခြေမှာ ကျောက်တည်တာ

     သည်းခြေမှာ ဖြစ်တတ်တဲ့ ကျောက်လေးတွေကြောင့် သင်အစာမကြေ ရင်ပြည့်သလို ခံစားရမယ့်အပြင် ဗိုက်အောင့်တာကိုပါ ခံစားရမှာပါ။

    ဗိုက်ရဲ့ ညာဘက်အခြမ်းမှာ အောင့်တဲ့ ဝေဒနာကိုခံစားရပြီး မျက်လုံးတို့ အသားတို့လည်း အဝါရောင် ပြောင်းလာမယ်ဆိုရင် သင် အသည်းရောင်တာ ဖြစ်ဖို့များပါတယ်။

    ဆီးကျောက်တည်ရင် ဆီးသွားတဲ့အချိန်မှပဲ နာကျင်တဲ့ ဝေဒနာကို ခံစားရတာ မဟုတ်ပါဘူး။ ကျောက်ကပ်ရှိတဲ့ ခါးနောက်နား နှစ်ဘက်လုံး ဒါမှမဟုတ် တစ်ဘက်ချင်းစီကနေ အောင့်တတ်ပါတယ်။

    • မုန့်ချိုအိတ်ရောင်တာ

    ဆီးချိုရောဂါ မဖြစ်အောင်လို့ ထိန်းပေးနေတဲ့ အင်ဆူလင်ထုတ်တဲ့နေရာ မုန့်ချိုအိတ် ရောင်ရင်လည်း ဗိုက်အောင့်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။

    • သားဥအိမ်မှာတည်နေတဲ့ အရည်အိတ်ကွဲသွားတာ

    မိန်းကလေးအများစုမှာဖြစ်တတ်ကြတဲ့ သားဥအိမ်အရည်အိတ်က အရမ်းကြီးသွားတဲ့အခါ ပေါက်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်ဆို ဗိုက်မခံမရပ်နိုင်အောင် အောင့်မယ့်အပြင် သွေးတွေလည်းယိုတတ်လို့ ရေဓာတ်ခမ်းခြောက်ပြီး ရှော့ခ်ပါရသွားနိုင်ပါတယ်။

    ကင်ဆာရောဂါ ရင့်လာတာနဲ့ အမျှ အကျိတ်က ဟိုဖိ ဒီဖိနဲ့ ဗိုက်နာတတ်ပါတယ်။ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သားဥပြွန်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာတို့ဟာ နာမည်ကြီးကင်ဆာတွေပါ။

    ဒါတွေကတော့ အစာခြေစနစ်နဲ့ ဆိုင်တဲ့ အကြောင်းရင်းတွေပါ။ အစာခြေစနစ်နဲ့ မဆိုင်ဘဲ နှလုံးသွေးကြောကျဉ်းတာ၊ အဆုတ်ရောင်တဲ့ ရောဂါတွေမှာလည်း ဗိုက်အောင့်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။

    ဘယ်လို အချိန်ဆို ဆရာဝန်ဆီသွားပြရမလဲ။ 

    သာမာန် လေထိုး၊ လေအောင့်တာလောက်ကတော့ ဆေးစားဆေးသောက်လိုက်ရင် ပျောက်ပေမယ့် ချက်ချင်း ဆေးကုသမှု ခံယူသင့်တာတွေလည်းရှိပါတယ်။ ကိုယ်ဗိုက်အောင့်တာလည်း ၁ရက်နဲ့ အထက် ဖြစ်နေမယ်၊ နာလိုက်ပျောက်လိုက်နဲ့ ကောင်းကောင်းမသက်သာပဲ ဖြစ်နေမယ်၊ ဗိုက်ကတစ်ချိန်လုံး မခံမရပ်နိုင်အောင် အောင့်နေမယ်၊ ဗိုက်အောင့်တာ အပြင် ဖျားမယ်၊ နာမယ်၊ ပျို့အန်တာတွေရှိမယ်၊ ဝမ်းမည်းမည်းတွေသွားမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင်တော့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement