အခု ပြောပြချင်တာကလည်း ဗူးတွေမှာ ထည့်ထားတဲ့ ရေတွေက နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဗူးကို ထုတ်လုပ်ထားတဲ့ ပလပ်စတစ် မှာပါတဲ့ ဓါတုပစ္စည်းတွေက ထွက်လာပြီး ရေထဲမှာပျော်ဝင်သွားတဲ့အခါ ရေက ကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။ နောက်တစ်ချက်က ရေဗူးတွေကို သိုလှောင်တဲ့အခါ အေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီး ရေဗူးတွေကို သန့်ရှင်းရေးသုံး ပစ္စည်းတွေ၊ ဓါတ်ဆီထည့်ထားတဲ့ ဗူးတွေ၊အိမ်သုတ်ဆေးဗူးတွေ နဲ့ အခြား အနံ့ပြင်းတဲ့ အရာတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုး မလုပ်သင့်ပါဘူး။
သောက်သုံးရေကို ဗူးထဲထည့်ပြီး အခန်းအပူချိန်မှာ ထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီအတွင်းပဲ ထားသင့်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ ရက်အထိ ထားလို့ရပါတယ်။ ရေကို အမြဲတမ်း သန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဗူးကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်လိုက်ပါ။
လေ့လာမှုတွေအရ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ ရေဗူးထဲက ရေကို သောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေ ခံစားရတာရှိပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ရေသန့်ဗူးတွေကို သောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး PH7 ပြည့်ဝတဲ့ ရေကို သောက်သုံးမိစေဖို့အတွက် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲအေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့ နေရာမှာ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။