backup og meta

သောက်သုံးရေ ရဲ့သက်တမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သောက်သုံးရေ ရဲ့သက်တမ်း

    နေ့စဉ် ရှင်သန်လှုပ်ရှားနိုင်ဖို့ ရေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ထမင်း အသက် ၇ ရက် ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုး ရှိတယ်လေ။ ဒီလို နေ့စဉ် ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှု ဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ အရေးကြီးတဲ့ ရေကို အခုနောက်ပိုင်းမှာ ရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7 ရေသန့်စစ်စစ်လို့ ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာ ထည့်ထားတဲ့ သောက်သုံးရေ ရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲ ဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာ ရေသန့်ဗူးတွေထဲက ရေရဲ့ သက်တမ်းကို ပြောပြပေးမယ်နော်။ ကဲ …. သောက်သုံးရေ ရဲ့သက်တမ်း အကြောင်း လေ့လာလိုက်ဦးစို့နော်။

    ရေက လူကြိုက်များတဲ့ သောက်စရာ တစ်ခုပါ။ ရေက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြီး ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပါဘူးငွေကြေးကုန်ကျမှု နည်းတဲ့ သောက်စရာ တစ်မျိုးလည်း ဖြစ်ပါတယ်။ လူတွေက ရေဗူးတွေကို အိမ်မှာ နေ့စဉ် သောက်သုံးဖို့၊ ခရီးသွားတဲ့အခါ ယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူ သောက်သုံးလို့ ရအောင် ယူဆောင်သွားကြတာပါ။

    ရေဗူးဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်တွေက

  • ရေက သန့်ရှင်းမှု ရှိရဲ့လား
  • ထုပ်ပိုးထားတာတွေ ပျက်စီးနေလား
  • ရေဗူးက နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ နေရာမှာ ထားထားတာလား
  • FDA ရဲ့ ခွင့်ပြုချက် ရထားရဲ့လား
  • ကုန်ဆုံးရက်က ဘယ်နေ့လဲ
  • ရေမှာ အရောင် ရှိနေလား ဆိုတာတွေကို သေချာဆန်းစစ်ဖို့ လိုပါမယ်။
  • ရေဗူးထဲက သောက်သုံးရေ ရဲ့ သက်တမ်း

    အမှန်တော့ သောက်သုံးရေ ရဲ့သက်တမ်း မှာ ကုန်ဆုံးတယ် ဆိုတာ မရှိပါဘူး။ ထည့်သွင်းထားတဲ့ ဗူးအနေအထားကြောင့်သာ ရေထဲမှာ ဓါတုဓါတ်ပြုမှုတွေ ဖြစ်နိုင်တာပါ။ FDA ကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီး ထုတ်လုပ်ထားမယ်ဆိုရင် ရေဗူးထဲကရေရဲ့ သက်တမ်းက ၂ နှစ်အထိ ကြာမြင့်မှာပါ။ ရေရဲ့နောက်ထပ်ဂုဏ်သတ္တိတစ်ရပ်က သူကိုယ်တိုင်အဆိပ်အတောက် ဖြစ်စေတာမျိုး မရှိပါဘူး။ ဥပမာ ပြောပြရရင် မြစ်ရေက လူတွေနဲ့ စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်သာ ညစ်ညမ်းတာဖြစ်ပြီး သူ့အလိုလို ညစ်ညမ်းနေတယ်ဆိုတာ မရှိပါဘူး။ ကန်ရေတွေ ညစ်ညမ်းတာကလည်း လူတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့်ပါ။ ဒီလိုပါပဲ သောက်သုံးရေတွေမှာလည်း သက်တမ်း ကုန်ဆုံးသွားတယ်။ ညစ်ညမ်းသွားတယ်ဆိုတာ မရှိပါဘူး။

    အခု ပြောပြချင်တာကလည်း ဗူးတွေမှာ ထည့်ထားတဲ့ ရေတွေက နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဗူးကို ထုတ်လုပ်ထားတဲ့ ပလပ်စတစ် မှာပါတဲ့ ဓါတုပစ္စည်းတွေက ထွက်လာပြီး ရေထဲမှာပျော်ဝင်သွားတဲ့အခါ ရေက ကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။ နောက်တစ်ချက်က ရေဗူးတွေကို သိုလှောင်တဲ့အခါ အေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီး ရေဗူးတွေကို သန့်ရှင်းရေးသုံး ပစ္စည်းတွေ၊ ဓါတ်ဆီထည့်ထားတဲ့ ဗူးတွေ၊အိမ်သုတ်ဆေးဗူးတွေ နဲ့ အခြား အနံ့ပြင်းတဲ့ အရာတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုး မလုပ်သင့်ပါဘူး။

    သောက်သုံးရေကို ဗူးထဲထည့်ပြီး အခန်းအပူချိန်မှာ ထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီအတွင်းပဲ ထားသင့်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ ရက်အထိ ထားလို့ရပါတယ်။ ရေကို အမြဲတမ်း သန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဗူးကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်လိုက်ပါ။

    လေ့လာမှုတွေအရ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ ရေဗူးထဲက ရေကို သောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေ ခံစားရတာရှိပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ရေသန့်ဗူးတွေကို သောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး PH7 ပြည့်ဝတဲ့ ရေကို သောက်သုံးမိစေဖို့အတွက် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲအေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့ နေရာမှာ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement