သုံးနှစ်အောက်ငယ်သော ကလေးများကို အစောင့်မရှိဘဲ ရေချိုးဇလုံ သို့မဟုတ် လေမှုတ်ရေကူးကန် အသေးများတွင် လွတ်မထားရပါ။ လမ်းလျောက်ကာစ အရွယ်များသည် နှစ်လက်မခန့် ရေအတက်တွင်ပင် ရေနစ်နိုင်ပါသည်။ ယင်းအရွယ်များကိုမူ ရေပုံးထဲ ရေထည့်ပြီး ပေးမဆော့ရပါ။ ရေပုံးထဲ ခေါင်းစိုက်ပြီး ရေနစ်နိုင်ပါသည်။
ကလေးအများစု သည် ပြင်ပရေကူးကန်များထက် ခြံတွင်း မတောတဆမှု့ များဖြင့်သာ ရေနစ်သေဆုံးသည့် ဖြစ်ရပ်သာ ပိုများပါသည်။ ထို့ကြောင့် ကလေးများကို အိမ်တွင်း ရေနှင့်နီးသော နေရာများတွင် ကလေးထိန်းမရှိဘဲ မလွတ်ထားရပါ။ ထိုနည်းတူပင် ခြံတံခါး၊ ခြံစည်းရိုးများကို ကလေးများ အလွယ်တကူ မဖွင့်နိုင် မထွက်နိုင်အောင် ဂရုပြုရပါမည်။
ထို့အပြင် ကလေးများကို အသက်ရှစ်နှစ် မတိုင်ခင်ကို ရေကူးသင်ပေးရန် စီစဉ်ပေးသင့်ပါသည်။ (ကလေးများသည် အသက်လေးနှစ် ကျော်လျင်ပင် သင်ပေးနိုင်ပါသည်။) ထိုနည်း တူ ဒိုင်ဗင်မထိုးခင်တွင် ရေအနက်ကို ဂရုပြုရန် လိုအပ်သကဲ့ သို့ ရေအလွန်နက်သော နေရာတွင်လည်း ဒိုင်ဗင် မထိုးမိရန် ဂရုစိုက်ရပါမည်။ ထို့အတူပင် ကလေးများသည် အလေ့အ ကျင့် မရှိပါက ရေမငုပ်နိုင်သည်ကို သတိပြုရန် လိုအပ်ပါ သည်။ ကလေးများ သာမက ကျွမ်းကျင်ရေကူသမား များပင် အဖော်မပါဘဲ တစ်ဦးတည်း ရေမကူးသင့်ဘဲ အဖော်ရှိမှသာ ရေကူးသင့်ပါသည်။
Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။