ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာအော့အန်တာတွေ မဖြစ်စေဖို့ – ခန္ဓါကိုယ်မှာ မအီမသာဖြစ်ေစနိုင်တဲ့ဆေးတွေ၊အော့အန်တာကိုဖြစ်စေတဲ့ဆေးတွေ၊ဆေးအာနိသင်ပြင်းတဲ့ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှသောက်သင့်ပါတယ်။
အစာအိမ်ထဲကလအောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ဖို့ – အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှ သောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေ လျော့သွားစေနိုင်ပါတယ်။ ဆေးမသောက်ခင် သိပ်အများကြီးမဟုတ်ရင်တောင် ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ် ၊ခေါက်ဆွဲပြုတ်လေးနည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။
ရင်ပူတာ ၊စားချဉ့်ပြန်တာတွေ ဖြစ်မလာစေဖို့ -နေထိုင်မကောင်းတဲ့အခါ သောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ စားချဉ့်ပြန်တာတွေကို ဖြစ်စေနိုင်တာကြောင့်ဆေးမသောက်ခင်မှာ အစားတစ်ခုခုစားလိုက်တာက မလိုလားအပ်တဲ့ဝေဒနာတွေဖြစ်မလာအောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
ဆေးအာနိသင်ကို ကောင်းကောင်းရရှိစေနိုင်ဖို့ –အချို့ဆေးတွေ အာနိသင်ပြင်းတာကြောင့် မဖြစ်မနေ အစားတစ်ခုခုစားပြီးမှသောက်သုံးသင့်ပါတယ်။ ဥပမာပြောပြရရင် အကိုက်အခဲပျောက်ဆေးတွေလိုမျိုးပေါ့။ ဒီလိုမျိုး စားပေးလိုက်မှပဲ အစာအိမ်နဲ့အူနံရံတွေက အာဟာရတွေကိုရောဆေးအာနိသင်ကို ပါကောင်းကောင်းစုပ်ယူနိုင်မှာပါ။
ခန္ဓါကိုယ်က စားလိုက်တဲ့ အစားအစာတွေကိုချေဖျက်မှုမှာ အထောက်အကူဖြစ်စေဖို့ – အထူးသဖြင့် ဆီးချိုဆေးတွေကိုတော့ စားသုံးလိုက်တဲ့ အစားအစာမှာပါတဲ့ သကြားဓါတ်တွေ၊ကစီဓါတ်တွေကိုချေဖျက်စုပ်ယူမှုနဲ့ သွေးချိုထိန်းညှိမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ အစားတစ်ခုခုမစားခင်မှာသောက်သုံးကြတာများပါတယ်။ နာတာရှည် မုန့်ချိုအိတ်ရောဂါခံစားနေရသူတွေကတော့ အစားတစ်ခုခု စားပြီးမှ ဆေးသောက်တာကဆေးအာနိသင်ကို ပိုမိုထိရောက်မှုရှိစေတယ်လို့ တွေ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။