ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လွတ်လွတ်လပ်လပ်အချိန်ဖြုန်းနိုင်တယ်။ ပြန်မလာသေးဘူးလားဆိုပြီး ဆူပူမာန်မဲမယ့်သူမရှိဘူး။ ဒီအချိန် ကလေးထိန်းရမှာမို့လို့ပါဆိုပြီး စောစောထပြန်လာစရာမလိုဘူး။
၂။ တစ်ယောက်တည်းသမားတွေက လူမှုရေးပိုကောင်းတယ်။
ကလေးတစ်ဘက်နဲ့မို့၊ ကလေးနေမကောင်းလို့၊ မိန်းမနဲ့ အပြင်သွားရမှာမို့၊ ယောက်ျားအလုပ်ပွဲရှိလို့စသဖြင့် သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ သာရေးနာရေးပွဲတွေကို အများဆုံးပျက်ကွက်တတ်တာ ဘယ်သူတွေလို့ ထင်ပါသလဲ။
တစ်ယောက်တည်းသမားတွေကတော့ ဒီဝန်တွေကင်းတယ်။ ဒီဒုက္ခတွေမရှိတဲ့အတွက် ဆရာကန်တော့ပွဲဆိုလည်း လာနိုင်တယ်၊ သူငယ်ချင်းမွေးနေ့လည်းလာနိုင်တယ်၊ အလှူဆိုလည်း ထိပ်ဆုံးကပဲ။ တစ်ယောက်တည်းသမားတွေ ပိုချစ်ဖို့မကောင်းပေဘူးလား။
၃။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်။
စုံတွဲတွေနဲ့ အိမ်ထောင်သည်တွေကိုမေးကြည့်ပါဦး။ သူများစိတ်နဲ့ လိုက်နေပေးနေရတာ မပင်ပန်းဘူးလားလို့။ တစ်ယောက်တည်းသမားဆိုရင်တော့ လှောင်အိမ်မရှိတဲ့ ငှက်လိုပဲလေ။ ကိုယ့်ဘာသာအရာရာ ဆုံးဖြတ်နိုင်တယ်။ ဘယ်သူ့ကိုမှ တိုက်တွန်းနေစရာမလိုဘူး။ အေးရာအေးကြောင်းပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။