backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အနာတွင်ပိုးဝင်ခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အနာတွင်ပိုးဝင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အနာပိုးဝင်ခြင်း ဆိုတာဘာလဲ။

သင့်ကလေးရဲ့ အရေပြားမှာ ပေါက်ပြဲမှု ဖြစ်သွားရင် ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေ ရှိမရှိကို စောင့်ကြည့်ပါ။ ရှိခဲ့ရင်တော့ ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပါမယ်။ အများအားဖြင့် ဒဏ်ရာရပြီး ၂၄နာရီကနေ ၇၂နာရီအတွင်း အနာပိုးဝင်မှုအများဆုံး ဖြစ်တတ်ပါတယ်။

လက္ခဏာများ

အနာပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အနာပိုးဝင်သွားရင် ရဲလာမယ်၊ ရောင်လာမယ်၊ ထိလိုက်တာနဲ့ နာမယ်၊ ပြည်ထွက်မယ်။ အနာရဲ့အနားသတ်နားမှာပဲ ပန်းရောင်ဖြစ်နေတာ၊ ရောင်နေတာတွေကတော့ ပုံမှန်ပါပဲ။ အထူးသဖြင့် အနာကို ချုပ်ထားပြိးရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နီရဲနေတဲ့နေရာကို တခြားကို မပျံ့နှံ့ဖို့တော့ လိုပါတယ်။ ဒါဆိုရင် စိတ်ပူစရာ မလိုပါဘူး။ နာကျင်မှုကတော့ သာမန်အားဖြင့် ဖြစ်တတ်ပါတယ်။ ဒုတိယနေ့လောက်မှာ အဆိုးဆုံးဖြစ်တတ်ပြီး နောက်ပိုင်းမှာတော့ သက်သာသွားပါမယ်။ ပိုးဝင်သွားမယ်ဆိုရင်တော့ အနာမှာတင်မကတော့ဘဲ ပြန်ရည်ကြောတစ်လျှောက်မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်တတ်ပါတယ်။ သွေးကြောထဲအထိ ပိုးတွေပျံ့နှံ့ကုန်ရင်တော့ အဖျားပါဝင်လာပါမယ်။ အနာကျက်ရင် ပုံမှန်အားဖြင့် ထိခိုက်မိတဲ့နေရာတစ်လျှောက်မှာ ရှိနေတဲ့ ပြန်ရည်ကြောတစ်လျှောက် နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်လဲ

အနည်းအပါး နီရဲတာလောက်ကို ဆား လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ ရေနဲ့ရောပြီး တစ်နေ့ကို ၃ကြိမ်၊ တစ်ကြိမ်ကို ၁၅မိနစ်ခန့် စိမ်ပေး၊ ဖိပေးပါ။ ပြီးရင် ခြောက်သွေ့အောင် ထားပါ။ ချုပ်ပြီးတဲ့အနာကို ဒါမျိုးမလုပ်ဖို့ လိုပါတယ်။ ပိုးဝင်တတ်လို့ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။

• အနာက အလွန်အမင်း နာကျင်ရင်

• အကြောင်းရင်းမရှိဘဲ ဖျားရင်

• အနာနားမှာ နီရဲမှုတွေ ဖြစ်နေရင်

• အနာပိုးဝင်ခြင်းက မျက်နှာမှာ ဖြစ်နေရင်

• သင့်ကလေးက အလွန်ကို ဖျားနာနေရင်

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ၂၄နာရီအတွင်း ဆက်သွယ်သင့်ပါတယ်။

• အနာမှာ ပြည်တွေ့ရင်၊ ပြည်ထွက်လာရင်

• အရေပြားကို ချုပ်ထားတဲ့ ချုပ်ရိုးတစ်လျှောက် အမဲစက်တွေ တွေ့ရင်

• ဒုတိယနေ့ထက် နောက်ရက်တွေမှာ ပိုမိုနာကျင်နေရင်

• သင့်ကလေးကို ဆရာဝန်ပြသင့်တယ်လို့ ထင်ရင်

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ရမလဲ

အနာပိုးဝင်ခြင်းကို ကာကွယ်ဖို့ အနာဖြစ်တာနဲ့ ဆပ်ပြာ၊ ရေတို့နဲ့ ၅မိနစ်ကနေ ၁၀မိနစ်ကြာအောင် သေချာဆေးပါ။ ထိုးသွင်းဒဏ်ရာတွေကို ရေနွေးထဲ ၁၅မိနစ်ခန့် စိမ်ထားပါ။ တတ်နိုင်သမျှ ဖြစ်ဖြစ်ချင်း လုပ်ဖို့ လိုပြီး အချိန်ကြာတာနဲ့အမျှ ပိုးဝင်နိုင်ချေလည်း များပါတယ်။ သန့်ရှင်းရေးလုပ်ပြိးတဲ့အခါ ပိုးသတ်ဆေးတခုခု လိမ်းထားနိုင်ပါတယ်။ သင့်ကလေးကို ပိုးကောင်ကိုက်ခံရတဲ့၊ ခြစ်ခံရတဲ့နေရာတွေကို မကိုင်ဖို့ ပြောပါ။ အနာကို ပါးစပ်နဲ့ မထိတွေ့မိဖို့လည်း သိပ်အရေးကြီးပါတယ်။ ပါးစပ်ထဲက ပိုးတွေက အနာထဲ ဝင်သွားနိုင်လို့ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement