backup og meta

အနာဆိုတာဘာလဲ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာဆိုတာဘာလဲ

    အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့လည်းခေါ်ပါတယ်။ အစာအိမ်၊ အူတွေထဲမှာရှိတဲ့ အက်စစ်တွေကြောင့် အနာဖြစ်ရတယ်ဟုလည်း ယူဆတာမို့ ထိုသို့ခေါ်ရခြင်းဖြစ်တယ်။

    ထိုအနာတွေဟာ အူနံရံနေရာမရွေးမှာဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ –

    · အစာအိမ်အနာ – အစာအိမ်အတွင်းမှာပေါက်သော အနာဖြစ်ပြီး အဖြစ်အများဆုံးဖြစ်တယ်။

    · အူသိမ်ဦးပိုင်းအနာ – အူသိမ်အစပိုင်းမှာဖြစ်တတ်ပါတယ်။

    · အစာမျိုပြွန်အနာ – လည်ချောင်းနဲ့ အစာအိမ်ကိုဆက်ထားသော အစာမျိုပြွန်အတွင်းမှာ ပေါက်တတ်ပါတယ်။

    တစ်ချိန်ထဲမှာ အနာတွေ တစ်မျိုးထက်ပိုပြီးလည်း ပေါက်နိုင်တယ်။ သေချာမကုဘဲထားပါက ပိုဆိုးလာနိုင်တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အနာတွေကကုသရလွယ်ပါတယ်။

    အစာအိမ်အနာဖြစ်စေနိုင်တဲ့ အချက်တွေရှိတယ်။ တကယ်လို့အောက်ပါအချက်တွေရှိမယ်ဆိုရင် အနာဖြစ်နိုင်ချေများပါတယ် –

    · ဆေးလိပ်သောက်ခြင်း

    · စတီးရွိုက် (အကိုက်အခဲပျောက်ဆဲ) မကြာခဏသုံးခြင်း

    · ကယ်လ်စီယမ်များခြင်း

    · မိသားစုတွင်းအစာအိမ်အနာဖြစ်သူရှိခြင်း

    · အသက် ၅၀ ထက်ကျော်ခြင်း

    · အရက်အလွန်သောက်ခြင်း

    လက္ခဏာများ

    အနာနဲ့ပတ်သတ်ပြီး လက္ခဏာအမျိုးမျိုးရှိနိုင်တာကြောင့် ဒီလက္ခဏာတွေရှိတာလည်းဖြစ်နိုင်သလို၊ မရှိတာလည်းဖြစ်နိုင်ပါတယ်။ အနာပိုပြင်းလေလေ၊ လက္ခဏာတွေပိုဆိုးလေလေဖြစ်တယ်။ ကြုံရအများဆုံးလက္ခဏာကတော့ အနာရှိမယ့်နေရာပေါ်မူတည်ကာ ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်ခြင်းဖြစ်တယ်။ အစာအိမ်တွင်းအစာမရှိပါက ပိုဆိုးတတ်ပြီး၊ စားလိုက်ပါက သက်သာသွားတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့-

    · ဝမ်းဗိုက်တွင်းကိုက်ခဲခြင်း

    · နာကျင်မှုကြောင့်မစားလိုခြင်း

    · ပျို့ခြင်း၊ အန်ခြင်း

    · လေပွခြင်း

    · ရင်ပူခြင်း

    · အစာစား သို့ ဆေးသောက်ပါက သက်သာခြင်း

    · အကြောင်းမဲ့ကိုယ်အလေးချိန်ကျဆင်းခြင်း

    ဆိုးတဲ့အခြေအနေတွေမှာ သွေးယိုသည်ထိဖြစ်နိုင်ပါတယ်။ ထိုအခါ ဝမ်းမည်းမည်းသွားခြင်း၊ ကော်ဖီရောင် သွေးရောင်အန်ခြင်းတို့ဖြစ်နိုင်တယ်။ ထိုသို့သွေးယိုခြင်းက ရုတ်တရတ်ထဖြစ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်လည်း ရှိနိုင်ပါတယ်။ အချိန်ကြာအောင်သွေးယိုနေတဲ့အခါ သွေးထွက်များခြင်းဖြစ်လာတတ်တယ်။ တခါတလေ သွေးအားနည်းခြင်းရသောအခါမှ အနာမှသွေးယိုနေကြောင်း သတိထားမိတတ်ကြတယ်။

    အကြောင်းအရင်းများ

    အစာအိမ်တွင်းအက်စစ်တွေကြောင့် အနာတွေဖြစ်ရတယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းခေတ်သစ်ဆေးပညာက အနာတွေဟာ ဘတ်တီးရီးယားတွေနဲ့ အစာအိမ်နဲ့အူမှာရှိတဲ့ အစာခြေရည်မညီမျှခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဆိုလာကြပါတယ်။

    အူနံရံပါးခြင်းကြောင့်လည်း အနာတွေဖြစ်လာရတယ်။ အူနံရံမှာရှိတဲ့ အကျိအချွဲတွေဟာ နံရံကိုအက်စစ်အန္တရာယ်မှကာပေးဖို့ဖြစ်တယ်။ ဒါကြောင့်ထိုအကျိအချွဲတွေမရှိတဲ့အခါ အူနံရံတွေဟာ အက်စစ်တွေကြောင့်ပျက်စီးလာရပါတယ်။

    တခြားအချက်တွေလည်းဖြစ်နိုင်ပါသေးတယ်-

    · Hpylori ဟုခေါ်သော ဘတ်တီးရီးယားပိုးဝင်ခြင်း

    · အကိုက်အခဲပျောက်ဆေးအချိန်ကြာသောက်ခြင်း

    · အစာအိမ်တွင်း အက်စစ်များခြင်း၊ မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း နဲ့ အစားအစာတချို့ကြောင့်ဖြစ်နိုင်တယ်။

    · Zollinger – Ellison ရောဂါ၊ အစာအိမ်ကိုအက်စစ်အများအပြားထုတ်စေတဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်တယ်။

    · ဝမ်းဗိုက်နေရာကို ဓါတ်ရောင်ခြည်ကုသခြင်းဟာလည်း အနာဖြစ်စေနိုင်တယ်။

    ရောဂါရှာဖွေခြင်း၊ ကုသခြင်း

    ရောဂါရှာဖွေဖို့အတွက် ခံစားရတဲ့လက္ခဏာတွေအပါအဝင် သောက်နေတဲ့ဆေးတွေအကြောင်းပါမေးမြန်းပါလိမ့်မယ်။

    H.pylori ရောဂါဟုတ်မဟုတ်စစ်ဖို့ breath test, သွေးစစ်မှု၊ ဝမ်းစစ်မှုတွေလုပ်ရနိုင်တယ်။

    Breath Test မှာဆိုရင် အရည်တစ်မျိုးသောက်ပြီး အိတ်တစ်အိတ်ထဲသို့ အသက်ရှူထုတ်ရတာဖြစ်တယ်။ ရှူထုတ်လိုက်တဲ့ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ဆရာဝန်မှစစ်ဆေးတာဖြစ်တယ်။ H.pylori ရှိနေပါက ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိသည့်တဲ့ပမာဏထက် ပိုများနေပါလိမ့်မယ်။

    တခြားစစ်ဆေးမှုတွေကတော့ –

    · ဘေရီယမ် ဓါတ်မှန် – အရည်ဖြူတစ်မျိုးသောက်ပြီး အစာအိမ်နဲ့အူတို့ကို ဓါတ်မှန်ရိုက်ခြင်းဖြစ်တယ်။

    · မှန်ပြောင်းကြည့်ခြင်း – ပါးလွှာသေးငယ်သောပြွန်လေးကို ပါးစပ်မှတဆင့် အစာအိမ်ထဲထည့်ပြီး အနာကြည့်ခြင်းဖြစ်တယ်။

    · အသားစစစ်ခြင်း – အစာအိမ်တစ်သျူးတစိတ်တပိုင်းကို စစ်ဆေးခြင်းဖြစ်တယ်။

    ကုသမှု

    အစာအိမ်အနာတွေဟာ ဆေးသောက် ဆေးထိုး၊ ခွဲစိတ်ခြင်းနဲ့ အလွယ်တကူကုသနိုင်ပါတယ်။ အများစုကတော့ ဆေးသောက်ဆေးထိုးရုံနဲ့ပျောက်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ ခွဲစိတ်ဖယ်ထုတ်ပစ်ဖို့ လိုတတ်ပါတယ်။ Hpylori ကြောင့်ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့လိုပါလိမ့်မယ်။ သာမန်မှအလယ်အလတ်အနာတွေအတွက် အောက်ပါတို့ကိုမှီဝဲရနိုင်ပါတယ်-

    · H2 blocker, အက်စစ်ပမာဏချသောဆေး – အစာအိမ်တွင်းမှအက်စစ်ပမာဏကိုချပေးပါတယ်။

    · Proton pump inhibitors အက်စစ်ထုတ်သောဆဲလ်များရဲ့ လုပ်ငန်းလုပ်ဆောင်ခြင်းကိုတားဆီးပါတယ်။

    · အလွယ်တကူဝယ်ယူရရှိသော antacid များ

    · Pepto-bismol ကဲ့သို့အစာအိမ်နဲ့ အူနံရံများကို ကာကွယ်ပေးသောဆေးများ

    လက္ခဏာများပျောက်သွားသည့်တိုင်အောင် ဆေးကုန်အောင်သောက်ဖို့မမေ့ပါနဲ့။ အထူးသဖြင့် H.pylori အတွက်အလွန်အရေးကြီးပါတယ်။

    သွေးယိုနေသောအနာများအတွက်တော့ ဆေးရုံတက်နေဖို့လိုကောင်းလိုပါလိမ့်မယ်။ အနာကိုခွဲစိတ်ဖယ်ထုတ်ပြီး သွေးကြောချည်ခြင်း သို့ အက်စစ်အထွက်နည်းအောင် အာရုံကြောဖြတ်ခြင်းတို့ လုပ်ရနိုင်ပါတယ်။

    လိုက်နာသင့်သောအချက်များ

    ကျန်းမာရေးကောင်းဖို့အတွက် ကျန်းမာရေးညီညွတ်သော နေထိုင်မှုပုံစံကအဓိကဖြစ်တယ်။ အရက်သောက်ခြင်းလျှော့ပြီး ဆေးလိပ်ဖြတ်ကာ စိတ်ဖိစီးမှုကိုကောင်းစွာကိုင်တွယ်နိုင်ပါက အနာဖြစ်နိုင်ချေနည်းသွားပါလိမ့်မယ်။ ဘတ်တီးရီးယားရောဂါဝင်ခြင်းကာကွယ်ဖို့ကတော့ လက်ကိုပုံမှန်ဆေးသင့်ပါတယ်။ အစားအစာများကိုလည်း သန့်ရှင်းစွာကိုင်တွယ်ချက်ပြုတ်သင့်ပါတယ်။

    အကိုက်အခဲပျောက်ဆေးများကိုလည်း အကန့်အသတ်နဲ့မှီဝဲပြီး ထိုဆေးများသောက်နေစဉ်မှာ အရက်မသောက်ဖို့လည်းလိုပါလိမ့်မယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement