backup og meta

သုတ်ပို့ပြွန်လိမ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုတ်ပို့ပြွန်လိမ်ခြင်း

    အမျိုးသားတွေမှာအဖြစ်အများဆုံးပြဿနာတွေထဲက တစ်ခုဖြစ်ပြီး ရုတ်တရတ်ပြင်းပြင်းထန်ထန်နာကျင်စေတဲ့ အခြေအနေတစ်ခုဖြစ်တယ်။ သုတ်ပိုးလွှတ်တဲ့ပြွန်လိမ်ခြင်းကြောင့် ကပ်ပယ်အိတ်ဆီသို့ သွေးစီးခြင်းရပ်တန့်သွားတယ်။ အများစုမှာတစ်ဖက်ထဲသာဖြစ်တတ်ပြီး နှစ်ဖက်လုံးလိမ်တာတော့ ရှားပါတယ်။ ဆယ်ကျော်သက်တွေမှာအဖြစ်များတယ်ဆိုပေမယ့် တခါတလေမှာလည်းအသက်ကြီးသူတွေအပြင် မမွေးခင်မှာလည်းဖြစ်တတ်ပါတယ်။

    အကြောင်းအရင်းများ

    မွေးရာပါအကြောင်းမဲ့ဖြစ်နိုင်သလို ပေါင်ခြံထိခိုက်ခြင်းကြောင့်လည်းဖြစ်နိုင်တယ်။ မွေးရာပါ ပါလာသူတွေမှာလည်း အခြေအနေဆိုးလာမှ သတိထားမိတတ်ပါတယ်။ သာမန်အခြေအနေတွေမှာ သုတ်ထုတ်အင်္ဂါဟာ ဘေးပတ်လည်က မာကြောတဲ့တစ်သျူးတွေကြောင့် ကယ်ပယ်အိတ်ထဲမှာ သီးသန့်မလှုပ်၇ှားနိုင်ပါဘူး။

    သုတ်ပို့ပြွန်လိမ်ခြင်းကတော့ ထိုတစ်သျှူးတွေအားနည်းသွားသောကြောင့် ကပ်ပယ်အိတ်ထဲမှာ သုတ်ထုတ်အင်္ဂါလွတ်လွတ်လပ်လပ်ရွေ့သွားတာကြောင့် ဖြစ်တယ်။ ထိုသို့လှုပ်ရှားနိုင်တဲ့အခါ သုတ်ပို့ပြွန်လိမ်နိုင်ချေများတယ်။ ဒါ့အပြင် အားကစားတွင်ထခိုက်ခြင်း၊ ပြင်းထန်သောလှုပ်ရှားမှုများ သို့ အိပ်ပုံမှားခြင်းတို့ကြောင့်လည်း သုတ်ပို့ပြွန်လိမ်သွားနိုင်တယ်။

    လက္ခဏာများ

    တွေ့ရအများဆုံးလက္ခဏာတွေကတော့ ကပ်ပယ်အိတ်ထဲမှာ နာကျင်ခြင်းဖြစ်တယ်။ နာကျင်ရုံအပြင်ကပ်ပယ်အိတ်ရောင်ရမ်းနိုင်ပါတယ်။ နာကျင်မှုဟာ သာမန်ကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ တခြားလက္ခဏာတွေကတော့ –

    • ဗိုက်နာခြင်း
    • ပျို့ခြင်း၊ အန်ခြင်း
    • သုတ်ထုတ်အင်္ဂါနေရာမြင့်နေခြင်း သို့ ပုံစံမမှန်ခြင်း
    • ဆီးသွားရာတွင်နာခြင်း
    • ဖျားခြင်း
    • ကပ်ပယ်အိတ်တွင်အလုံးတွေ့ခြင်း
    • သုတ်ရည်တွင်သွေးပါခြင်း

    ကုသမှု

    သုတ်ပို့ပြွန်လိမ်ပါက ခွဲစိတ်ရန်လိုပါတယ်။ သွေးစီးကြောင်းပြန်ကောင်းစေဖို့အတွက် လျင်မြန်စွာခွဲစိတ်ရမယ်။ သွေးစီးခြင်း ၆ နာရီထက်ပိုရပ်သွားပါက သုတ်ထုတ်အင်္ဂါဆဲလ်နှင့်တစ်သျူးများသေသွားနိုင်ပြီး ဖယ်ပစ်ရန်လိုလာပါလိမ့်မယ်။ ရှားရှားပါးပါးအခြေအနေတွေမှာတော့ ဆရာဝန်ကလက်နဲ့ပဲ ပြန်ဖြေပေးတာမျိုးရှိနိုင်ပါတယ်။

    မွေးကင်းစကလေးတွေမှာ ကုသမှုကပိုပြီးရှုတ်ထွေးပါတယ်။ ကလေးငယ်တွေမှာမေ့ဆေးထုံဆေးများနဲ့ပတ်သတ်ပြီး ဘေးအန္တရာယ်တွေများသောကြောင့်ဖြစ်တယ်။ အရေးပေါ်ခွဲစိတ်မှုအတွက် အတေ့ွအကြုံရင့်တဲ့ အားကိုးယုံကြည်ရလောက်သောဆရာဝန်တွေနဲ့ကုသဖို့ လိုပါတယ်။ ထိုမှသာ ကောင်းနေသောတစ်ဖက်မှာပါ သုတ်ပို့ပြွန်လိမ်မသွားရန်ကာကွယ်ပေးနိုင်မှာဖြစ်တယ်။ ကောင်းမွန်မှန်ကန်သောခွဲစိတ်မှုကသာ ဖြစ်လာနိုင်သောနောက်ဆက်တွဲပြဿနာများနဲ့ မျိုးပွားနိုင်စွမ်းကို ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

    နောက်ဆက်တွဲပြဿနာများကိုကာကွယ်နိုင်ဖို့ ဖြစ်နိုင်သမျှမြန်မြန်ကုသမှုခံယူရန်လိုတယ်။ သွေးစီးဆင်းမှုအချိန်ကြာရပ်သွားပါက သုတ်ထုတ်အင်္ဂါဖယ်ပစ်ရန်လိုလာပါလိမ့်မယ်။ စောစီးစွာကုသပါက တိုးတက်နေသောဆေးပညာနဲ့ လုံးဝအရှင်းပျောက်ကင်းနိုင်ပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement